ကိုပါအီတာလီယာဒါဘီရန်ပွဲတွင် အီဘရာဟီမိုဗစ်ကို မင်းနဲ့မိန်းမကို ဒချိတယ်လို့ ပြောခဲ့တဲ့လူကာကူ

မနေ့ညတုန်းကကိုပါအီတာလီယာဒါဘီပွဲတွင်ရိုမဲလူလူကာကူနှင့်ဇလာတန်အီဘရာဟီမိုဗစ်တို့အကြီးအကျယ် ပြဿနာတက်ခဲ့ပြီးဘယ်ဂျီယံတိုက်စစ်မှူးဟာဆွီဒင်တိုက်စစ်မှူးကိုအကြီးအကျယ်ဒေါသထွက်ခဲ့တာတွေ့ရပါတယ်။

၎င်းတို့နှစ်ဦးရဲ့ရန်ပွဲကပထမပိုင်းပြီးခါနီးတွင်မီလန်အသင်းခေါင်းဆောင်အလက်စီယိုရိုမာဂလိုလီကကြမ်းတမ်းစွာ ဖျက်ထုတ်မှုကိုလူကာကူကအကြီးအကျယ်ဒေါသထွက်ရာမှစတင်ခဲ့တာပါ။

ယင်းဖြစ်ရပ်ကြောင့်ဖရီးကစ်မကန်မီအထိလူကာကူနှင့်အီဘရာဟီမိုဗစ်တို့ခေါင်းချင်းဆိုင်ကာအပြန်အလှန်ဆဲဆို ပြောကြားခဲ့ကြပါတယ်။

၎င်းတို့နှစ်ဦးကိုနှစ်ဖက်ကစားသမားများဆွဲကာခွဲခဲ့ကြရပြီးနှစ်ဦးလုံးလည်းအဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့်ပထမပိုင်းပွဲအပြီးဥမင်လှိုဏ်ခေါင်းသို့ဝင်ချိန်တွင်လူကာကူဟာဒေါသမပြေသေးဘဲဆွီဒင်တိုက်စစ်မှူးကို တိုက်ခိုက်ချင်နေခဲ့ပါတယ်။
အင်တာမီလန်တိုက်စစ်မှူးဟာအီဘရာဟီမိုဗစ်ကို “ခွေးမသား”။ “မင်းကိုရောမင်းမိန်းမကိုရောဒချိတယ်”လို့ ပြောကြားခဲ့ပါတယ်။လူကာကူဟာသူ့အမေနဲ့ပတ်သက်ပြီးအီဘရာဟီမိုဗစ်ကဆဲဆိုပြောကြားခဲ့မှုအပေါ်အကြီးအကျယ်ဒေါသထွက်နေခဲ့တာလည်းဖြစ်ပါတယ်။

ကိုပါအီတာလီယာကွာတားဖိုင်နယ်မီလန်ဒါဘီပွဲတွင်အီဘရာဟီမိုဗစ်ဟာပွဲချိန်၃၁မိနစ်မှာမီလန်အတွက်ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့်ဒုတိယပိုင်းပွဲချိန်၅၈မိနစ်မှာကိုလာရော့ဗ်ကိုကြမ်းတမ်းစွာဖျက်ထုတ်မှုကြောင့်ဒုတိယအဝါကတ်ပြသခံရပြီးအထုတ်ခံခဲ့ရပါတယ်။

အင်တာအတွက်ချေပဂိုးကိုပွဲချိန်၇၁မိနစ်မှာလူကာကူကပင်နယ်တီကနေသွင်းယူခဲ့ပြီးပွဲချိန်၉၇မိနစ်မှာအဲရစ်ဆင်ကအင်တာအတွက်အဖိုးတန်အနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်။

ZawGyi

ကိုပါအီတာလီယာဒါဘီရန္ပြဲတြင္ အီဘရာဟီမိုဗစ္ကို မင္းနဲ႔မိန္းမကို ဒခ်ိတယ္လို႔ ေျပာခဲ့တဲ့လူကာကူ

မေန႔ညတုန္းကကိုပါအီတာလီယာဒါဘီပြဲတြင္႐ိုမဲလူလူကာကူႏွင့္ဇလာတန္အီဘရာဟီမိုဗစ္တို႔အႀကီးအက်ယ္ ျပႆနာတက္ခဲ့ၿပီးဘယ္ဂ်ီယံတိုက္စစ္မႉးဟာဆြီဒင္တိုက္စစ္မႉးကိုအႀကီးအက်ယ္ေဒါသထြက္ခဲ့တာေတြ႕ရပါတယ္။

၎တို႔ႏွစ္ဦးရဲ႕ရန္ပြဲကပထမပိုင္းၿပီးခါနီးတြင္မီလန္အသင္းေခါင္းေဆာင္အလက္စီယို႐ိုမာဂလိုလီကၾကမ္းတမ္းစြာ ဖ်က္ထုတ္မႈကိုလူကာကူကအႀကီးအက်ယ္ေဒါသထြက္ရာမွစတင္ခဲ့တာပါ။

ယင္းျဖစ္ရပ္ေၾကာင့္ဖရီးကစ္မကန္မီအထိလူကာကူႏွင့္အီဘရာဟီမိုဗစ္တို႔ေခါင္းခ်င္းဆိုင္ကာအျပန္အလွန္ဆဲဆို ေျပာၾကားခဲ့ၾကပါတယ္။

၎တို႔ႏွစ္ဦးကိုႏွစ္ဖက္ကစားသမားမ်ားဆြဲကာခြဲခဲ့ၾကရၿပီးႏွစ္ဦးလုံးလည္းအဝါကတ္ျပသျခင္းခံခဲ့ရပါတယ္။

ဒါေပမယ့္ပထမပိုင္းပြဲအၿပီးဥမင္လႈိဏ္ေခါင္းသို႔ဝင္ခ်ိန္တြင္လူကာကူဟာေဒါသမေျပေသးဘဲဆြီဒင္တိုက္စစ္မႉးကို တိုက္ခိုက္ခ်င္ေနခဲ့ပါတယ္။

အင္တာမီလန္တိုက္စစ္မႉးဟာအီဘရာဟီမိုဗစ္ကို “ေခြးမသား”။ “မင္းကိုေရာမင္းမိန္းမကိုေရာဒခ်ိတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။လူကာကူဟာသူ႔အေမနဲ႔ပတ္သက္ၿပီးအီဘရာဟီမိုဗစ္ကဆဲဆိုေျပာၾကားခဲ့မႈအေပၚအႀကီးအက်ယ္ေဒါသထြက္ေနခဲ့တာလည္းျဖစ္ပါတယ္။

ကိုပါအီတာလီယာကြာတားဖိုင္နယ္မီလန္ဒါဘီပြဲတြင္အီဘရာဟီမိုဗစ္ဟာပြဲခ်ိန္၃၁မိနစ္မွာမီလန္အတြက္ဦးေဆာင္ဂိုးသြင္းယူခဲ့ေပမယ့္ဒုတိယပိုင္းပြဲခ်ိန္၅၈မိနစ္မွာကိုလာေရာ့ဗ္ကိုၾကမ္းတမ္းစြာဖ်က္ထုတ္မႈေၾကာင့္ဒုတိယအဝါကတ္ျပသခံရၿပီးအထုတ္ခံခဲ့ရပါတယ္။

အင္တာအတြက္ေခ်ပဂိုးကိုပြဲခ်ိန္၇၁မိနစ္မွာလူကာကူကပင္နယ္တီကေနသြင္းယူခဲ့ၿပီးပြဲခ်ိန္၉၇မိနစ္မွာအဲရစ္ဆင္ကအင္တာအတြက္အဖိုးတန္အႏိုင္ဂိုးကိုသြင္းယူခဲ့ပါတယ္။