ကိုဗစ်ကူးစက်ခံထားရမှုကြောင့် ဘရန့်ဖို့ဒ်နှင့်ပွဲကို နယူးကာဆယ်နည်းပြဟိုဝီကြီးကြပ်နိုင်မည်မဟုတ်

အက်ဒီဟိုဝီဟာကိုဗစ်ကူးစက်ခြင်းခံထားရမှုကြောင့်သူ့ရဲ့ပထမဆုံးနယူးကာဆယ်ပွဲစဉ်အားဟိုတယ်အခန်းထဲမှကြီးကြပ်မှုပြုလုပ်ရတော့မှာဖြစ်ပါတယ်။

နယူးကာဆယ်နည်းပြဟာမနေ့တုန်းကကိုဗစ်ကူးစက်ခြင်းခံထားရကြောင်းတွေ့ရှိခဲ့ရတာဖြစ်ပြီး၁၀ရက်ကြာဟိုတယ်ကွာရန်တင်းဝင်ရပါမယ်။

ဟိုဝီဟာယနေ့ညဘရန့်ဖို့ဒ်နှင့်ပွဲမတိုင်မီကစားသမားတစ်ဦးချင်းစီတိုင်းကို FactTime ဖြင့်ညွှန်ကြားမှုပြုလုပ်သွားမှာဖြစ်ပြီးလက်ထောက်နည်းပြများဖြစ်ကြတဲ့ဂျေဆင်တင်ဒဲလ်၊ဂရေမီဂျုံးစ်တို့နှင့်စဉ်ဆက်မပြတ်ဆက်သွယ်ညွှန်ကြားမှုပြုလုပ်ပါမယ်။

ဟိုဝီဟာနယူးကာဆယ်နည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပြီးနောက်ပြီးခဲ့တဲ့၁၂ရက်တာကာလအားဟိုတယ်တွင်နေထိုင်လာခဲ့သူဖြစ်ပါတယ်။သူဟာနိုင်ငံတကာပွဲကြောင့်လိဂ်နားစဉ်အတွင်းကစားသမားများကိုလေ့ကျင့်မှုပေးလာခဲ့ရာအသင်းအတွင်းကူးစက်ပျံ့နှံ့နေမှာစိုးရိမ်ရပါတယ်။

ဟိုဝီဟာယနေ့ညဘရန့်ဖို့ဒ်နှင့်ပွဲစဉ်အပြင်လာမယ့်အပတ်အကုန်တွင်ကစားရမယ့်အာဆင်နယ်နှင့်ပွဲစဉ်ကိုလည်းကြီးကြပ်နိုင်မှာမဟုတ်ပါဘူး။

ZawGyi

ကိုဗစ္ကူးစက္ခံထားရမႈေၾကာင့္ ဘရန႔္ဖို႔ဒ္ႏွင့္ပြဲကို နယူးကာဆယ္နည္းျပဟိုဝီႀကီးၾကပ္ႏိုင္မည္မဟုတ္

အက္ဒီဟိုဝီဟာကိုဗစ္ကူးစက္ျခင္းခံထားရမႈေၾကာင့္သူ႔ရဲ႕ပထမဆုံးနယူးကာဆယ္ပြဲစဥ္အားဟိုတယ္အခန္းထဲမွႀကီးၾကပ္မႈျပဳလုပ္ရေတာ့မွာျဖစ္ပါတယ္။

နယူးကာဆယ္နည္းျပဟာမေန႔တုန္းကကိုဗစ္ကူးစက္ျခင္းခံထားရေၾကာင္းေတြ႕ရွိခဲ့ရတာျဖစ္ၿပီး၁၀ရက္ၾကာဟိုတယ္ကြာရန္တင္းဝင္ရပါမယ္။

ဟိုဝီဟာယေန႔ညဘရန႔္ဖို႔ဒ္ႏွင့္ပြဲမတိုင္မီကစားသမားတစ္ဦးခ်င္းစီတိုင္းကို FactTime ျဖင့္ၫႊန္ၾကားမႈျပဳလုပ္သြားမွာျဖစ္ၿပီးလက္ေထာက္နည္းျပမ်ားျဖစ္ၾကတဲ့ေဂ်ဆင္တင္ဒဲလ္၊ဂေရမီဂ်ဳံးစ္တို႔ႏွင့္စဥ္ဆက္မျပတ္ဆက္သြယ္ၫႊန္ၾကားမႈျပဳလုပ္ပါမယ္။

ဟိုဝီဟာနယူးကာဆယ္နည္းျပအျဖစ္ခန႔္အပ္ျခင္းခံခဲ့ရၿပီးေနာက္ၿပီးခဲ့တဲ့၁၂ရက္တာကာလအားဟိုတယ္တြင္ေနထိုင္လာခဲ့သူျဖစ္ပါတယ္။သူဟာႏိုင္ငံတကာပြဲေၾကာင့္လိဂ္နားစဥ္အတြင္းကစားသမားမ်ားကိုေလ့က်င့္မႈေပးလာခဲ့ရာအသင္းအတြင္းကူးစက္ပ်ံ႕ႏွံ႔ေနမွာစိုးရိမ္ရပါတယ္။

ဟိုဝီဟာယေန႔ညဘရန႔္ဖို႔ဒ္ႏွင့္ပြဲစဥ္အျပင္လာမယ့္အပတ္အကုန္တြင္ကစားရမယ့္အာဆင္နယ္ႏွင့္ပြဲစဥ္ကိုလည္းႀကီးၾကပ္ႏိုင္မွာမဟုတ္ပါဘူး။