ကိုဗစ်ကူးစက်မှုနှစ်ခု ရှိနေ၍ လေ့ကျင့်ခန်းအစီအစဉ်ကို ဘာစီလိုနာ ဖျက်သိမ်း

ဘာစီလိုနာဟာအသင်းတွင်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူနှစ်ဦးတွေ့ရှိပြီးနောက်အင်္ဂါနေ့လေ့ကျင့်ခန်း အစီအစဉ်ကိုဖျက်သိမ်းခဲ့ရကြောင်းသိရပါတယ်။

ဘာစီလိုနာဟာဗုဒ္ဓဟူးနေ့မှာဆန်မာမက်စ်သို့သွားရောက်ကာဘီလ်ဘာအိုအား လာလီဂါအဝေးကွင်းပွဲစဉ်သွား ကစားရပါမယ်။ဒါပေမယ့်ဘာစီလိုနာဟာယင်းပွဲအတွက်ကိုဗစ်စစ်ဆေးမှုပြုလုပ်ရာတွင်ကလပ်ဝန်ထမ်းနှစ်ဦး တွင် ကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရမှုကြောင့်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကိုရပ်ဆိုင်းခဲ့ရပါတယ်။

ရော်နယ်ကိုးမန်းရဲ့ဘာစီလိုနာဟာလာလီဂါတွင်နောက်ဆုံး၆ပွဲဆက်တိုက်ရှုံးပွဲမရှိထားဘဲတနင်္ဂနွေနေ့တုန်းကဟူစကာနဲ့ပွဲတွင်၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ဒါပေမယ့်၎င်းတို့ဟာဗလင်စီယာ၊အီဘာတို့နှင့်သရေကျထားပါတယ်။

ZawGyi

ကိုဗစ္ကူးစက္မႈႏွစ္ခု ရွိေန၍ ေလ့က်င့္ခန္းအစီအစဥ္ကို ဘာစီလိုနာ ဖ်က္သိမ္း

ဘာစီလိုနာဟာအသင္းတြင္ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသူႏွစ္ဦးေတြ႕ရွိၿပီးေနာက္အဂၤါေန႔ကေလ့က်င့္ခန္း အစီအစဥ္ကိုဖ်က္သိမ္းခဲ့ရေၾကာင္းသိရပါတယ္။

ဘာစီလိုနာဟာဗုဒၶဟူးေန႔မွာဆန္မာမက္စ္သို႔သြားေရာက္ကာဘီလ္ဘာအိုအား လာလီဂါအေဝးကြင္းပြဲစဥ္သြား ကစားရပါမယ္။ဒါေပမယ့္ဘာစီလိုနာဟာယင္းပြဲအတြက္ကိုဗစ္စစ္ေဆးမႈျပဳလုပ္ရာတြင္ကလပ္ဝန္ထမ္းႏွစ္ဦး တြင္ ကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရမႈေၾကာင့္အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ကိုရပ္ဆိုင္းခဲ့ရပါတယ္။

ေရာ္နယ္ကိုးမန္းရဲ႕ဘာစီလိုနာဟာလာလီဂါတြင္ေနာက္ဆုံး၆ပြဲဆက္တိုက္ရႈံးပြဲမရွိထားဘဲတနဂၤေႏြေန႔တုန္းကဟူစကာနဲ႔ပြဲတြင္၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ဒါေပမယ့္၎တို႔ဟာဗလင္စီယာ၊အီဘာတို႔ႏွင့္သေရက်ထားပါတယ္။