ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီးသူများသာ ပရီးမီးယားလိဂ်ပွဲများကို ဝင်ကြည့်ခွင့်ရမည်

ဘောလုံးပရိသတ်များအနေဖြင့်လာမယ့်စက်တင်ဘာလမှစတင်ကာဘောလုံးပွဲများကိုကွင်းအတွင်းဝင်ရောက်ကြည့်ရှုနိုင်ရန်အတွက်ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားရန်လိုအပ်နေပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နှင့်အင်္ဂလန်အာဏာပိုင်တို့ဟာဝင်ဘာလေကွင်းတွင်ကစားခဲ့တဲ့ယူရို၂၀၂၀ဗိုလ်လုပွဲနှင့်ဆီမီးဖိုင်နယ်ပွဲစဉ်များတွင်ပရိသတ်၆၀၀၀၀အထိဝင်ရောက်ကြည့်ခွင့်ပေးခဲ့သော်လည်းလာမယ့်ဘောလုံးရာသီတွင်ပရီးမီးယားလိဂ်ပွဲများအားပရိသတ်၁၆၀၀၀အထိသာဝင်ကြည့်ခွင့်ပေးကာကန့်သတ်သွားဖို့ရှိပါတယ်။

ဒါပေမယ့်ယင်းသို့ပရိသတ်အရေအတွက်ကန့်သတ်မှုပြုလုပ်မှုကအင်္ဂလန်ရဲ့အရေးပါတဲ့ဧရိယာခြောက်ခုတို့တွင်ကိုဗစ်ကူးစက်မှုအန္တရာယ်ရှိလောက်အောင်မြင့်တက်လာမှသာလျှင်ကန့်သတ်မှာဖြစ်ပါတယ်။

တစ်ဖက်တွင်ဘောလုံးပရိသတ်များအနေဖြင့်ဘောလုံးပွဲများကိုကြည့်ရန်အတွက်ကိုဗစ်စစ်ဆေးမှုအဖြေပြသရန်မလိုတော့ဘဲကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးလျှင်ပင်ဝင်ကြည့်ခွင့်ရရှိမှာဖြစ်ပါတယ်။

ZawGyi

ကိုဗစ္ကာကြယ္ေဆးႏွစ္ႀကိမ္ ထိုးထားၿပီးသူမ်ားသာ ပရီးမီးယားလိဂ္ပြဲမ်ားကို ဝင္ၾကည့္ခြင့္ရမည္

ေဘာလုံးပရိသတ္မ်ားအေနျဖင့္လာမယ့္စက္တင္ဘာလမွစတင္ကာေဘာလုံးပြဲမ်ားကိုကြင္းအတြင္းဝင္ေရာက္ၾကည့္ရႈႏိုင္ရန္အတြက္ကိုဗစ္ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးထားရန္လိုအပ္ေနပါတယ္။

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ႏွင့္အဂၤလန္အာဏာပိုင္တို႔ဟာဝင္ဘာေလကြင္းတြင္ကစားခဲ့တဲ့ယူ႐ို၂၀၂၀ဗိုလ္လုပြဲႏွင့္ဆီမီးဖိုင္နယ္ပြဲစဥ္မ်ားတြင္ပရိသတ္၆၀၀၀၀အထိဝင္ေရာက္ၾကည့္ခြင့္ေပးခဲ့ေသာ္လည္းလာမယ့္ေဘာလုံးရာသီတြင္ပရီးမီးယားလိဂ္ပြဲမ်ားအားပရိသတ္၁၆၀၀၀အထိသာဝင္ၾကည့္ခြင့္ေပးကာကန႔္သတ္သြားဖို႔ရွိပါတယ္။

ဒါေပမယ့္ယင္းသို႔ပရိသတ္အေရအတြက္ကန႔္သတ္မႈျပဳလုပ္မႈကအဂၤလန္ရဲ႕အေရးပါတဲ့ဧရိယာေျခာက္ခုတို႔တြင္ကိုဗစ္ကူးစက္မႈအႏၲရာယ္ရွိေလာက္ေအာင္ျမင့္တက္လာမွသာလွ်င္ကန႔္သတ္မွာျဖစ္ပါတယ္။

တစ္ဖက္တြင္ေဘာလုံးပရိသတ္မ်ားအေနျဖင့္ေဘာလုံးပြဲမ်ားကိုၾကည့္ရန္အတြက္ကိုဗစ္စစ္ေဆးမႈအေျဖျပသရန္မလိုေတာ့ဘဲကာကြယ္ေဆးႏွစ္ႀကိမ္ထိုးၿပီးလွ်င္ပင္ဝင္ၾကည့္ခြင့္ရရွိမွာျဖစ္ပါတယ္။