ကိုဗစ်ကူးစက်မှုကြောင့် အမေရိကန်ခရီးကိုဖျက်ခဲ့ရတဲ့အပြင် ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်ကိုပါ ထိခိုက်လာတဲ့ အာဆင်နယ်

အာဆင်နယ်ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်မှာအသင်းအတွင်းကိုဗစ်ကူးစက်ပြန့်နှံ့မှုကြောင့်အမေရိကန်ခရီးစဉ်ဖျက်သိမ်းလိုက်ရကာအကြီးအကျယ်ထိခိုက်စေလျက်ရှိပါတယ်။

အာဆင်နယ်ဟာယခုအပတ်တွင်ဖလိုရီဒါသို့သွားရန်စီစဉ်ထားသော်လည်းအသင်းရှိကစားသမားအချို့တို့နှင့်နည်းပြအဖွဲ့ဝင်အချို့တို့တွင်ကိုဗစ်ကူးစက်မှုခံထားရပါတယ်။

အာဆင်နယ်ဟာယနေ့တွင်အမေရိကန်သို့သွားရောက်ရန်စီစဉ်ထားမှုနဲ့အတူတနင်္လာနေ့နှင့်အင်္ဂါနေ့တို့တွင်ကိုဗစ်စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင်ကိုဗစ်ကူးစက်ခံရသူများတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာတနင်္ဂနွေနေ့မှာဖလိုရီဒါဖလားဆီမီးဖိုင်နယ်အဖြစ်အင်တာမီလန်နှင့်ကစားရမှာဖြစ်ပြီးယခုအခါဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။

ဒါပေမယ့်ဖလိုရီဒါဖလားပြိုင်ပွဲတွင်ပါဝင်မယ့်အဲဗာတန်ကတော့အမေရိကန်သို့သွားရောက်မှာဖြစ်ပါတယ်။အဲဗာတန်ဟာကိုလံဘီယာကလပ်မီလိုနာရီယို့စ်နှင့်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဗိုလ်လုပွဲကိုဇူလိုင်လ၂၈ရက်နေ့တွင်ကစားပါမယ်။

အာဆင်နယ်ဟာလာမယ့်ဩဂုတ်လ၁၃ရက်နေ့မှာပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ်ဘရက်ဖို့ဒ်နှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi






