ကိုဗစ်ကာကွယ်ဆေးထိုးဖို့ငြင်းတဲ့ကစားသမားကို မွန်ထရီရယ်ရောင်းချ

ကနေဒါအခြေစိုက် မေဂျာလိဂ်ကလပ် စီအက်ဖ်မွန်ထရီရယ်ဟာကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုတဲ့တိုက်စစ်မှူးအဲရစ်ဟတ်တာဒိုကိုရောင်းချလိုက်ပါတယ်။

အမေရိကန်မေဂျာလိဂ်တွင်ယှဉ်ပြိုင်နေတဲ့ကနေဒါကလပ်များဟာကိုဗစ်ကာလအတွင်းတွင်အမေရိကန်တွင်ပင်အခြေစိုက်ကာအိမ်ကွင်းပွဲစဉ်များအားကြားတွင်လက်ခံကစားနေရပါတယ်။

ကနေဒါအခြေစိုက်ကလပ်များဖြစ်တဲ့မွန်ထရီရယ်နှင့်တိုရန်တိုတို့ဟာကွီဘစ်နှင့်အွန်တာရီယိုတို့မှာကိုဗစ်ကန့်သတ်ချက်ဖြေလျှော့လိုက်ပြီဖြစ်ပါတယ်။ဒါပေမယ့်ယင်းကလပ်များအနေဖြင့်ကစားသမားများကိုကိုဗစ်ကာကွယ်ရေးထိုးပြီးမှသာလျှင်ကနေဒါသို့ပြန်နိုင်ပါမယ်။

ဒါပေမယ့်မွန်ထရီရယ်မှကစားသမားတစ်ဦးကတော့ကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုမှုနဲ့အတူကနေဒါသို့မပြန်နိုင်ပါဘူး။

ဒါကြောင့်လည်းမွန်ထရီရယ်ဟာအဲရစ်ဟတ်တာဒိုကိုကိုလံဘတ်စ်ခရောသို့ဒေါ်လာ၂သိန်းဖြင့်ရောင်းချလိုက်ပါတယ်။သူဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကမှမွန်ထရီရယ်သို့ရောက်လာတာဖြစ်ပြီးလအနည်းငယ်အကြာမှာဘဲရောင်းချခြင်းခံခဲ့ရတာဖြစ်ပါတယ်။

မွန်ထရီရယ်အားကစားဒါရိုက်တာအိုလီဗာရီနတ်က “ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကတည်းကသူ့ကိုစိတ်ဝင်စားတာတွေရှိလာခဲ့ပါတယ်။အဲရစ်ရဲ့လုပ်အားအပေါ်ကျေနပ်ရပေမယ့်ကမ်းလှမ်းမှုကိုလည်းစဉ်းစားခဲ့ရတယ်။အဓိကကတော့သူ့ဘက်ကကိုဗစ်ကာကွယ်ဆေးထိုးဖို့ငြင်းတာကြောင့်ပါ။သူ့အခြေအနေကပြဿနာဖြစ်စေပါတယ်။ဒါကြောင့်လည်းမွန်ထရီရယ်သို့ပြန်ဖို့အတွက်သူ့ကိုရင်းနှီးလိုက်ရတာပါ”လို့ပြောကြားသွားပါတယ်။

ဟတ်တာဒိုဟာဖေဖော်ဝါရီလတွင်မွန်ထရီရယ်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာခဲ့တာဖြစ်ပြီး၇ပွဲကစားခဲ့ပါတယ်။သူဟာမေလနှောင်းပိုင်းမှာတော့မွန်ထရီရယ်အတွက်ကစားခွင့်မရခဲ့ပါဘူး။

မွန်ထရီရယ်ဟာအရှေ့ပိုင်းကွန်ဖရင့်မှာစတုတ္ထနေရာမှာရပ်တည်နေပါတယ်။

မွန်ထရီရယ်ကဲ့သို့ပင်တိုရန်တိုဟာလည်းကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းတဲ့အလယ်တန်းကစားသမားနစ်ဒီလီယွန်ကိုရောင်းချခဲ့ရဖူးပါတယ်။

ZawGyi

ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ျငင္းတဲ့ကစားသမားကို မြန္ထရီရယ္ေရာင္းေခ်

ကေနဒါအေျခစိုက္ ေမဂ်ာလိဂ္ကလပ္ စီအက္ဖ္မြန္ထရီရယ္ဟာကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းဆိုတဲ့တိုက္စစ္မႉးအဲရစ္ဟတ္တာဒိုကိုေရာင္းခ်လိုက္ပါတယ္။

အေမရိကန္ေမဂ်ာလိဂ္တြင္ယွဥ္ၿပိဳင္ေနတဲ့ကေနဒါကလပ္မ်ားဟာကိုဗစ္ကာလအတြင္းတြင္အေမရိကန္တြင္ပင္အေျခစိုက္ကာအိမ္ကြင္းပြဲစဥ္မ်ားအားၾကားတြင္လက္ခံကစားေနရပါတယ္။

ကေနဒါအေျခစိုက္ကလပ္မ်ားျဖစ္တဲ့မြန္ထရီရယ္ႏွင့္တိုရန္တိုတို႔ဟာကြီဘစ္ႏွင့္အြန္တာရီယိုတို႔မွာကိုဗစ္ကန႔္သတ္ခ်က္ေျဖေလွ်ာ့လိုက္ၿပီျဖစ္ပါတယ္။ဒါေပမယ့္ယင္းကလပ္မ်ားအေနျဖင့္ကစားသမားမ်ားကိုကိုဗစ္ကာကြယ္ေရးထိုးၿပီးမွသာလွ်င္ကေနဒါသို႔ျပန္ႏိုင္ပါမယ္။

ဒါေပမယ့္မြန္ထရီရယ္မွကစားသမားတစ္ဦးကေတာ့ကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းဆိုမႈနဲ႔အတူကေနဒါသို႔မျပန္ႏိုင္ပါဘူး။

ဒါေၾကာင့္လည္းမြန္ထရီရယ္ဟာအဲရစ္ဟတ္တာဒိုကိုကိုလံဘတ္စ္ခေရာသို႔ေဒၚလာ၂သိန္းျဖင့္ေရာင္းခ်လိုက္ပါတယ္။သူဟာၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလတုန္းကမွမြန္ထရီရယ္သို႔ေရာက္လာတာျဖစ္ၿပီးလအနည္းငယ္အၾကာမွာဘဲေရာင္းခ်ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

မြန္ထရီရယ္အားကစားဒါ႐ိုက္တာအိုလီဗာရီနတ္က “ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္ကတည္းကသူ႔ကိုစိတ္ဝင္စားတာေတြရွိလာခဲ့ပါတယ္။အဲရစ္ရဲ႕လုပ္အားအေပၚေက်နပ္ရေပမယ့္ကမ္းလွမ္းမႈကိုလည္းစဥ္းစားခဲ့ရတယ္။အဓိကကေတာ့သူ႔ဘက္ကကိုဗစ္ကာကြယ္ေဆးထိုးဖို႔ျငင္းတာေၾကာင့္ပါ။သူ႔အေျခအေနကျပႆနာျဖစ္ေစပါတယ္။ဒါေၾကာင့္လည္းမြန္ထရီရယ္သို႔ျပန္ဖို႔အတြက္သူ႔ကိုရင္းႏွီးလိုက္ရတာပါ”လို႔ေျပာၾကားသြားပါတယ္။

ဟတ္တာဒိုဟာေဖေဖာ္ဝါရီလတြင္မြန္ထရီရယ္သို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေရာက္လာခဲ့တာျဖစ္ၿပီး၇ပြဲကစားခဲ့ပါတယ္။သူဟာေမလေႏွာင္းပိုင္းမွာေတာ့မြန္ထရီရယ္အတြက္ကစားခြင့္မရခဲ့ပါဘူး။

မြန္ထရီရယ္ဟာအေရွ႕ပိုင္းကြန္ဖရင့္မွာစတုတၳေနရာမွာရပ္တည္ေနပါတယ္။

မြန္ထရီရယ္ကဲ့သို႔ပင္တိုရန္တိုဟာလည္းကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းတဲ့အလယ္တန္းကစားသမားနစ္ဒီလီယြန္ကိုေရာင္းခ်ခဲ့ရဖူးပါတယ္။