ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးဖြစ်ကြောင်း မေဆင်မောင့်အတည်ပြုလာ

မေဆင်မောင့်ကယူရို၂၀၂၀ပြိုင်ပွဲတုန်းကကိုဗစ်စည်းမျဉ်းကြောင့်အရေးပါတဲ့ပွဲအချို့ကိုလွဲချော်ခဲ့ရပြီးနောက်ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးရန်ဆုံးဖြတ်ခဲ့ကြောင်းဖွင့်လလာပါတယ်။

အင်္ဂလန်အလယ်တန်းကစားသမားမေဆင်မောင့်ဟာစကော့တလန်နှင့်ယူရို၂၀၂၀ပွဲစဉ်အပြီးတွင်ချဲလ်ဆီကစားဖော်ဘီလီဂေးလ်မိုးနှင့်ထိတွေ့ခဲ့မှုကြောင့်ဘင်ချဲလ်ဝဲလ်နှင့်အတူကွာရန်တင်းဝင်ခဲ့ရသူဖြစ်ပါတယ်။

သူဟာချက်၊ဂျာမနီတို့နှင့်အရေးပါတဲ့ပွဲစဉ်များကိုလွဲခဲ့ရပါတယ်။ဒါကြောင့်လည်းအသက်၂၂နှစ်ရှိအလယ်တန်းကစားသမားဟာယင်းသို့ဖြစ်ရပ်မျိုးထပ်မံမကြုံတွေ့ချင်တာကြောင့်ကိုဗစ်ကာကွယ်ဆေးထိုးရန်ဆုံးဖြတ်ခဲ့ပါတယ်။

မောင့်က “ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးပါပြီ။ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေ၊ပွဲတွေလွဲခဲ့ရတွေက၊တကယ့်ကိုအရေးပါတဲ့ထိပ်တန်းပွဲတစ်ပွဲလွဲခဲ့တာတွေကကျွန်တော့်ဆုံးဖြတ်ချက်ကိုရိုက်ခတ်ခဲ့ပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ကိုဗစ်ကာကွယ်ဆေးမထိုးတဲ့ပရီးမီးယားလိဂ်စတားများနှင့်ပတ်သက်ပြီးမေဆင်မောင့်က “ဒါကကစားသမားတွေရဲ့ခံစားချက်နဲ့ဘဲသက်ဆိုင်ပါတယ်။ဆေးထိုးဖို့အတင်းဖိအားပေးလို့မရပါဘူး။ဒါပေမယ့်ကျွန်တော်ကတော့ကိုဗစ်နဲ့ပတ်သက်ပြီးတွေ့ကြုံခဲ့ဖူးတော့ဆေးထိုးဖို့ဆုံးဖြတ်ခဲ့တယ်။အမြန်ဆုံးဘဲထိုးခဲ့တာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ကိုဗစ္ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးထားၿပီးျဖစ္ေၾကာင္း ေမဆင္ေမာင့္အတည္ျပဳလာ

ေမဆင္ေမာင့္ကယူ႐ို၂၀၂၀ၿပိဳင္ပြဲတုန္းကကိုဗစ္စည္းမ်ဥ္းေၾကာင့္အေရးပါတဲ့ပြဲအခ်ိဳ႕ကိုလြဲေခ်ာ္ခဲ့ရၿပီးေနာက္ကိုဗစ္ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးရန္ဆုံးျဖတ္ခဲ့ေၾကာင္းဖြင့္လလာပါတယ္။

အဂၤလန္အလယ္တန္းကစားသမားေမဆင္ေမာင့္ဟာစေကာ့တလန္ႏွင့္ယူ႐ို၂၀၂၀ပြဲစဥ္အၿပီးတြင္ခ်ဲလ္ဆီကစားေဖာ္ဘီလီေဂးလ္မိုးႏွင့္ထိေတြ႕ခဲ့မႈေၾကာင့္ဘင္ခ်ဲလ္ဝဲလ္ႏွင့္အတူကြာရန္တင္းဝင္ခဲ့ရသူျဖစ္ပါတယ္။

သူဟာခ်က္၊ဂ်ာမနီတို႔ႏွင့္အေရးပါတဲ့ပြဲစဥ္မ်ားကိုလြဲခဲ့ရပါတယ္။ဒါေၾကာင့္လည္းအသက္၂၂ႏွစ္ရွိအလယ္တန္းကစားသမားဟာယင္းသို႔ျဖစ္ရပ္မ်ိဳးထပ္မံမႀကဳံေတြ႕ခ်င္တာေၾကာင့္ကိုဗစ္ကာကြယ္ေဆးထိုးရန္ဆုံးျဖတ္ခဲ့ပါတယ္။

ေမာင့္က “ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးၿပီးပါၿပီ။ႀကဳံေတြ႕ခဲ့ရတဲ့အေတြ႕အႀကဳံေတြ၊ပြဲေတြလြဲခဲ့ရေတြက၊တကယ့္ကိုအေရးပါတဲ့ထိပ္တန္းပြဲတစ္ပြဲလြဲခဲ့တာေတြကကြၽန္ေတာ့္ဆုံးျဖတ္ခ်က္ကို႐ိုက္ခတ္ခဲ့ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ကိုဗစ္ကာကြယ္ေဆးမထိုးတဲ့ပရီးမီးယားလိဂ္စတားမ်ားႏွင့္ပတ္သက္ၿပီးေမဆင္ေမာင့္က “ဒါကကစားသမားေတြရဲ႕ခံစားခ်က္နဲ႔ဘဲသက္ဆိုင္ပါတယ္။ေဆးထိုးဖို႔အတင္းဖိအားေပးလို႔မရပါဘူး။ဒါေပမယ့္ကြၽန္ေတာ္ကေတာ့ကိုဗစ္နဲ႔ပတ္သက္ၿပီးေတြ႕ႀကဳံခဲ့ဖူးေတာ့ေဆးထိုးဖို႔ဆုံးျဖတ္ခဲ့တယ္။အျမန္ဆုံးဘဲထိုးခဲ့တာပါ”လို႔ေျပာၾကားသြားပါတယ္။