မန်ယူရဲ့ယူရိုလိဂ်ပွဲစဉ်ကို တူရင်တွင်ကစားရဖွယ်ရှိ

မန်ယူဟာစပိန်အစိုးရရဲ့ကိုဗစ်ကန့်သတ်ချက်ကြောင့်စပိန်သို့ပြည်ဝင်ခွင့်မရရှိနိုင်မှုနဲ့အတူဆိုစီဒက်နှင့် ကစားရမယ့် ယူရိုပါလိဂ်၃၂သင်းရှုံးထွက်အဆင့်ပွဲစဉ်အားဂျူဗင်တပ်ရဲ့ကွင်းတွင်ကစားရဖွယ်ရှိနေကြောင်းသိရပါတယ်။

ဆိုစီဒက်နှင့်မန်ယူတို့ရဲ့ယူရိုပါလိဂ်ပွဲစဉ်ကိုဖေဖော်ဝါရီလ၁၈ရက်နေ့တွင်ဆန်ဆီဘာစတီယန်ကွင်းတွင်ကစားရပါမယ်။ဒါပေမယ့်စပိန်အစိုးရကဗြိတိန်တွင်ကိုဗစ်ကူးစက်မှုမြင့်မားနေခြင်းကြောင့်ဗြိတိန်မှစပိန်သို့လာရောက်မှုအားပိတ်ပင်မှုပြုလုပ်ထားပါတယ်။

လက်ရှိအချိန်မှာယူအီးအက်ဖ်အေဟာဆိုစီဒက်၊မန်ယူတို့နှင့်ကြားကွင်းတွင်ကစားနိုင်ရေးအတွက်ဆွေးနွေးမှုများ ပြုလုပ်နေပြီးလာမယ့်၂၄နာရီအတွင်းတွင်ဆုံးဖြတ်ချက်ချသွားဖို့ရှိပါတယ်။

ဆိုစီဒက်နှင့်စပိန်ဘောလုံးအဖွဲ့ချုပ်တို့ဟာမန်ယူအားပြည်ဝင်ခွင့်ရရှိရေးအတွက်ထိပ်ဆုံးမှကြိုးပမ်းလျက်ရှိနေပြီးမအောင်မြင်ပါကဂျူဗင်တပ်ရဲ့ကွင်းအားအသုံးပြုရန်အတွက်မေးမြန်းမှုများပြုလုပ်ထားပါတယ်။

ချဲလ်ဆီး၊မန်စီးတီး၊အာဆင်နယ်စတဲ့ပရီးမီးယားလိဂ်ကလပ်များဟာလည်းစပိန်၊ဂျာမနီ၊ပေါ်တူဂီသို့ဗြိတိန်မှခရီးသွားလာခွင့်ပိတ်ပင်မှုပြုလုပ်ထားခြင်းကြောင့်၎င်းတို့ရဲ့ဥရောပပွဲစဉ်များကိုကြားကွင်းတွင်ကစားရဖို့ရှိနေပါတယ်။

ZawGyi

မန္ယူရဲ႕ယူ႐ိုလိဂ္ပြဲစဥ္ကို တူရင္တြင္ကစားရဖြယ္ရွိ

မန္ယူဟာစပိန္အစိုးရရဲ႕ကိုဗစ္ကန႔္သတ္ခ်က္ေၾကာင့္စပိန္သို႔ျပည္ဝင္ခြင့္မရရွိႏိုင္မႈနဲ႔အတူဆိုစီဒက္ႏွင့္ ကစားရမယ့္ ယူ႐ိုပါလိဂ္၃၂သင္းရႈံးထြက္အဆင့္ပြဲစဥ္အားဂ်ဴဗင္တပ္ရဲ႕ကြင္းတြင္ကစားရဖြယ္ရွိေနေၾကာင္းသိရပါတယ္။

ဆိုစီဒက္ႏွင့္မန္ယူတို႔ရဲ႕ယူ႐ိုပါလိဂ္ပြဲစဥ္ကိုေဖေဖာ္ဝါရီလ၁၈ရက္ေန႔တြင္ဆန္ဆီဘာစတီယန္ကြင္းတြင္ကစားရပါမယ္။ဒါေပမယ့္စပိန္အစိုးရကၿဗိတိန္တြင္ကိုဗစ္ကူးစက္မႈျမင့္မားေနျခင္းေၾကာင့္ၿဗိတိန္မွစပိန္သို႔လာေရာက္မႈအားပိတ္ပင္မႈျပဳလုပ္ထားပါတယ္။

လက္ရွိအခ်ိန္မွာယူအီးအက္ဖ္ေအဟာဆိုစီဒက္၊မန္ယူတို႔ႏွင့္ၾကားကြင္းတြင္ကစားႏိုင္ေရးအတြက္ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနၿပီးလာမယ့္၂၄နာရီအတြင္းတြင္ဆုံးျဖတ္ခ်က္ခ်သြားဖို႔ရွိပါတယ္။

ဆိုစီဒက္ႏွင့္စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္တို႔ဟာမန္ယူအားျပည္ဝင္ခြင့္ရရွိေရးအတြက္ထိပ္ဆုံးမွႀကိဳးပမ္းလ်က္ရွိေနၿပီးမေအာင္ျမင္ပါကဂ်ဴဗင္တပ္ရဲ႕ကြင္းအားအသုံးျပဳရန္အတြက္ေမးျမန္းမႈမ်ားျပဳလုပ္ထားပါတယ္။

ခ်ဲလ္ဆီး၊မန္စီးတီး၊အာဆင္နယ္စတဲ့ပရီးမီးယားလိဂ္ကလပ္မ်ားဟာလည္းစပိန္၊ဂ်ာမနီ၊ေပၚတူဂီသို႔ၿဗိတိန္မွခရီးသြားလာခြင့္ပိတ္ပင္မႈျပဳလုပ္ထားျခင္းေၾကာင့္၎တို႔ရဲ႕ဥေရာပပြဲစဥ္မ်ားကိုၾကားကြင္းတြင္ကစားရဖို႔ရွိေနပါတယ္။