ကိုဗစ်ကူးစက်မခံထားရလို့ ကိုပါအမေရိကတွင် အာဂျင်တီးနားနှင့်အတူပါဝင် လာမယ့်အဂူရို

ဆာဂျီယိုအဂူရိုဟာကိုဗစ်ကူးစက်ခံထားရခြင်းမရှိကြောင်းတွေ့ရှိရပြီးနောက်အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲများနှင့်ကိုပါအမေရိကဖလားပြိုင်ပွဲတို့တွင်ပါဝင်လာတော့မှာဖြစ်ကြောင်းသိရပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာအသက်၃၃နှစ်ပြည့်မွေးနေ့ပါတီပွဲပြုလုပ်ပြီးနောက်ကိုဗစ်စစ်ဆေးမှုပြုလုပ်ခဲ့ရာမှာကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိရပါတယ်။

သူဟာချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ချဲလ်ဆီးကိုရှုံးနိမ့်ပြီးနောက်မန်စီးတီးမှထွက်ခွာကာဘာစီလိုနာသို့၂နှစ်စာချုပ်ဖြင့်ပြောင်းခဲ့သူလည်းဖြစ်ပါတယ်။

အဂူရိုဟာဘာစီလိုနာသို့ပြောင်းရွှေ့ပြီး၂ရက်အကြာမှာဘဲကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့တာပါ။

ဒါပေမယ့်အဂူရိုရဲ့ဖခင်ကအသက်၃၃နှစ်ရှိဘာစီလိုနာတိုက်စစ်မှူးသစ်အားနောက်ထပ်ကိုဗစ်စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင်ကိုဗစ်ကူးစက်ခံထားရကြောင်းမတွေ့ရှိခဲ့ပါဘူး။

ဒါကြောင့်လည်းအက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးဟောင်းဟာအာဂျင်တီးနားရဲ့ချီလီ၊ကိုလံဘီယာတို့နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအပြင်ကိုပါအမေရိကဖလားပြိုင်ပွဲတို့တွင်ပါဝင်လာတော့မှာဖြစ်ပါတယ်။

မန်စီးတီးတိုက်စစ်မှူးဟောင်းဟာယခုနှစ်အစောပိုင်းဇန်နဝါရီလတုန်းကလည်းကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့ရပြီးဖျားနာမှုကြောင့်၁၀ပွဲအထိလွဲချော်ခဲ့ဖူးသူဖြစ်ပါတယ်။

ZawGyi

ကိုဗစ္ကူးစက္မခံထားရလို႔ ကိုပါအေမရိကတြင္ အာဂ်င္တီးနားႏွင့္အတူပါဝင္ လာမယ့္အဂူ႐ို

ဆာဂ်ီယိုအဂူ႐ိုဟာကိုဗစ္ကူးစက္ခံထားရျခင္းမရွိေၾကာင္းေတြ႕ရွိရၿပီးေနာက္အာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲမ်ားႏွင့္ကိုပါအေမရိကဖလားၿပိဳင္ပြဲတို႔တြင္ပါဝင္လာေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

အာဂ်င္တီးနားတိုက္စစ္မႉးဟာအသက္၃၃ႏွစ္ျပည့္ေမြးေန႔ပါတီပြဲျပဳလုပ္ၿပီးေနာက္ကိုဗစ္စစ္ေဆးမႈျပဳလုပ္ခဲ့ရာမွာကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိရပါတယ္။

သူဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ခ်ဲလ္ဆီးကိုရႈံးနိမ့္ၿပီးေနာက္မန္စီးတီးမွထြက္ခြာကာဘာစီလိုနာသို႔၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းခဲ့သူလည္းျဖစ္ပါတယ္။

အဂူ႐ိုဟာဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ၿပီး၂ရက္အၾကာမွာဘဲကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိခဲ့တာပါ။

ဒါေပမယ့္အဂူ႐ိုရဲ႕ဖခင္ကအသက္၃၃ႏွစ္ရွိဘာစီလိုနာတိုက္စစ္မႉးသစ္အားေနာက္ထပ္ကိုဗစ္စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ရာတြင္ကိုဗစ္ကူးစက္ခံထားရေၾကာင္းမေတြ႕ရွိခဲ့ပါဘူး။

ဒါေၾကာင့္လည္းအက္သလက္တီကိုမက္ဒရစ္တိုက္စစ္မႉးေဟာင္းဟာအာဂ်င္တီးနားရဲ႕ခ်ီလီ၊ကိုလံဘီယာတို႔ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားအျပင္ကိုပါအေမရိကဖလားၿပိဳင္ပြဲတို႔တြင္ပါဝင္လာေတာ့မွာျဖစ္ပါတယ္။

မန္စီးတီးတိုက္စစ္မႉးေဟာင္းဟာယခုႏွစ္အေစာပိုင္းဇန္နဝါရီလတုန္းကလည္းကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိခဲ့ရၿပီးဖ်ားနာမႈေၾကာင့္၁၀ပြဲအထိလြဲေခ်ာ္ခဲ့ဖူးသူျဖစ္ပါတယ္။