ကိုဗစ်ကာကွယ်ဆေးထိုးရန် ကစားသမားများ ငြင်းနေမှုကြောင့် အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားပြင်ဆင်မှု ထိခိုက်လာနိုင်

အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ရဲ့လာမယ့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပြင်ဆင်မှုမှာ အင်္ဂလန်ကစားသမားငါးဦးတို့ရဲ့ကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုမှုကြောင့်ထိခိုက်လာနိုင်ပါတယ်။

အင်္ဂလန်အသင်းဟာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန်အလွန်နီးစပ်နေပြီးအုပ်စုပွဲ၄ပွဲကစားပြီးချိန်တွင်၄မှတ်ဖြတ်ကာအုပ်စုအားဦးဆောင်နေပါတယ်။

၎င်းတို့ဟာလာမယ့်အပတ်အန်ဒိုရာ၊ဟန်ဂေရီတို့နှင့်ကစားတဲ့ပွဲများတွင်အနိုင်ရရှိပါက အယ်ဘေးနီးယား၊ဆန်မာရီနိုတို့နှင့်ပွဲတွင်တစ်ပွဲအနိုင်ရရှိပါကခြေစစ်ပွဲအောင်မှာဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာလာမယ့်၁၃လတွင်ကျင်းပမယ့်၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်အစီအစဉ်အားလုံးချမှတ်ထားပြီးဖြစ်ပေမယ့်လည်းကစားသမားငါးဦးတို့မှာကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆန်နေမှုနဲ့အတူအစီအစဉ်အပြောင်းအလဲတချို့ပြုလုပ်လာရဖို့ရှိနေပါတယ်။

ကာတာဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်နိုင်ငံအတွင်းသို့အသင်းများနှင့်ပရိသတ်များဝင်ရောက်လာချိန်တွင်ကိုဗစ်ကာကွယ်ဆေးပတ်စ်ပို့တောင်းဆိုသွားပါမယ်။အင်္ဂလန်အသင်းမှကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုတဲ့ငါးဦးထဲမှသုံးဦးမှာယူရို၂၀၂၀ဗိုလ်လုပွဲ ရောက်အင်္ဂလန်အသင်းတွင်ပါဝင်တဲ့သုံးဦးပါဝင်နေပါတယ်။

အဆိုပါကစားသမားအချို့တို့ဟာဇနီး(သို့မဟုတ်)ချစ်သူတို့ရဲ့ဖိအားပေးမှုကြောင့်ကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုနေသလိုကစားသမားတစ်ဦးမှာလည်း၎င်းမှာကိုဗစ်ဒဏ်ကိုခံနိုင်ရည်ရှိတယ်ဆိုပြီးထိုးဖို့ငြင်းဆိုနေတာပါ။

ZawGyi

ကိုဗစ္ကာကြယ္ေဆးထိုးရန္ ကစားသမားမ်ား ျငင္းေနမႈေၾကာင့္ အဂၤလန္ရဲ႕ကမာၻ႔ဖလားျပင္ဆင္မႈ ထိခိုက္လာႏိုင္

အဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ရဲ႕လာမယ့္ႏွစ္ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ျပင္ဆင္မႈမွာ အဂၤလန္ကစားသမားငါးဦးတို႔ရဲ႕ကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းဆိုမႈေၾကာင့္ထိခိုက္လာႏိုင္ပါတယ္။

အဂၤလန္အသင္းဟာကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ရန္အလြန္နီးစပ္ေနၿပီးအုပ္စုပြဲ၄ပြဲကစားၿပီးခ်ိန္တြင္၄မွတ္ျဖတ္ကာအုပ္စုအားဦးေဆာင္ေနပါတယ္။

၎တို႔ဟာလာမယ့္အပတ္အန္ဒိုရာ၊ဟန္ေဂရီတို႔ႏွင့္ကစားတဲ့ပြဲမ်ားတြင္အႏိုင္ရရွိပါက အယ္ေဘးနီးယား၊ဆန္မာရီႏိုတို႔ႏွင့္ပြဲတြင္တစ္ပြဲအႏိုင္ရရွိပါကေျခစစ္ပြဲေအာင္မွာျဖစ္ပါတယ္။

ေဆာက္ဂိတ္ဟာလာမယ့္၁၃လတြင္က်င္းပမယ့္၂၀၂၂ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္အစီအစဥ္အားလုံးခ်မွတ္ထားၿပီးျဖစ္ေပမယ့္လည္းကစားသမားငါးဦးတို႔မွာကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းဆန္ေနမႈနဲ႔အတူအစီအစဥ္အေျပာင္းအလဲတခ်ိဳ႕ျပဳလုပ္လာရဖို႔ရွိေနပါတယ္။

ကာတာဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ႏိုင္ငံအတြင္းသို႔အသင္းမ်ားႏွင့္ပရိသတ္မ်ားဝင္ေရာက္လာခ်ိန္တြင္ကိုဗစ္ကာကြယ္ေဆးပတ္စ္ပို႔ေတာင္းဆိုသြားပါမယ္။အဂၤလန္အသင္းမွကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းဆိုတဲ့ငါးဦးထဲမွသုံးဦးမွာယူ႐ို၂၀၂၀ဗိုလ္လုပြဲ ေရာက္အဂၤလန္အသင္းတြင္ပါဝင္တဲ့သုံးဦးပါဝင္ေနပါတယ္။

အဆိုပါကစားသမားအခ်ိဳ႕တို႔ဟာဇနီး(သို႔မဟုတ္)ခ်စ္သူတို႔ရဲ႕ဖိအားေပးမႈေၾကာင့္ကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းဆိုေနသလိုကစားသမားတစ္ဦးမွာလည္း၎မွာကိုဗစ္ဒဏ္ကိုခံႏိုင္ရည္ရွိတယ္ဆိုၿပီးထိုးဖို႔ျငင္းဆိုေနတာပါ။