ကိုပါအီတာလီယာဗိုလ်လုပွဲတွင် မန်ဇီကူပွဲထွက်နိုင်ဖွယ်မရှိကြောင်း မီလန်နည်းပြပီအိုလီအတည်ပြု

အေစီမီလန်နည်းပြစတီဖာနိုပီအိုလီကမာရီယိုမန်ဇူကစ်တွင်ကြံ့ခိုင်မှုပြဿနာများရှိနေပြီးယနေ့ညတွင်အင်တာမီလန်နှင့်ရင်ဆိုင်ကစားရမယ့်ကိုပါအီတာလီယာဒါဘီပွဲစဉ်ကိုပွဲထွက်နိုင်ဖွယ်မရှိကြောင်းပြောကြားလိုက်ပါတယ်။

ခရိုအေးရှားဝါရင့်တိုက်စစ်မှူးဟာယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အေစီမီလန်သို့ကာလတိုစာချုပ်ဖြင့် ပြောင်းလာခဲ့သူဖြစ်ပြီးစနေနေ့တုန်းကအတ္တလန္တာအား၃-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်မီလန်အတွက်ပထမဆုံးပွဲအားကစားခဲ့ပါတယ်။

အေစီမီလန်ဟာယနေ့ညမှာကိုပါအီတာလီယာဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ်မြို့ခံပြိုင်ဘက်အင်တာမီလန်နှင့် ရင်ဆိုင်ကစားရမှာဖြစ်ပြီးခရိုအေးရှားတိုက်စစ်မှူးမှာပါဝင်ရန် မသေချာတဲ့အနေအထားမှာရှိနေပါတယ်။

ပီအိုလီက “ဘန်နာစီယာရဲ့အခြေအနေတိုးတက်နေပါတယ်။ဒါပေမယ့်သူဟာစနေနေ့ဘိုလော့ဂ်နာနဲ့ပွဲအထိကစား နိုင်ဦးမှာမဟုတ်ပါဘူး။ကယ်ဟန်နိုဂလူကလည်းအသင့်မဖြစ်သေးပါဘူး။မန်ဇူကစ်၊တိုနာလီနဲ့ကာလူလူတို့ကလည်း စနေနေ့တုန်းကပွဲမှာဒဏ်ရာအနည်းငယ်ရခဲ့ကြတယ်။ဒါဘီပွဲမှာကစားမလားနောက်ဆုံးအချိန်အထိစောင့်ဆိုင်း သွားရပါမယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ပီအိုလီကအင်တာမီလန်နှင့်ကိုပါအီတာလီယာဖလားပြိုင်ပွဲတွင်လူစုံတက်စုံဖြင့်ရင်ဆိုင်ကစားသွားမှာ ဖြစ်ကြောင်းပြောကြားလည်းပြောကြားသွားပါတယ်။

ပီအိုလီက “ကိုပါအီတာလီယာကကျွန်တော်တို့ဂရုစိုက်တဲ့ပြိုင်ပွဲပါ။အနိုင်ရဖို့လည်းရည်မှန်းထားပါတယ်။မဲခွဲရာကံ မကောင်းဘဲခက်ခဲတဲ့ပြိုင်ဘက်နဲ့ချည်းတွေ့ပါတယ်။ဒါပေမယ့်ကိုပါဖလားလိုချင်ရင်ဘယ်အသင်းနဲ့မဆိုရင်ဆိုင်နိုင် စွမ်းရှိရပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ကိုပါအီတာလီယာဗိုလ္လုပြဲတြင္ မန္ဇီကူပြဲထြက္ႏိုင္ဖြယ္မရွိေၾကာင္း မီလန္နည္းျပပီအိုလီအတည္ျပဳ

ေအစီမီလန္နည္းျပစတီဖာႏိုပီအိုလီကမာရီယိုမန္ဇူကစ္တြင္ႀကံ့ခိုင္မႈျပႆနာမ်ားရွိေနၿပီးယေန႔ညတြင္အင္တာမီလန္ႏွင့္ရင္ဆိုင္ကစားရမယ့္ကိုပါအီတာလီယာဒါဘီပြဲစဥ္ကိုပြဲထြက္ႏိုင္ဖြယ္မရွိေၾကာင္းေျပာၾကားလိုက္ပါတယ္။

ခ႐ိုေအးရွားဝါရင့္တိုက္စစ္မႉးဟာယခုဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေအစီမီလန္သို႔ကာလတိုစာခ်ဳပ္ျဖင့္ ေျပာင္းလာခဲ့သူျဖစ္ၿပီးစေနေန႔တုန္းကအတၱလႏၲာအား၃-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္မီလန္အတြက္ပထမဆုံးပြဲအားက စားခဲ့ပါတယ္။

ေအစီမီလန္ဟာယေန႔ညမွာကိုပါအီတာလီယာဖလားကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္ၿမိဳ႕ခံၿပိဳင္ဘက္အင္တာမီလန္ႏွင့္ ရင္ဆိုင္ကစားရမွာျဖစ္ၿပီးခ႐ိုေအးရွားတိုက္စစ္မႉးမွာပါဝင္ရန္ မေသခ်ာတဲ့အေနအထားမွာရွိေနပါတယ္။

ပီအိုလီက “ဘန္နာစီယာရဲ႕အေျခအေနတိုးတက္ေနပါတယ္။ဒါေပမယ့္သူဟာစေနေန႔ဘိုေလာ့ဂ္နာနဲ႔ပြဲအထိကစား ႏိုင္ဦးမွာမဟုတ္ပါဘူး။ကယ္ဟန္ႏိုဂလူကလည္းအသင့္မျဖစ္ေသးပါဘူး။မန္ဇူကစ္၊တိုနာလီနဲ႔ကာလူလူတို႔ကလည္း စေနေန႔တုန္းကပြဲမွာဒဏ္ရာအနည္းငယ္ရခဲ့ၾကတယ္။ဒါဘီပြဲမွာကစားမလားေနာက္ဆုံးအခ်ိန္အထိေစာင့္ဆိုင္း သြားရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ပီအိုလီကအင္တာမီလန္ႏွင့္ကိုပါအီတာလီယာဖလားၿပိဳင္ပြဲတြင္လူစုံတက္စုံျဖင့္ရင္ဆိုင္ကစားသြားမွာ ျဖစ္ေၾကာင္းေျပာၾကားလည္းေျပာၾကားသြားပါတယ္။

ပီအိုလီက “ကိုပါအီတာလီယာကကြၽန္ေတာ္တို႔ဂ႐ုစိုက္တဲ့ၿပိဳင္ပြဲပါ။အႏိုင္ရဖို႔လည္းရည္မွန္းထားပါတယ္။မဲခြဲရာကံ မေကာင္းဘဲခက္ခဲတဲ့ၿပိဳင္ဘက္နဲ႔ခ်ည္းေတြ႕ပါတယ္။ဒါေပမယ့္ကိုပါဖလားလိုခ်င္ရင္ဘယ္အသင္းနဲ႔မဆိုရင္ဆိုင္ႏိုင္ စြမ္းရွိရပါမယ္”လို႔ေျပာၾကားသြားပါတယ္။