ကိုဗစ်ကာကွယ်ဆေးထိုးရန် ငြင်းဆိုမှုမှာ အရက်မူးကားမောင်းသကဲ့သို့ ဆိုးရွားကြောင်း ကလော့ပ် ဝေဖန်

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုနေတဲ့ကစားသမားများမှာအရက်မူးပြီးကားမောင်းသကဲ့သို့ပင်ဆိုးရွားကြောင်းပြောကြားကာတကိုယ်ကောင်းဆန်ကာကိုဗစ်ကာကွယ်ဆေးမထိုးတဲ့ပရီးမီးယားလိဂ်စတားများကိုအပြင်းအထန်ဝေဖန်ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အမြောက်အမြားမှကစားသမားတို့ဟာကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆန်လျက်ရှိနေပြီးကိုဗစ်ကာကွယ်ဆေးထိုး/မထိုးမှာပုဂ္ဂိုလ်ရေးဆုံးဖြတ်ချက်နှင့်သက်ဆိုင်ရာကလပ်များအနေဖြင့်အတင်းဖိအားပေးလို့မရပါဘူး။

လက်ရှိအချိန်တွင်ပရီးမီးယားလိဂ်တွင်ကိုဗစ်ကာကွယ်ဆေးရာနှုန်းထိုးထားတဲ့အသင်းများအဖြစ်ဝုဗ်၊လိဒ်တို့သာရှိနေပြီးယခုအခါကလော့ပ်ကလည်းလီဗာပူးအသင်းရှိကစားသမားများရဲ့၉၉ရာခိုင်နှုန်းမှာကိုဗစ်ကာကွယ်ဆေးထိုးထားကြပြီးဖြစ်ကြောင်းဆိုလာပါတယ်။

တစ်ဖက်တွင်အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာအင်္ဂလန်အသင်းတွင်ပုံမှန်ရွေးချယ်ခံနေရတဲ့ကစားသမားငါးဦးတို့မှာကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆန်နေမှုကြောင့်ယူရို၂၀၂၀ပြိုင်ပွဲအတွက်ပြင်ဆင်မှုကိုထိခိုက်နေပါတယ်။ဒါကြောင့်လည်းဆောက်ဂိတ်ဟာအင်္ဂလန်ကစားသမားများကိုကိုဗစ်ကာကွယ်ဆေးထိုးရန်အနူးအညွှတ်တောင်းဆိုမှုပြုလုပ်ထားကြောင်းလည်းသိရပါတယ်။

ယခုအခါကလော့ပ်က “၉၉ရာခိုင်နှုန်းကိုဗစ်ကာကွယ်ဆေးထိုးပြီးပါပြီ။ကစားသမားတွေကိုထိုးဖို့ပြောစရာကိုမလိုခဲ့ပါဘူး။ကိုဗစ်ကာကွယ်ဆေးမထိုးတာအရက်မူးပြီးကားမောင်းတာနဲ့အတူတူပါ။ကျွန်တော်တို့ဟာဘီယာတစ်ခွက်၊နှစ်ခွက်လောက်သောက်ပြီးရင်ကားမောင်းလို့ရပါသေးတယ်။ဒါပေမယ့်ဥပဒအရတော့ဘယ်ကိုမှကျွန်တော်တို့မောင်းလို့မရပါဘူး။ဥပဒေကကျွန်တော်တို့ကိုချည်းကာကွယ်ဖို့သက်သက်မဟုတ်ပါဘူး။ကျွန်တော်အရက်သောက်ထားရင်အန္တရာယ်ရှိလို့အခြားသူတွေကိုကာကွယ်ဖို့လုပ်ထားတာပါ။ဥပဒေကိုလက်ခံရပါမယ်။ကျွန်တော့်အတွက်အဲဒီလိုပါပဲ။ကျွန်တော်ကိုကာကွယ်ဖို့သက်သက်ကာကွယ်ဆေးထိုးတာမဟုတ်ပါဘူး။ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေကိုပါကာကွယ်ဖို့ဆေးထိုးတာပါ။ကျွန်တော်ကိုကိုဗစ်ကူးစက်ခံရရင်ကျွန်တော့်အမှားပါ။အခြားသူတွေကိုကူးသွားရင်လည်းကျွန်တော့်အမှားပါ”လို့ပြောကြားသွားပါတယ်။

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ဟာပြီးခဲ့တဲ့နှစ်တုန်းကကိုဗစ်ကြောင့်မိခင်ဖြစ်သူအားဆုံးရှုံးခဲ့ရသူလည်းဖြစ်ပါတယ်။ထိုစဉ်ကကလော့ပ်ဟာခရီးသွားခွင့်ကန့်သတ်ခြင်းခံရမှုနဲ့အတူမိခင်ဖြစ်သူရဲ့ဈာပနကိုမတက်ရောက်နိုင်ခဲ့ပါဘူး။

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးကော်မတီဟာကိုဗစ်ကာကွယ်ဆေးထိုးထားခြင်းမရှိတဲ့ကစားသမားများကိုပိတ်ပင်မှုပြုလုပ်ရန်စီစဉ်ထားပါတယ်။၎င်းတို့ဟာကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ပရိသတ်များကိုသာနိုင်ငံအတွင်းသို့ဝင်ရောက်ခွင့်ပေးသွားမှာလည်းဖြစ်ပါတယ်။

ZawGyi

ကိုဗစ္ကာကြယ္ေဆးထိုးရန္ ျငင္းဆိုမႈမွာ အရက္မူးကားေမာင္းသကဲ့သို႔ ဆိုး႐ြားေၾကာင္း ကေလာ့ပ္ ေဝဖန္

လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ကကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းဆိုေနတဲ့ကစားသမားမ်ားမွာအရက္မူးၿပီးကားေမာင္းသကဲ့သို႔ပင္ဆိုး႐ြားေၾကာင္းေျပာၾကားကာတကိုယ္ေကာင္းဆန္ကာကိုဗစ္ကာကြယ္ေဆးမထိုးတဲ့ပရီးမီးယားလိဂ္စတားမ်ားကိုအျပင္းအထန္ေဝဖန္ေျပာၾကားလိုက္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္အေျမာက္အျမားမွကစားသမားတို႔ဟာကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းဆန္လ်က္ရွိေနၿပီးကိုဗစ္ကာကြယ္ေဆးထိုး/မထိုးမွာပုဂၢိဳလ္ေရးဆုံးျဖတ္ခ်က္ႏွင့္သက္ဆိုင္ရာကလပ္မ်ားအေနျဖင့္အတင္းဖိအားေပးလို႔မရပါဘူး။

လက္ရွိအခ်ိန္တြင္ပရီးမီးယားလိဂ္တြင္ကိုဗစ္ကာကြယ္ေဆးရာႏႈန္းထိုးထားတဲ့အသင္းမ်ားအျဖစ္ဝုဗ္၊လိဒ္တို႔သာရွိေနၿပီးယခုအခါကေလာ့ပ္ကလည္းလီဗာပူးအသင္းရွိကစားသမားမ်ားရဲ႕၉၉ရာခိုင္ႏႈန္းမွာကိုဗစ္ကာကြယ္ေဆးထိုးထားၾကၿပီးျဖစ္ေၾကာင္းဆိုလာပါတယ္။

တစ္ဖက္တြင္အဂၤလန္နည္းျပေဆာက္ဂိတ္ဟာအဂၤလန္အသင္းတြင္ပုံမွန္ေ႐ြးခ်ယ္ခံေနရတဲ့ကစားသမားငါးဦးတို႔မွာကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းဆန္ေနမႈေၾကာင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္ျပင္ဆင္မႈကိုထိခိုက္ေနပါတယ္။ဒါေၾကာင့္လည္းေဆာက္ဂိတ္ဟာအဂၤလန္ကစားသမားမ်ားကိုကိုဗစ္ကာကြယ္ေဆးထိုးရန္အႏူးအၫႊတ္ေတာင္းဆိုမႈျပဳလုပ္ထားေၾကာင္းလည္းသိရပါတယ္။

ယခုအခါကေလာ့ပ္က “၉၉ရာခိုင္ႏႈန္းကိုဗစ္ကာကြယ္ေဆးထိုးၿပီးပါၿပီ။ကစားသမားေတြကိုထိုးဖို႔ေျပာစရာကိုမလိုခဲ့ပါဘူး။ကိုဗစ္ကာကြယ္ေဆးမထိုးတာအရက္မူးၿပီးကားေမာင္းတာနဲ႔အတူတူပါ။ကြၽန္ေတာ္တို႔ဟာဘီယာတစ္ခြက္၊ႏွစ္ခြက္ေလာက္ေသာက္ၿပီးရင္ကားေမာင္းလို႔ရပါေသးတယ္။ဒါေပမယ့္ဥပဒအရေတာ့ဘယ္ကိုမွကြၽန္ေတာ္တို႔ေမာင္းလို႔မရပါဘူး။ဥပေဒကကြၽန္ေတာ္တို႔ကိုခ်ည္းကာကြယ္ဖို႔သက္သက္မဟုတ္ပါဘူး။ကြၽန္ေတာ္အရက္ေသာက္ထားရင္အႏၲရာယ္ရွိလို႔အျခားသူေတြကိုကာကြယ္ဖို႔လုပ္ထားတာပါ။ဥပေဒကိုလက္ခံရပါမယ္။ကြၽန္ေတာ့္အတြက္အဲဒီလိုပါပဲ။ကြၽန္ေတာ္ကိုကာကြယ္ဖို႔သက္သက္ကာကြယ္ေဆးထိုးတာမဟုတ္ပါဘူး။ကြၽန္ေတာ့္ပတ္ဝန္းက်င္ကလူေတြကိုပါကာကြယ္ဖို႔ေဆးထိုးတာပါ။ကြၽန္ေတာ္ကိုကိုဗစ္ကူးစက္ခံရရင္ကြၽန္ေတာ့္အမွားပါ။အျခားသူေတြကိုကူးသြားရင္လည္းကြၽန္ေတာ့္အမွားပါ”လို႔ေျပာၾကားသြားပါတယ္။

လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ဟာၿပီးခဲ့တဲ့ႏွစ္တုန္းကကိုဗစ္ေၾကာင့္မိခင္ျဖစ္သူအားဆုံးရႈံးခဲ့ရသူလည္းျဖစ္ပါတယ္။ထိုစဥ္ကကေလာ့ပ္ဟာခရီးသြားခြင့္ကန႔္သတ္ျခင္းခံရမႈနဲ႔အတူမိခင္ျဖစ္သူရဲ႕ဈာပနကိုမတက္ေရာက္ႏိုင္ခဲ့ပါဘူး။

၂၀၂၂ကာတာကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပေရးေကာ္မတီဟာကိုဗစ္ကာကြယ္ေဆးထိုးထားျခင္းမရွိတဲ့ကစားသမားမ်ားကိုပိတ္ပင္မႈျပဳလုပ္ရန္စီစဥ္ထားပါတယ္။၎တို႔ဟာကိုဗစ္ကာကြယ္ေဆးထိုးထားတဲ့ပရိသတ္မ်ားကိုသာႏိုင္ငံအတြင္းသို႔ဝင္ေရာက္ခြင့္ေပးသြားမွာလည္းျဖစ္ပါတယ္။