ကိုဗစ်ကာကွယ်ဆေးမထိုးထားမှုကြောင့် စင်္ကာပူသို့ ဝင်ခွင့်အငြင်းခံရပြီး စီနီယာကစားသမား ၈ ဦးဖြင့် လီဗာပူးကို ရင်ဆိုင်ရမယ့် ပဲလေ့စ်

ခရစ္စတယ်ပဲလေ့စ်ဟာကိုဗစ်ဆေးထိုးထားခြင်းမရှိမှုကြောင့်စင်္ကာပူသို့ဝင်ခွင့်မရခဲ့တဲ့ကစားသမားများကိုရာသီကြိုခရီးစဉ်မှအိမ်ပြန်ပို့ခဲ့ရပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာသောကြာနေ့တွင်စင်္ကာပူတွင်လီဗာပူးနှင့်ရင်ဆိုင်ကစားရပါမယ်။ဒါပေမဲ့ပက်ထရစ်ဗီအဲရာဟာစီနီယာကစားသမား၈ဦးတည်းသာရှိပြီးလူငယ်ကစားသမားများနှင့်ရင်ဆိုင်ရပါမယ်။

နိုင်ငံခြားမှရောက်လာသူများဟာစင်္ကာပူသို့ဝင်ရောက်ချိန်တွင်ကိုဗစ်ကာကွယ်ဆေးအပြည့်အစုံထိုးထားရပါမယ်။

လန်ဒန်အခြေစိုက်ကလပ်ဟာစင်္ကာပူတွင်လီဗာပူးနှင့်ခြေစမ်းပွဲကစားပြီးနောက်ဩစတြေးလျသို့သွားရောက်ကာမန်ချက်စတာယူနိုက်တက်၊လိဒ်ယူနိုက်တက်တို့နှင့်ခြေစမ်းပွဲကစားရပါဦးမယ်။

ခရစ္စတယ်ပဲလေ့စ်ဟာစင်္ကာပူသို့ဝင်ခွင့်မရဘဲပြန်လွှတ်ခဲ့ရတဲ့ကစားသမားအရေအတွက်ဘယ်လောက်ရှိတယ်၊အမည်ကဘယ်သူဆိုတာကြေညာသွားခဲ့ခြင်းမရှိပါဘူး။

ဒါပေမဲ့ဝီဖရှိုင်းယားဇာဟာ၊အီဇီး၊မာ့ခ်ဂူဟီ၊မိုက်ကယ်အိုလစ်တို့ကလန်ဒန်တွင်ကျန်ရစ်ခဲ့ပြီးရာသီကြိုခရီးစဉ်သို့လိုက်ပါခဲ့ကြခြင်းမရှိပါဘူး။ဒါ့အပြင်ကူယိတ်၊ဝဲလ်ဟုချ်၊ဘန်တီကီအပြင်ကစားသမားသစ်များဖြစ်ကြတဲ့ဆမ်ဂျွန်စတုန်းနှင့်ဒူကော်ရီတို့ဟာလည်းလန်ဒန်တွင်ပင်ကျန်ရစ်ကာလေ့ကျင့်ခန်းဆင်းနေကြပါတယ်။

ZawGyi

ကိုဗစ္ကာကြယ္ေဆးမထိုးထားမႈေၾကာင့္ စကၤာပူသို႔ ဝင္ခြင့္အျငင္းခံရၿပီး စီနီယာကစားသမား ၈ ဦးျဖင့္ လီဗာပူးကို ရင္ဆိုင္ရမယ့္ ပဲေလ့စ္

ခရစၥတယ္ပဲေလ့စ္ဟာကိုဗစ္ေဆးထိုးထားျခင္းမရွိမႈေၾကာင့္စကၤာပူသို႔ဝင္ခြင့္မရခဲ့တဲ့ကစားသမားမ်ားကိုရာသီႀကိဳခရီးစဥ္မွအိမ္ျပန္ပို႔ခဲ့ရပါတယ္။

ခရစၥတယ္ပဲေလ့စ္ဟာေသာၾကာေန႔တြင္စကၤာပူတြင္လီဗာပူးႏွင့္ရင္ဆိုင္ကစားရပါမယ္။ဒါေပမဲ့ပက္ထရစ္ဗီအဲရာဟာစီနီယာကစားသမား၈ဦးတည္းသာရွိၿပီးလူငယ္ကစားသမားမ်ားႏွင့္ရင္ဆိုင္ရပါမယ္။

ႏိုင္ငံျခားမွေရာက္လာသူမ်ားဟာစကၤာပူသို႔ဝင္ေရာက္ခ်ိန္တြင္ကိုဗစ္ကာကြယ္ေဆးအျပည့္အစုံထိုးထားရပါမယ္။

လန္ဒန္အေျခစိုက္ကလပ္ဟာစကၤာပူတြင္လီဗာပူးႏွင့္ေျခစမ္းပြဲကစားၿပီးေနာက္ဩစေၾတးလ်သို႔သြားေရာက္ကာမန္ခ်က္စတာယူႏိုက္တက္၊လိဒ္ယူႏိုက္တက္တို႔ႏွင့္ေျခစမ္းပြဲကစားရပါဦးမယ္။

ခရစၥတယ္ပဲေလ့စ္ဟာစကၤာပူသို႔ဝင္ခြင့္မရဘဲျပန္လႊတ္ခဲ့ရတဲ့ကစားသမားအေရအတြက္ဘယ္ေလာက္ရွိတယ္၊အမည္ကဘယ္သူဆိုတာေၾကညာသြားခဲ့ျခင္းမရွိပါဘူး။

ဒါေပမဲ့ဝီဖရႈိင္းယားဇာဟာ၊အီဇီး၊မာ့ခ္ဂူဟီ၊မိုက္ကယ္အိုလစ္တို႔ကလန္ဒန္တြင္က်န္ရစ္ခဲ့ၿပီးရာသီႀကိဳခရီးစဥ္သို႔လိုက္ပါခဲ့ၾကျခင္းမရွိပါဘူး။ဒါ့အျပင္ကူယိတ္၊ဝဲလ္ဟုခ်္၊ဘန္တီကီအျပင္ကစားသမားသစ္မ်ားျဖစ္ၾကတဲ့ဆမ္ဂြၽန္စတုန္းႏွင့္ဒူေကာ္ရီတို႔ဟာလည္းလန္ဒန္တြင္ပင္က်န္ရစ္ကာေလ့က်င့္ခန္းဆင္းေနၾကပါတယ္။