ကိုဗစ်ကြောင့် ဂိုးသမားအဖြစ် ရေးဗားပလိတ်အလယ်တန်းကစားသမားပီရက်ဇ်ကစားခဲ့ရပြီး အကောင်းဆုံးဆုပါရယူခဲ့

ရေဗားပလိတ်ဟာအသင်းအတွင်းမှာကိုဗစ်ကူးစက်မှုများဖြစ်ပွားနေခြင်းကြောင့်ဆန်တာဖဲနှင့်ရင်ဆိုင်ကစားရတဲ့လီဘာတာဒို့စ်ဖလားပွဲစဉ်တွင်အလယ်တန်းကစားသမားအန်ဇိုပီရက်ဇ်ကိုဂိုးသမားအဖြစ်အရဲစွန့်အသုံးပြုခဲ့ရပါတယ်။

အလယ်တန်းကစားသမားအန်ဇိုပီရက်ဇ်ဟာဂိုးသမားအဖြစ်နေရာပြောင်းကစားခဲ့ရပေမယ့်လည်းမထင်မှတ်လောက်အောင်လုပ်ပြနိုင်ခဲ့ကာပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုပါဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရေဗားပလိတ်အသင်းတွင်ဂိုးသမားလေးဦးလုံးအပါအဝင်ကစားသမား၂၀ဦးတို့ကိုဗစ်ကူးစက်ခြင်းခံထားရပြီးဆန်တာဖဲနှင့်ပွဲစဉ်အတွက်ကစားသမားရွေးချယ်ရန်၁၁ဦးတည်းသာရှိနေခဲ့ပါတယ်။

ရေးဗားပလိတ်ဟာဂိုးသမားတစ်ဦးကိုငှားရမ်းအသုံးပြုခွင့်တောင်းဆိုခဲ့ပေမယ့်တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ကပယ်ချခဲ့ပါတယ်။ဒါကြောင့်လည်း၎င်းတို့ဟာဗလင်စီယာနှင့်ဘင်ဖီကာအလယ်တန်းကစားသမားဟောင်းအန်ဇိုပီရက်ဇ်ကိုဂိုးသမားအဖြစ်အသုံးပြုခဲ့ရပါတယ်။

ပီရက်ဇ်ဟာယင်းပွဲစဉ်အတွက်အသင်းအတွက်လက်စွမ်းပြကစားနိုင်ခဲ့ပြီး၂-၁ဂိုးဖြင့်အနိုင်ရရှိအောင်ပါကူညီပေးနိုင်ခဲ့ပါတယ်။

၂၀၁၄ကမ္ဘာ့ဖလားဗိုလ်လုပွဲတုန်းကဂျာမနီနှင့်ပွဲတွင်ပါဝင်ကစားခဲ့တဲ့အသက်၃၅နှစ်ရှိကစားသမားဟာအလယ်တန်းကစားသမားအဖြစ်မှဂိုးသမားသို့ပြောင်းကစားခဲ့မှုနဲ့အတူ ယူအီးအက်ဖ်အေချန်ပီယံလိဂ်ကဲ့သို့ကလပ်အမြင့်ပွဲတစ်ခုဖြစ်တဲ့ဆန်တာဖဲနှင့်ပွဲတွင်ဂိုးများစွာပေးရလိမ့်မယ်လို့မျှော်လင့်ခဲ့ရပေမယ့်တစ်ဂိုးတည်းသာပေးခဲ့ရပါတယ်။

ပီရက်ဇ်ဟာဆန်တာဖဲနှင့်ပွဲစဉ်မတိုင်မီလေ့ကျင့်ခန်းအစီအစဉ်များတွင်ပင်နယ်တီကာကွယ်မှုလေ့ကျင့်ခန်းများကိုပါပြုလုပ်ထားခဲ့ကြောင်းသိရပါတယ်။

ZawGyi

ကိုဗစ်ကြောင့် ဂိုးသမားအဖြစ် ရေးဗားပလိဂ်အလယ်တန်းကစားသမားပီရက်ဇ်ကစားခဲ့ရပြီး အကောင်းဆုံးဆုပါရယူခဲ့






