ကိုဗစ်ကာကွယ်ဆေးထိုးရန် ငြင်းပြီးနောက် ကိုဗစ်တွေ့ရှိခဲ့တဲ့ ဇာခါ
အာဆင်နယ်အလယ်တန်းကစားသမားဂရာနစ်ဇာခါဟာကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုပြီးနောက်လက်ရွေးစင်အသင်းနှင့်ပူးပေါင်းကြောင်းကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိရကြောင်းဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်ကကြေညာလာပါတယ်။
အသက်၂၈နှစ်ရှိဆွစ်ဇာလန်အသင်းခေါင်းဆောင်ဟာကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိရပြီးနောက်ဗုဒ္ဓဟူးနေ့တုန်းကဂရိအား၂-၁ဖြင့်အနိုင်ရရှိတဲ့ပွဲကိုလွဲချော်ခဲ့ပါတယ်။
သူဟာကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိရပြီးနောက်ဆွစ်ဇာလန်ရှိနေအိမ်တွင်ပင်ကွာရန်တင်းဝင်နေပြီး၁၀ရက်အထိကွာရန်တင်းဝင်ရပါမယ်။
ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်ဆက်သွယ်ရေးနှင့်ပြန်ကြားရေးအကြီးအကဲအာနိုးက “ဂရာနစ်ဇာခါဟာကာကွယ်ဆေးထိုးထားသူမဟုတ်ပါဘူး။သူကကာကွယ်ဆေးမထိုးထားတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ကျွန်တော်တို့ကကစားသမားတွေကိုသူတို့ရဲ့ကိုယ်ရေးကိုယ်တာဆုံးဖြတ်ချက်ကြောင့်မထိုးဘူးဆိုရင်လည်းခွင့်ပြုပါဘူး။ဆွစ်ဇာလန်မှာသုံးတဲ့စနစ်အတိုင်းပါပဲ။ကျွန်တော်တို့ကတော့လူတိုင်းကာကွယ်ဆေးထိုးနိုင်အောင်လုပ်ပေးပါတယ်။သူကိုယ်တိုင်ကမထိုးဖို့ဆုံးဖြတ်ခဲ့တာပါ။ကာကွယ်ဆေးမထိုးတာကသူ့အခွင့်အရေးပါ”လို့ ဆွစ်ဇာလန်သတင်းစာ Blick သို့ပြောကြားသွားပါတယ်။
ဇာခါဟာစနေနေ့တုန်းကမန်စီးတီးအား၅-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်အနီကတ်ပြထုတ်ပယ်ခြင်းခံရမှုကြောင့်တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။
သူဟာပရီးမီးယားလိဂ်တွင်ကာကွယ်ဆေးမထိုးထားကြောင်း တရားဝင်အတည်ပြုနိုင်တဲ့ပထမဆုံးကစားသမားလည်းဖြစ်ပါတယ်။
ZawGyi