ကိုဗစ်ကာကွယ်ဆေးထိုးရန် ငြင်းဆိုတဲ့ စတားကစားသမား ငါးဦးကို ဘိုင်ယန်လုပ်ခဖြတ်တောက်

ဘိုင်ယန်မြူးနစ်ဟာကိုဗစ်ပေါ့စတစ်လူနာနှင့်ထိတွေ့ကာကွာရန်တင်းဝင်နေရခဲ့တဲ့ကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုနေတဲ့ကစားသမားငါးဦးကိုလုပ်ခဖြတ်တောက်မှုပြုလုပ်လာပါတယ်။

ဆာဂျီဂနာဘရီ၊ဂျိုရှာကမ်မစ်ရှ်၊ဂျာမယ်မူဆီယာလာ၊အဲရစ်မာဇမ်ချုပိုမိုတင်းနှင့်မိုက်ကယ်ကူဆင့်တို့ဟာကိုဗစ်ကိုဗစ်ကာကွယ်ဆေးရန်ငြင်းဆိုထားကြသူများဖြစ်ပါတယ်။ယခုအခါဘိုင်ယန်မြူးနစ်က၎င်းတို့အနေဖြင့်ကိုဗစ်ကြောင့်ပွဲမကစားနိုင်ခြင်း၊လေ့ကျင့်ရေးမပြုလုပ်နိုင်ခြင်းဖြစ်တဲ့နေ့ရက်စီတိုင်းအတွက်လုပ်ခဖြတ်တောက်ခံရမှာဖြစ်ကြောင်းအသိပေးလာပါတယ်။

ဘိုင်ယန်မြူးနစ်ဟာပြီးခဲ့တဲ့အပတ်တုန်းကအော့ဘတ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ကမ်မစ်ရှ်ဟာကွာရန်တင်းဝင်နေရမှုနဲ့အတူယင်းပွဲကိုလွဲချော်ခဲ့ပါတယ်။

ဂနာဘရီမှာယင်းပွဲကိုပွဲထွက်ကစားသမားအဖြစ်ကစားခဲ့ပြီးမူဆီယေလာနှင့်ချုပိုမိုတင်းတို့မှာအရန်အဖြစ်ဝင်ရောက်ကစားခဲ့ပြီးကူဆင့်မှာအရန်ခုံမှာထိုင်နေခဲ့ရပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကနီကလပ်စ်ဆူးနှင့်ဂျိုဆစ်စတာနီဆစ်တို့မှာကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရပါတယ်။ယင်းကစားသမားနှစ်ဦးဟာကိုဗစ်ကာကွယ်ဆေးထိုးထားပြီးဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာအစောပိုင်းတုန်းကကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုထားတဲ့ယင်းကစားသမားငါးဦးတို့ကိုအသင်းတည်းခိုရာဟိုတယ်တွင်တည်းခိုစေခြင်းမပြုဘဲသီးသန့်နေထိုင်စေခြင်း၊အသင်းဘတ်စ်ကားအတူစီးခွင့်မပြုခြင်းတို့ပြုလုပ်လာခဲ့ပါတယ်။ယခုအခါ၎င်းတို့ဟာကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုတဲ့ကစားသမားများကိုပိုမိုတင်းကြပ်စွာလုပ်ဆောင်လာတော့မှာလည်းဖြစ်ပါတယ်။

ဂျာမနီတွင်ကိုဗစ်စတုတ္ထလှိုင်းဖြစ်နေပြီးဆေးရုံတွင်ကိုဗစ်လူနာပြည့်နှက်နေပါတယ်။ဂျာမနီတွင်ပြည်သူအားလုံးရဲ့၆၈ရာခိုင်နှုန်းကိုသာကိုဗစ်ကာကွယ်ဆေးထိုးထားရသေးကာအနောက်ဥရောပတွင်ကိုဗစ်ကာကွယ်ဆေးထိုးမှုအနည်းဆုံးနိုင်ငံများထဲမှတစ်ခုအပါအဝင်ဖြစ်ပါတယ်။

ZawGyi

ကိုဗစ္ကာကြယ္ေဆးထိုးရန္ ျငင္းဆိုတဲ့ စတားကစားသမား ငါးဦးကို ဘိုင္ယန္လုပ္ချဖတ္ေတာက္

ဘိုင္ယန္ျမဴးနစ္ဟာကိုဗစ္ေပါ့စတစ္လူနာႏွင့္ထိေတြ႕ကာကြာရန္တင္းဝင္ေနရခဲ့တဲ့ကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းဆိုေနတဲ့ကစားသမားငါးဦးကိုလုပ္ချဖတ္ေတာက္မႈျပဳလုပ္လာပါတယ္။

ဆာဂ်ီဂနာဘရီ၊ဂ်ိဳရွာကမ္မစ္ရွ္၊ဂ်ာမယ္မူဆီယာလာ၊အဲရစ္မာဇမ္ခ်ဳပိုမိုတင္းႏွင့္မိုက္ကယ္ကူဆင့္တို႔ဟာကိုဗစ္ကိုဗစ္ကာကြယ္ေဆးရန္ျငင္းဆိုထားၾကသူမ်ားျဖစ္ပါတယ္။ယခုအခါဘိုင္ယန္ျမဴးနစ္က၎တို႔အေနျဖင့္ကိုဗစ္ေၾကာင့္ပြဲမကစားႏိုင္ျခင္း၊ေလ့က်င့္ေရးမျပဳလုပ္ႏိုင္ျခင္းျဖစ္တဲ့ေန႔ရက္စီတိုင္းအတြက္လုပ္ချဖတ္ေတာက္ခံရမွာျဖစ္ေၾကာင္းအသိေပးလာပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာၿပီးခဲ့တဲ့အပတ္တုန္းကေအာ့ဘတ္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။ကမ္မစ္ရွ္ဟာကြာရန္တင္းဝင္ေနရမႈနဲ႔အတူယင္းပြဲကိုလြဲေခ်ာ္ခဲ့ပါတယ္။

ဂနာဘရီမွာယင္းပြဲကိုပြဲထြက္ကစားသမားအျဖစ္ကစားခဲ့ၿပီးမူဆီေယလာႏွင့္ခ်ဳပိုမိုတင္းတို႔မွာအရန္အျဖစ္ဝင္ေရာက္ကစားခဲ့ၿပီးကူဆင့္မွာအရန္ခုံမွာထိုင္ေနခဲ့ရပါတယ္။

ၿပီးခဲ့တဲ့အပတ္တုန္းကနီကလပ္စ္ဆူးႏွင့္ဂ်ိဳဆစ္စတာနီဆစ္တို႔မွာကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရပါတယ္။ယင္းကစားသမားႏွစ္ဦးဟာကိုဗစ္ကာကြယ္ေဆးထိုးထားၿပီးျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာအေစာပိုင္းတုန္းကကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းဆိုထားတဲ့ယင္းကစားသမားငါးဦးတို႔ကိုအသင္းတည္းခိုရာဟိုတယ္တြင္တည္းခိုေစျခင္းမျပဳဘဲသီးသန႔္ေနထိုင္ေစျခင္း၊အသင္းဘတ္စ္ကားအတူစီးခြင့္မျပဳျခင္းတို႔ျပဳလုပ္လာခဲ့ပါတယ္။ယခုအခါ၎တို႔ဟာကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းဆိုတဲ့ကစားသမားမ်ားကိုပိုမိုတင္းၾကပ္စြာလုပ္ေဆာင္လာေတာ့မွာလည္းျဖစ္ပါတယ္။

ဂ်ာမနီတြင္ကိုဗစ္စတုတၳလႈိင္းျဖစ္ေနၿပီးေဆး႐ုံတြင္ကိုဗစ္လူနာျပည့္ႏွက္ေနပါတယ္။ဂ်ာမနီတြင္ျပည္သူအားလုံးရဲ႕၆၈ရာခိုင္ႏႈန္းကိုသာကိုဗစ္ကာကြယ္ေဆးထိုးထားရေသးကာအေနာက္ဥေရာပတြင္ကိုဗစ္ကာကြယ္ေဆးထိုးမႈအနည္းဆုံးႏိုင္ငံမ်ားထဲမွတစ္ခုအပါအဝင္ျဖစ္ပါတယ္။