ကိုဗစ်ကြောင့် ကော်နယ်လာ-ဘာစီလိုနာပွဲကို ရွှေ့ဆိုင်းရဖွယ်ရှိနေ

ကော်နယ်လာအသင်းတွင်ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှုများဖြစ်နေမှုနဲ့အတူလာမယ့်အပတ်ကြားရက်တွင်ဘာစီလိုနာနှင့်ရင်ဆိုင်ကစားရမယ့်ကိုပါဒယ်ရေးပွဲစဉ်ကိုရွှေ့ဆိုင်းရဖွယ်ရှိနေကြောင်းသိရပါတယ်။

ကော်နယ်လာအသင်းမှာကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှုများဖြစ်နေပြီးအိုလော့ဒ်နှင့်ကစားရမယ့်ဆီဂန်ဒါဘီပွဲစဉ်ကို ရွှေ့ဆိုင်းထားခဲ့ရပြီးလည်းဖြစ်ပါတယ်။

ကော်နယ်လာကစားသမားများဟာမနက်ဖြန်တနင်္လာနေ့တွင်ကိုဗစ်စမ်းသပ်မှုထပ်မံခံယူရဦးမှာဖြစ်ပြီးယင်းစစ်ဆေးမှုရလဒ်ထွက်လာချိန်တွင်မှကြာသပတေးညတွင်ကစားရမယ့်ဘာစီလိုနာနှင့်ကိုပါဒယ်ရေးပွဲကိုကစား/မကစားကာဆုံးဖြတ်သွားမှာလည်းဖြစ်ပါတယ်။

ကော်နယ်လာဟာလာလီဂါအမှတ်ပေးဇယားကိုဦးဆောင်နေတဲ့အက်သလက်တီကိုမက်ဒရစ်အားအနိုင်ရယူကာ ကိုပါဒယ်ရေး၃၂သင်းအဆင့်သို့တက်ရောက်လာတဲ့ကလပ်လည်းဖြစ်ပါတယ်။

ဘာစီလိုနာဟာယနေ့ညမှာဘီလ်ဘာအိုနှင့်စပိန်စူပါဖလားပွဲကစားရန်ရှိနေမှုကြောင့်ကော်နယ်လာနှင့်ပွဲကို ကြာသပတေးနေ့ညသို့ရွှေ့ဆိုင်းထားတာလည်းဖြစ်ပါတယ်။

ZawGyi

ကိုဗစ္ေၾကာင့္ ေကာ္နယ္လာ-ဘာစီလိုနာပြဲကို ေ႐ႊ႕ဆိုင္းရဖြယ္ရွိေန

ေကာ္နယ္လာအသင္းတြင္ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔ကူးစက္မႈမ်ားျဖစ္ေနမႈနဲ႔အတူလာမယ့္အပတ္ၾကားရက္တြင္ဘာစီလိုနာႏွင့္ရင္ဆိုင္ကစားရမယ့္ကိုပါဒယ္ေရးပြဲစဥ္ကိုေ႐ႊ႕ဆိုင္းရဖြယ္ရွိေနေၾကာင္းသိရပါတယ္။

ေကာ္နယ္လာအသင္းမွာကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔ကူးစက္မႈမ်ားျဖစ္ေနၿပီးအိုေလာ့ဒ္ႏွင့္ကစားရမယ့္ဆီဂန္ဒါဘီပြဲစဥ္ကို ေ႐ႊ႕ဆိုင္းထားခဲ့ရၿပီးလည္းျဖစ္ပါတယ္။

ေကာ္နယ္လာကစားသမားမ်ားဟာမနက္ျဖန္တနလၤာေန႔တြင္ကိုဗစ္စမ္းသပ္မႈထပ္မံခံယူရဦးမွာျဖစ္ၿပီးယင္းစစ္ေဆးမႈရလဒ္ထြက္လာခ်ိန္တြင္မွၾကာသပေတးညတြင္ကစားရမယ့္ဘာစီလိုနာႏွင့္ကိုပါဒယ္ေရးပြဲကိုကစား/မကစားကာဆုံးျဖတ္သြားမွာလည္းျဖစ္ပါတယ္။

ေကာ္နယ္လာဟာလာလီဂါအမွတ္ေပးဇယားကိုဦးေဆာင္ေနတဲ့အက္သလက္တီကိုမက္ဒရစ္အားအႏိုင္ရယူကာ ကိုပါဒယ္ေရး၃၂သင္းအဆင့္သို႔တက္ေရာက္လာတဲ့ကလပ္လည္းျဖစ္ပါတယ္။

ဘာစီလိုနာဟာယေန႔ညမွာဘီလ္ဘာအိုႏွင့္စပိန္စူပါဖလားပြဲကစားရန္ရွိေနမႈေၾကာင့္ေကာ္နယ္လာႏွင့္ပြဲကို ၾကာသပေတးေန႔ညသို႔ေ႐ႊ႕ဆိုင္းထားတာလည္းျဖစ္ပါတယ္။