ကိုဗစ်ကန့်သတ်ချက် ချိုးဖောက်မှုကြောင့် အီတလီအသင်းမှ ဂရီဖိုထုတ်ပယ်ခြင်းခံရ

ဗင်းဆင့်ဇိုဂရီဖိုဟာကိုဗစ်ကန့်သတ်ချက်စည်းမျဉ်းစည်းကမ်းကိုချိုးဖောက်မှုကြောင့်လစ်သူယေးနီးယားနှင့်ရင်ဆိုင်ကစားရမယ့်အီတလီအသင်းရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲကိုလွဲချော်မည်ဖြစ်ကြောင်းသိရပါတယ်။

အီတလီနည်းပြရောဘတ်တိုမန်စီနီဟာဂျာမနီရှိနေစဉ်အတွင်းကိုဗစ်စည်းမျဉ်းကိုချိုးဖောက်မှုကြောင့် ဂရီဖီကိုအသင်းမှထုတ်ပယ်လိုက်ခြင်းလည်းဖြစ်ပါတယ်။

ဗင်းဆင့်ဇိုဂရီဖီဟာဂျာမနီတွင်အီတလီနွယ်ဖွားမိဘများမှမွေးဖွားလာသူဖြစ်ပြီးအီတလီလက်ရွေးစင်အသင်းအတွက်၅ပွဲကစားကာ၂ဂိုးသွင်းယူထားသူဖြစ်ပါတယ်။ဖရိုင်းဘတ်တောင်ပံတိုက်စစ်သမားဟာယခုအခါအီတလီအသင်းမှဖယ်ရှားခြင်းခံရမှုကြောင့်မိခင်ကလပ်ဖရိုင်းဘတ်သို့ပြန်ခဲ့ရပြီဖြစ်ပါတယ်။သူဟာယခုရာသီမှာဖရိုင်းဘတ်အတွက်ပွဲ၂၀ကစားရာမှာ၇ဂိုးသွင်းယူထားပါတယ်။

ZawGyi



