ကိုဗစ်ကာကွယ်ဆေးက ကစားသမားများအား ထိခိုက်လာမည်ကို အန်းနရစ်စိုးရိမ်

စပိန်နည်းပြလူးဝစ်အန်းနရစ်ကကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအားယူရို၂၀၂၀ပြိုင်ပွဲမတိုင်မီရက်ပိုင်းအလိုတွင်ထိုးနှံရမှုကြောင့်ကစားသမားများအား Side Effects ဖြစ်လာမည်ကိုစိုးရိမ်ကြောင်းဆိုသွားပါတယ်။

စပိန်အသင်းဟာအသင်းတွင်ဘက်စကွက်ဇ်နှင့်လိုရန်တေးတို့ကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိမှုကြောင့်တစ်သင်းလုံးကွာရန်တင်းဝင်ခဲ့ရပါတယ်။

စပိန်အသင်းဟာမနေ့တုန်းကကိုဗစ်ကာကွယ်ဆေးထိုးခွင့်ရရှိခဲ့ပါတယ်။စပိန်အိုလံပစ်အသင်းမှာမူကာကွယ်ဆေးထိုးပြီးဖြစ်ကာတိုကျိုအိုလံပစ်ပြိုင်ပွဲသို့ကစားရန်ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြဟောင်းလူးဝစ်အန်းနရစ်က၎င်းမှာစပိန်ကစားသမားများအားယူရို၂၀၂၀ပြိုင်ပွဲမတိုင်မီ၂လခန့်ကတည်းကကာကွယ်ဆေးထိုးစေလိုခဲ့သော်လည်းတောင်းဆိုမှုကိုပယ်ချခြင်းခံခဲ့ရကြောင်းဆိုသွားပါတယ်။

အန်းနရစ်က “အနည်းဆုံး၂လ(သို့မဟုတ်)ပိုတဲ့ကာလမှာကာကွယ်ဆေးထိုးပေးဖို့စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌကိုတောင်းဆိုခဲ့ပါတယ်။ကံဆိုးစွာဘဲမဖြစ်နိုင်ခဲ့ပါဘူး။ကျွန်တော်တို့ကလည်းလက်ခံပါတယ်။စောဒကမတက်ပါဘူး။အခုဆွေးနွေးမှုတွေပြုလုပ်နေပါပြီ။မသေချာသေးပါဘူး။တကယ်ဆိုကျွန်တော်ကအရင်ကတည်းကထိုးထားပြီးဖြစ်စေချင်ခဲ့တာပါ။ဆေးထိုးပြီးရင် Side-Effects ကလည်းရှိပါသေးတယ်”လို့ပြောကြားသွားပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးပြီးပါကခေါင်းကိုက်ခြင်း၊ကိုယ်ပူခြင်း၊မောပန်းခြင်းတို့ဖြစ်တတ်ပါတယ်။

ZawGyi

ကိုဗစ္ကာကြယ္ေဆးက ကစားသမားမ်ားအား ထိခိုက္လာမည္ကို အန္းနရစ္စိုးရိမ္

စပိန္နည္းျပလူးဝစ္အန္းနရစ္ကကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးအားယူ႐ို၂၀၂၀ၿပိဳင္ပြဲမတိုင္မီရက္ပိုင္းအလိုတြင္ထိုးႏွံရမႈေၾကာင့္ကစားသမားမ်ားအား Side Effects ျဖစ္လာမည္ကိုစိုးရိမ္ေၾကာင္းဆိုသြားပါတယ္။

စပိန္အသင္းဟာအသင္းတြင္ဘက္စကြက္ဇ္ႏွင့္လိုရန္ေတးတို႔ကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိမႈေၾကာင့္တစ္သင္းလုံးကြာရန္တင္းဝင္ခဲ့ရပါတယ္။

စပိန္အသင္းဟာမေန႔တုန္းကကိုဗစ္ကာကြယ္ေဆးထိုးခြင့္ရရွိခဲ့ပါတယ္။စပိန္အိုလံပစ္အသင္းမွာမူကာကြယ္ေဆးထိုးၿပီးျဖစ္ကာတိုက်ိဳအိုလံပစ္ၿပိဳင္ပြဲသို႔ကစားရန္ထြက္ခြာသြားခဲ့ၿပီျဖစ္ပါတယ္။

ဘာစီလိုနာနည္းျပေဟာင္းလူးဝစ္အန္းနရစ္က၎မွာစပိန္ကစားသမားမ်ားအားယူ႐ို၂၀၂၀ၿပိဳင္ပြဲမတိုင္မီ၂လခန႔္ကတည္းကကာကြယ္ေဆးထိုးေစလိုခဲ့ေသာ္လည္းေတာင္းဆိုမႈကိုပယ္ခ်ျခင္းခံခဲ့ရေၾကာင္းဆိုသြားပါတယ္။

အန္းနရစ္က “အနည္းဆုံး၂လ(သို႔မဟုတ္)ပိုတဲ့ကာလမွာကာကြယ္ေဆးထိုးေပးဖို႔စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌကိုေတာင္းဆိုခဲ့ပါတယ္။ကံဆိုးစြာဘဲမျဖစ္ႏိုင္ခဲ့ပါဘူး။ကြၽန္ေတာ္တို႔ကလည္းလက္ခံပါတယ္။ေစာဒကမတက္ပါဘူး။အခုေဆြးေႏြးမႈေတြျပဳလုပ္ေနပါၿပီ။မေသခ်ာေသးပါဘူး။တကယ္ဆိုကြၽန္ေတာ္ကအရင္ကတည္းကထိုးထားၿပီးျဖစ္ေစခ်င္ခဲ့တာပါ။ေဆးထိုးၿပီးရင္ Side-Effects ကလည္းရွိပါေသးတယ္”လို႔ေျပာၾကားသြားပါတယ္။

ကိုဗစ္ကာကြယ္ေဆးထိုးၿပီးပါကေခါင္းကိုက္ျခင္း၊ကိုယ္ပူျခင္း၊ေမာပန္းျခင္းတို႔ျဖစ္တတ္ပါတယ္။