ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေထိုးရမယ့် စည်းမျဉ်း သတ်မှတ်လာနိုင်မှုကြောင့် ဘိုင်ယန်စတားများအခက်တွေ့

ဂျာမနီဘောလုံးအဖွဲ့ချုပ်ဟာကစားသမားအားလုံး ကိုဗစ်ကာကွယ်ဆေးမဖြစ်မနေထိုးရမယ့်စည်းမျဉ်းဥပဒေချမှတ်ရန်စီစဉ်နေကြောင်းသိရပါတယ်။

တကယ်လို့များဂျာမနီဘောလုံးအဖွဲ့ချုပ်ကသာအဆိုပါစည်းမျဉ်းချမှတ်လာမည်ဆိုပါကနာမည်ကျော်ကစားသမားအများအပြားကာကွယ်ဆေးထိုးရခြင်းမရှိသေးတဲ့ဘိုင်ယန်မြူးနစ်မှာပြဿနာတက်လာဖို့ရှိနေပါတယ်။

ဂျာမနီအဆင့်မြင့်တန်းလိဂ်ဖြစ်တဲ့ဘွန်ဒက်စ်လီဂါမှကစားသမား ၉၀ ရာခိုင်နှုန်းတို့မှာကာကွယ်ဆေးထိုးထားကြပြီးဖြစ်ပေမယ့်ကျန်၁၀ရာ ခိုင်နှုန်းဝန်းကျင်ကကာကွယ်ဆေးထိုးရန်ငြင်းဆိုထားကြပါတယ်။

ဘိုင်ယန်မြူးနစ်မှစတားများဖြစ်ကြတဲ့ဂျိုရှာကမ်မစ်ချ်၊ဂျာမယ်မူစီယေလာ၊ဆာဂျီဂနာဘရီနှင့်အဲရစ်မာဇမ်ချူပိုမိုတင်းတို့မှာကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုထားကြပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးရခြင်းမရှိသေးတဲ့ယင်းကစားသမားများဟာသုံးရက်တစ်ကြိမ်ကိုဗစ်စစ်ဆေးမှုခံယူနေရပြီးကုန်ကျစရိတ်ကိုကိုယ်တိုင်ကျခံနေရပါတယ်။

ဂျာမနီတွင်ဘောလုံးပွဲအပါအဝင်လူသူထူထပ်ရာစားသောက်ဆိုင်နှင့်ဟိုတယ်စတဲ့နေရာများသို့ကိုဗစ်ကာကွယ်ဆေးထိုးသူများကိုသာလာရောက်ခွင့်ပြုပါတယ်။

ZawGyi

ကိုဗစ္ကာကြယ္ေဆး မျဖစ္မေနထိုးရမယ့္ စည္းမ်ဥ္း သတ္မွတ္လာႏိုင္မႈေၾကာင့္ ဘိုင္ယန္စတားမ်ားအခက္ေတြ႕

ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္ဟာကစားသမားအားလုံး ကိုဗစ္ကာကြယ္ေဆးမျဖစ္မေနထိုးရမယ့္စည္းမ်ဥ္းဥပေဒခ်မွတ္ရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

တကယ္လို႔မ်ားဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္ကသာအဆိုပါစည္းမ်ဥ္းခ်မွတ္လာမည္ဆိုပါကနာမည္ေက်ာ္ကစားသမားအမ်ားအျပားကာကြယ္ေဆးထိုးရျခင္းမရွိေသးတဲ့ဘိုင္ယန္ျမဴးနစ္မွာျပႆနာတက္လာဖို႔ရွိေနပါတယ္။

ဂ်ာမနီအဆင့္ျမင့္တန္းလိဂ္ျဖစ္တဲ့ဘြန္ဒက္စ္လီဂါမွကစားသမား ၉၀ ရာခိုင္ႏႈန္းတို႔မွာကာကြယ္ေဆးထိုးထားၾကၿပီးျဖစ္ေပမယ့္က်န္၁၀ရာ ခိုင္ႏႈန္းဝန္းက်င္ကကာကြယ္ေဆးထိုးရန္ျငင္းဆိုထားၾကပါတယ္။

ဘိုင္ယန္ျမဴးနစ္မွစတားမ်ားျဖစ္ၾကတဲ့ဂ်ိဳရွာကမ္မစ္ခ်္၊ဂ်ာမယ္မူစီေယလာ၊ဆာဂ်ီဂနာဘရီႏွင့္အဲရစ္မာဇမ္ခ်ဴပိုမိုတင္းတို႔မွာကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းဆိုထားၾကပါတယ္။

ကိုဗစ္ကာကြယ္ေဆးထိုးရျခင္းမရွိေသးတဲ့ယင္းကစားသမားမ်ားဟာသုံးရက္တစ္ႀကိမ္ကိုဗစ္စစ္ေဆးမႈခံယူေနရၿပီးကုန္က်စရိတ္ကိုကိုယ္တိုင္က်ခံေနရပါတယ္။

ဂ်ာမနီတြင္ေဘာလုံးပြဲအပါအဝင္လူသူထူထပ္ရာစားေသာက္ဆိုင္ႏွင့္ဟိုတယ္စတဲ့ေနရာမ်ားသို႔ကိုဗစ္ကာကြယ္ေဆးထိုးသူမ်ားကိုသာလာေရာက္ခြင့္ျပဳပါတယ္။