ကိုပါအမေရိကဖလားပြိုင်ပွဲကို ဘရာဇီးက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်

၂၀၂၁ခုနှစ်ကိုပါအမေရိကဖလားပြိုင်ပွဲကိုပူးတွဲအိမ်ရှင်အဖြစ်ကျင်းပခွင့်ရရှိထားကြတဲ့ကိုလံဘီယာနှင့်အာဂျင်တီးနားတို့ကအကြောင်းကြောင်းကြောင့်အိမ်ရှင်အဖြစ်နုတ်ထွက်သွားမှုနဲ့အတူတောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာအိမ်ရှင်သစ်အားရွေးချယ်လာပြီဖြစ်ပါတယ်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာဘရာဇီးအားကိုပါအမေရိကဖလားပြိုင်ပွဲအိမ်ရှင်သစ်အဖြစ်ရွေးချယ်လိုက်တာဖြစ်ပါတယ်။

ကိုလံဘီယာဟာနိုင်ငံတွင်းဆန္ဒပြသပိတ်မှောက်မှုများရှိနေမှုကြောင့်အိမ်ရှင်အဖြစ်မှနုတ်ထွက်ခဲ့သလိုအာဂျင်တီးနားလည်းကိုဗစ်ကူးစက်မှုမြင့်မားနေမှုကြောင့်နုတ်ထွက်ခဲ့ပါတယ်။

ဘရာဇီးဟာလည်းကိုဗစ်ကူးစက်မှုအခံရဆုံးနိုင်ငံများထဲမှတစ်ခုဖြစ်ရာယင်းသို့အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်လျှောက်ထားမှုအပေါ်ဘရာဇီးအစိုးရပိုင်းကမေးခွန်းထုတ်မှုများရှိနေပါတယ်။

ကိုပါအမေရိကဖလားပြိုင်ပွဲကို၂၀၂၀ခုနှစ်၊ဇွန်လတွင်ကျင်းပရမည်ဖြစ်သော်လည်းကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြောင့်ရွှေ့ဆိုင်းခဲ့ရပါတယ်။

ကိုပါအမေရိကဖလားပြိုင်ပွဲကိုဇွန်လ၁၃ရက်နေ့မှဇူလိုင်လ၁၀ရက်နေ့အထိကျင်းပသွားပါမယ်။

ကိုပါအမေရိကဖလားပြိုင်ပွဲတွင်ဧည့်သည်အသင်းများအဖြစ်ဩစတြေးလျနှင့်ကာတာတို့ကဝင်ရောက်ယှဉ်ပြိုင်ရန်ဖိတ်ခေါ်ခြင်းခံခဲ့ရပေမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲပြက္ခဒိန်အပြောင်းအလဲကြောင့်နုတ်ထွက်သွားခဲ့ကြပါတယ်။

ZawGyi

ကိုပါအေမရိကဖလားၿပိဳင္ပြဲကို ဘရာဇီးက အိမ္ရွင္အျဖစ္ လက္ခံက်င္းပသြားမည္

၂၀၂၁ခုႏွစ္ကိုပါအေမရိကဖလားၿပိဳင္ပြဲကိုပူးတြဲအိမ္ရွင္အျဖစ္က်င္းပခြင့္ရရွိထားၾကတဲ့ကိုလံဘီယာႏွင့္အာဂ်င္တီးနားတို႔ကအေၾကာင္းေၾကာင္းေၾကာင့္အိမ္ရွင္အျဖစ္ႏုတ္ထြက္သြားမႈနဲ႔အတူေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္ဟာအိမ္ရွင္သစ္အားေ႐ြးခ်ယ္လာၿပီျဖစ္ပါတယ္။

ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္ဟာဘရာဇီးအားကိုပါအေမရိကဖလားၿပိဳင္ပြဲအိမ္ရွင္သစ္အျဖစ္ေ႐ြးခ်ယ္လိုက္တာျဖစ္ပါတယ္။

ကိုလံဘီယာဟာႏိုင္ငံတြင္းဆႏၵျပသပိတ္ေမွာက္မႈမ်ားရွိေနမႈေၾကာင့္အိမ္ရွင္အျဖစ္မွႏုတ္ထြက္ခဲ့သလိုအာဂ်င္တီးနားလည္းကိုဗစ္ကူးစက္မႈျမင့္မားေနမႈေၾကာင့္ႏုတ္ထြက္ခဲ့ပါတယ္။

ဘရာဇီးဟာလည္းကိုဗစ္ကူးစက္မႈအခံရဆုံးႏိုင္ငံမ်ားထဲမွတစ္ခုျဖစ္ရာယင္းသို႔အိမ္ရွင္အျဖစ္လက္ခံက်င္းပရန္ေလွ်ာက္ထားမႈအေပၚဘရာဇီးအစိုးရပိုင္းကေမးခြန္းထုတ္မႈမ်ားရွိေနပါတယ္။

ကိုပါအေမရိကဖလားၿပိဳင္ပြဲကို၂၀၂၀ခုႏွစ္၊ဇြန္လတြင္က်င္းပရမည္ျဖစ္ေသာ္လည္းကိုဗစ္ကမာၻ႔ကပ္ေရာဂါေၾကာင့္ေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။

ကိုပါအေမရိကဖလားၿပိဳင္ပြဲကိုဇြန္လ၁၃ရက္ေန႔မွဇူလိုင္လ၁၀ရက္ေန႔အထိက်င္းပသြားပါမယ္။

ကိုပါအေမရိကဖလားၿပိဳင္ပြဲတြင္ဧည့္သည္အသင္းမ်ားအျဖစ္ဩစေၾတးလ်ႏွင့္ကာတာတို႔ကဝင္ေရာက္ယွဥ္ၿပိဳင္ရန္ဖိတ္ေခၚျခင္းခံခဲ့ရေပမယ့္ကမာၻ႔ဖလားေျခစစ္ပြဲျပကၡဒိန္အေျပာင္းအလဲေၾကာင့္ႏုတ္ထြက္သြားခဲ့ၾကပါတယ္။