ကိုဗစ်ကူးစက်ခြင်းခံထားရလို့ ပွဲကစားနိုင်ဦးမှာမဟုတ်သေးတဲ့ မန်စီးတီးတိုက်စစ်မှူးအဂူရို

မန်စီးတီးတိုက်စစ်မှူးဆာဂျီယိုအဂူရိုဟာကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူနှင့်ဆက်စပ်မှုကြောင့်ကွာရန်တင်းဝင်ခဲ့ရပြီး နောက်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ယခုရာသီတွင်ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်ရကာရုန်းကန်နေရတဲ့အဂူရိုဟာဇန်နဝါရီလ၃ရက်နေ့တုန်းကချဲလ်ဆီးအား၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်၄မိနစ်ကြာကစားပြီးနောက်မန်စီးတီးကစားခွင့်မရလာခဲ့တဲ့သူလည်းဖြစ်ပါ တယ်။

မန်စီးတီးဟာပရီးမီးယားလိဂ်မှာကိုဗစ်ကူးစက်မှုအခံရဆုံးကလပ်များထဲမှာတစ်ခုဖြစ်ပြီးယခုရာသီအတွင်းတွင်ကိုးဦးမြောက်ကိုဗစ်ကူးစက်ခံရတဲ့ကစားသမားအဖြစ်အဂူရိုကူးစက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

မကြာသေးမီတုန်းမှမန်စီးတီးအသင်းမှအဲရစ်ဂါစီယာ၊ဂါဘရီရယ်ဂျီးဆပ်စ်၊ကိုလီဝေါလ်ကား၊စကော့ကာဆင်၊ကိုးလ် ပါလ်မားတို့မှာလည်းကိုဗစ်ကူးစက်မှုခံခဲ့ရပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာဟာကလပ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားတဲ့အဂူရိုကိုလာမယ့်အပတ်ပွဲစဉ်များတွင်မှအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

ZawGyi

ကိုဗစ္ကူးစက္ျခင္းခံထားရလို႔ ပြဲကစားႏိုင္ဦးမွာမဟုတ္ေသးတဲ့ မန္စီးတီးတိုက္စစ္မႉးအဂူ႐ို

မန္စီးတီးတိုက္စစ္မႉးဆာဂ်ီယိုအဂူ႐ိုဟာကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူႏွင့္ဆက္စပ္မႈေၾကာင့္ကြာရန္တင္းဝင္ခဲ့ရၿပီး ေနာက္ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္းစစ္ေဆးေတြ႕ရွိခဲ့ပါတယ္။

ယခုရာသီတြင္ဒဏ္ရာျပႆနာမ်ားႏွင့္ရင္ဆိုင္ရကာ႐ုန္းကန္ေနရတဲ့အဂူ႐ိုဟာဇန္နဝါရီလ၃ရက္ေန႔တုန္းကခ်ဲလ္ဆီးအား၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္၄မိနစ္ၾကာကစားၿပီးေနာက္မန္စီးတီးကစားခြင့္မရလာခဲ့တဲ့သူလည္းျဖစ္ပါ တယ္။

မန္စီးတီးဟာပရီးမီးယားလိဂ္မွာကိုဗစ္ကူးစက္မႈအခံရဆုံးကလပ္မ်ားထဲမွာတစ္ခုျဖစ္ၿပီးယခုရာသီအတြင္းတြင္ကိုးဦးေျမာက္ကိုဗစ္ကူးစက္ခံရတဲ့ကစားသမားအျဖစ္အဂူ႐ိုကူးစက္ခံခဲ့ရတာလည္းျဖစ္ပါတယ္။

မၾကာေသးမီတုန္းမွမန္စီးတီးအသင္းမွအဲရစ္ဂါစီယာ၊ဂါဘရီရယ္ဂ်ီးဆပ္စ္၊ကိုလီေဝါလ္ကား၊စေကာ့ကာဆင္၊ကိုးလ္ ပါလ္မားတို႔မွာလည္းကိုဗစ္ကူးစက္မႈခံခဲ့ရပါတယ္။

မန္စီးတီးနည္းျပဂြါဒီယိုလာဟာကလပ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားတဲ့အဂူ႐ိုကိုလာမယ့္အပတ္ပြဲစဥ္မ်ားတြင္မွအသုံးျပဳႏိုင္ေတာ့မွာျဖစ္ပါတယ္။