ကိုဗစ်ကူးစက်ခံရသူ နောက်ထပ်နှစ်ဦး တွေ့ရှိ၍ စပိန်-ဆွီဒင် ယူရိုအဖွင့်ပွဲကစားရန် မရေမရာဖြစ်လာ

စပိန်အသင်းတွင်ကိုဗစ်ကူးစက်ခံရသူနောက်ထပ်နှစ်ဦးတွေ့ရှိမှုနဲ့အတူစပိန်နှင့်ဆွီဒင်တို့ရင်ဆိုင်ကစားကြမယ့်ယူရို၂၀၂၀အဖွင့်ပွဲစဉ်မှာကစားရန်မရေမရာဖြစ်လာခဲ့ပါတယ်။

စပိန်အသင်းဟာလွန်ခဲ့တဲ့ရက်အနည်းငယ်ခန့်တုန်းကအသင်းခေါင်းဆောင်ဆာဂျီယိုဘက်စကွက်ဇ်တွင်ကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိရပြီးနောက်ကွာရန်တင်းဝင်နေခဲ့ရပါတယ်။စပိန်ကစားသမားများဟာစုဖွဲ့လေ့ကျင့်ခန်းလုပ်နိုင်ခြင်းမရှိဘဲသီးသန့်လေ့ကျင့်ခန်းဆင်းမှုသာပြုလုပ်နိုင်ပါတယ်။

၎င်းတို့ဟာမနေ့ညတုန်းကလစ်သူယေးနီးယားနှင့်ယူရို၂၀၂၀အကြိုနောက်ဆုံးခြေစမ်းပွဲကိုမကစားနိုင်ခဲ့ဘဲစပိန်ယူ-၂၁အသင်းအားကစားစေခဲ့ရပါတယ်။

ယခုအခါဆွီဒင်လက်ရွေးစင်အသင်းတွင်လည်းကိုဗစ်ကူးစက်ခံထားရသူ၂ဦးတွေ့ရှိလာပါတယ်။ဆွီဒင်အသင်းမှဂျူဗင်တပ်တောင်ပံကစားသမားကူလူဆီစကီးနှင့်ဘိုလော့ဂ်နာအလယ်တန်းကစားသမားမားသီးယပ်စ်ဆဗင်ဘတ်တို့တွင်ကိုဗစ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တာပါ။

အသက်၂၁နှစ်ရှိကူလူဆီစကီးဟာဖျားနာမှုဖြစ်ပြီးနောက်စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင်ကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့တာပါ။၎င်းတို့နှစ်ဦးစလုံးဟာကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိရပြီးနောက်သီးသန့်နေထိုင်လျက်ရှိကြပါတယ်။

ဆွီဒင်ကစားသမားနှစ်ဦးနှင့်ဘက်စကွက်တို့ဟာ၎င်းတို့ရဲ့ယူရို၂၀၂၀အဖွင့်ပွဲစဉ်ကိုလွဲချော်ရန်သေချာနေပါတယ်။ဒါပေမယ့်နောက်ထပ်စပိန်နှင့်ဆွီဒင်တို့တွင်ကိုဗစ်ကူးစက်ခံထားရသူများထပ်တွေ့ပါကပွဲကစားရန်မသေချာဖြစ်လာပါမယ်။

ယူအီးအက်ဖ်အေဟာကိုဗစ်ကပ်ရောဂါကြောင့်ပုံမှန်အားဖြင့်အသင်းများကို ကစားသမား၂၃ဦးသာရွေးချယ်ခွင့်ပေးလာခဲ့သော်လည်း၂၆ဦးအထိတိုးမြှင့်ရွေးချယ်ခွင့်ပေးထားပါတယ်။

ZawGyi

ကိုဗစ္ကူးစက္ခံရသူ ေနာက္ထပ္ႏွစ္ဦး ေတြ႕ရွိ၍ စပိန္-ဆြီဒင္ ယူ႐ိုအဖြင့္ပြဲကစားရန္ မေရမရာျဖစ္လာ

စပိန္အသင္းတြင္ကိုဗစ္ကူးစက္ခံရသူေနာက္ထပ္ႏွစ္ဦးေတြ႕ရွိမႈနဲ႔အတူစပိန္ႏွင့္ဆြီဒင္တို႔ရင္ဆိုင္ကစားၾကမယ့္ယူ႐ို၂၀၂၀အဖြင့္ပြဲစဥ္မွာကစားရန္မေရမရာျဖစ္လာခဲ့ပါတယ္။

စပိန္အသင္းဟာလြန္ခဲ့တဲ့ရက္အနည္းငယ္ခန႔္တုန္းကအသင္းေခါင္းေဆာင္ဆာဂ်ီယိုဘက္စကြက္ဇ္တြင္ကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိရၿပီးေနာက္ကြာရန္တင္းဝင္ေနခဲ့ရပါတယ္။စပိန္ကစားသမားမ်ားဟာစုဖြဲ႕ေလ့က်င့္ခန္းလုပ္ႏိုင္ျခင္းမရွိဘဲသီးသန႔္ေလ့က်င့္ခန္းဆင္းမႈသာျပဳလုပ္ႏိုင္ပါတယ္။

၎တို႔ဟာမေန႔ညတုန္းကလစ္သူေယးနီးယားႏွင့္ယူ႐ို၂၀၂၀အႀကိဳေနာက္ဆုံးေျခစမ္းပြဲကိုမကစားႏိုင္ခဲ့ဘဲစပိန္ယူ-၂၁အသင္းအားကစားေစခဲ့ရပါတယ္။

ယခုအခါဆြီဒင္လက္ေ႐ြးစင္အသင္းတြင္လည္းကိုဗစ္ကူးစက္ခံထားရသူ၂ဦးေတြ႕ရွိလာပါတယ္။ဆြီဒင္အသင္းမွဂ်ဴဗင္တပ္ေတာင္ပံကစားသမားကူလူဆီစကီးႏွင့္ဘိုေလာ့ဂ္နာအလယ္တန္းကစားသမားမားသီးယပ္စ္ဆဗင္ဘတ္တို႔တြင္ကိုဗစ္ကူးစက္ခံထားရေၾကာင္း ေတြ႕ရွိခဲ့တာပါ။

အသက္၂၁ႏွစ္ရွိကူလူဆီစကီးဟာဖ်ားနာမႈျဖစ္ၿပီးေနာက္စစ္ေဆးမႈျပဳလုပ္ခဲ့ရာတြင္ကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိခဲ့တာပါ။၎တို႔ႏွစ္ဦးစလုံးဟာကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိရၿပီးေနာက္သီးသန႔္ေနထိုင္လ်က္ရွိၾကပါတယ္။

ဆြီဒင္ကစားသမားႏွစ္ဦးႏွင့္ဘက္စကြက္တို႔ဟာ၎တို႔ရဲ႕ယူ႐ို၂၀၂၀အဖြင့္ပြဲစဥ္ကိုလြဲေခ်ာ္ရန္ေသခ်ာေနပါတယ္။ဒါေပမယ့္ေနာက္ထပ္စပိန္ႏွင့္ဆြီဒင္တို႔တြင္ကိုဗစ္ကူးစက္ခံထားရသူမ်ားထပ္ေတြ႕ပါကပြဲကစားရန္မေသခ်ာျဖစ္လာပါမယ္။

ယူအီးအက္ဖ္ေအဟာကိုဗစ္ကပ္ေရာဂါေၾကာင့္ပုံမွန္အားျဖင့္အသင္းမ်ားကို ကစားသမား၂၃ဦးသာေ႐ြးခ်ယ္ခြင့္ေပးလာခဲ့ေသာ္လည္း၂၆ဦးအထိတိုးျမႇင့္ေ႐ြးခ်ယ္ခြင့္ေပးထားပါတယ္။