ကိုဗစ်ကန့်သတ်ချက်ကြောင့် ဘင်ဖီကာနှင့်ယူရိုပါလိဂ်ပွဲစဉ် မည်သို့ ဖြစ်လာမည်ကို အာတီတာမသိသေး

မီခေးလ်အာတီတာကဗြိတိန်အစိုးရရဲ့ပေါ်တူဂီအားခရီးသွားခွင့်ပိတ်ပင်ထားမှုကြောင့်ဘင်ဖီကာအားလစ္စဘွန်းသို့ သွားရောက်ကာကစားရမယ့်ယူရိုပါလိဂ်၃၂သင်းအဝေးကွင်းပွဲစဉ်မည်သို့ဖြစ်လာမည်ကိုမသိသေးကြောင်းပြောကြားလာပါတယ်။

အာဆင်နယ်ဟာလာမယ့်ဖေဖော်ဝါရီလ၁၈ရက်နေ့မှာလစ္စဘွန်းသို့သွားရောက်ကာယူရိုပါလိဂ်၃၂သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်သွားရောက်ကစားရပါမယ်။

ဒါပေမယ့်မကြာသေးမီတုန်းကဗြိတိန်အစိုးရကကိုဗစ်ကူးစက်မှုမြင့်မားနေတဲ့ပေါ်တူဂီအားခရီးသွားလာခွင့်ပိတ်ပင် ထားရာအာဆင်နယ်မှာလစ္စဘွန်းသို့သွားရောက်ကာယူရိုပါလိဂ်ပွဲစဉ်သွားရောက်ကစားပါကပြန်ရောက်လာချိန်တွင်၁၀ရက်ကြာကွာရန်တင်းဝင်ရပါမယ်။ဗြိတိန်အစိုးရဟာအားကစားအရေးကြောင့်ပေါ်တူဂီသို့သွားရောက်မှုကိုလည်းအထူးအခွင့်အရေးပေးမည်မဟုတ်ရာအာဆင်နယ်မှာကွာရန်တင်းဝင်ရပါမယ်။

လက်ရှိအချိန်တွင်အာဆင်နယ်ဟာကစားသမားများကွာရန်တင်းမဝင်ရရေးအတွက်ယင်းပွဲစဉ်အားကြားကွင်းတစ်ကွင်းတွင်ကစားရေးအတွက်ယူအီးအက်ဖ်အေ၊ ဘင်ဖီကာတို့နှင့်ဆွေးနွေးမှုများပြုလုပ်နေပါတယ်။

ဒါပေမယ့်အာတီတာကတော့ဘင်ဖီကာနှင့်ပွဲစဉ်မှာတစ်ပွဲတည်းအဆုံးအဖြတ်ကစားလာမလား၊နှစ်ကျော့ ကစားလာမလားမသိရသေးကြောင်းဆိုသွားပါတယ်။

အာတီတာက “ကျွန်တော်တို့ကတော့ပွဲကစားချင်တယ်၊ဥရောပပြိုင်ပွဲကစားချင်တယ်။ဒီတော့အဖြေတစ်ခုတော့ ရှာသွားပါမယ်။ဒါပေမယ့်ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့မသိရသေးပါဘူး။ဘယ်ဟာကအကောင်းဆုံးဖြစ်လာ မလဲဆိုတာမသိပါဘူး။ဒါတွေနဲ့ပတ်သက်ပြီးဆုံးဖြတ်ပိုင်ခွင့်လည်းကျွန်တော့်မှာမရှိပါဘူး”လို့ပြောကြားခဲ့ပါတယ်။

လီဗာပူးဟာဗြိတိန်အစိုးရရဲ့ဒိန်းမတ်သို့သွားရောက်ခွင့်ပိတ်ပင်မှုကြောင့်မက်ဂျီလန်းနှင့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကို ဒေါ့မွန်အသင်းကွင်းမှာကစားခဲ့ရဖူးပါတယ်။

ZawGyi

ကိုဗစ္ကန႔္သတ္ခ်က္ေၾကာင့္ ဘင္ဖီကာႏွင့္ယူ႐ိုပါလိဂ္ပြဲစဥ္ မည္သို႔ ျဖစ္လာမည္ကို အာတီတာမသိေသး

မီေခးလ္အာတီတာကၿဗိတိန္အစိုးရရဲ႕ေပၚတူဂီအားခရီးသြားခြင့္ပိတ္ပင္ထားမႈေၾကာင့္ဘင္ဖီကာအားလစၥဘြန္းသို႔ သြားေရာက္ကာကစားရမယ့္ယူ႐ိုပါလိဂ္၃၂သင္းအေဝးကြင္းပြဲစဥ္မည္သို႔ျဖစ္လာမည္ကိုမသိေသးေၾကာင္းေျပာၾကားလာပါတယ္။

အာဆင္နယ္ဟာလာမယ့္ေဖေဖာ္ဝါရီလ၁၈ရက္ေန႔မွာလစၥဘြန္းသို႔သြားေရာက္ကာယူ႐ိုပါလိဂ္၃၂သင္းရႈံးထြက္အဆင့္ ဒုတိယအေက်ာ့ပြဲစဥ္သြားေရာက္ကစားရပါမယ္။

ဒါေပမယ့္မၾကာေသးမီတုန္းကၿဗိတိန္အစိုးရကကိုဗစ္ကူးစက္မႈျမင့္မားေနတဲ့ေပၚတူဂီအားခရီးသြားလာခြင့္ပိတ္ပင္ ထားရာအာဆင္နယ္မွာလစၥဘြန္းသို႔သြားေရာက္ကာယူ႐ိုပါလိဂ္ပြဲစဥ္သြားေရာက္ကစားပါကျပန္ေရာက္လာခ်ိန္တြင္၁၀ရက္ၾကာကြာရန္တင္းဝင္ရပါမယ္။ၿဗိတိန္အစိုးရဟာအားကစားအေရးေၾကာင့္ေပၚတူဂီသို႔သြားေရာက္မႈကိုလည္းအထူးအခြင့္အေရးေပးမည္မဟုတ္ရာအာဆင္နယ္မွာကြာရန္တင္းဝင္ရပါမယ္။

လက္ရွိအခ်ိန္တြင္အာဆင္နယ္ဟာကစားသမားမ်ားကြာရန္တင္းမဝင္ရေရးအတြက္ယင္းပြဲစဥ္အားၾကားကြင္းတစ္ကြင္းတြင္ကစားေရးအတြက္ယူအီးအက္ဖ္ေအ၊ ဘင္ဖီကာတို႔ႏွင့္ေဆြးေႏြးမႈမ်ားျပဳလုပ္ေနပါတယ္။

ဒါေပမယ့္အာတီတာကေတာ့ဘင္ဖီကာႏွင့္ပြဲစဥ္မွာတစ္ပြဲတည္းအဆုံးအျဖတ္ကစားလာမလား၊ႏွစ္ေက်ာ့ ကစားလာမလားမသိရေသးေၾကာင္းဆိုသြားပါတယ္။

အာတီတာက “ကြၽန္ေတာ္တို႔ကေတာ့ပြဲကစားခ်င္တယ္၊ဥေရာပၿပိဳင္ပြဲကစားခ်င္တယ္။ဒီေတာ့အေျဖတစ္ခုေတာ့ ရွာသြားပါမယ္။ဒါေပမယ့္ဘယ္လိုျဖစ္လာမလဲဆိုတာကိုေတာ့မသိရေသးပါဘူး။ဘယ္ဟာကအေကာင္းဆုံးျဖစ္လာ မလဲဆိုတာမသိပါဘူး။ဒါေတြနဲ႔ပတ္သက္ၿပီးဆုံးျဖတ္ပိုင္ခြင့္လည္းကြၽန္ေတာ့္မွာမရွိပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

လီဗာပူးဟာၿဗိတိန္အစိုးရရဲ႕ဒိန္းမတ္သို႔သြားေရာက္ခြင့္ပိတ္ပင္မႈေၾကာင့္မက္ဂ်ီလန္းႏွင့္ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ကို ေဒါ့မြန္အသင္းကြင္းမွာကစားခဲ့ရဖူးပါတယ္။