ကိုဗစ်ကြောင့် ဘရန့်ဖို့ဒ်နှင့်ပရီးမီးယားလိဂ်အဖွင့်ပွဲကို အူဘာမီယန်နှင့်လာကာဇက်တီတို့လွဲချော်ခဲ့ခြင်းဖြစ်

အာဆင်နယ်ကပီယာရီအီမီရစ်အူဘာမီယန်နှင့်အလက်ဇန္ဒားလာကာဇက်တီတို့ဟာကလပ်အတွင်းကိုဗစ်ကူးစက်ပြန့်နှံ့မှုနဲ့မှုနဲ့အတူဘရန့်ဖို့ဒ်အားရှုံးနိမ့်တဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲကိုလွဲချော်ခဲ့ခြင်းဖြစ်ကြောင်းကြေညာလာပါတယ်။

အူဘာမီယန်နှင့်လာကာဇက်တီတို့အဓိကတိုက်စစ်သမားနှစ်ဦးတို့ဟာပြီးခဲ့တဲ့အပတ်သောကြာနေ့တုန်းကပရီးမီးယားလိဂ်မျက်နှာသစ်ဘရန့်ဖို့ဒ်အား၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲကိုလွဲချော်ခဲ့ကြပါတယ်။

ထိုစဉ်တုန်းကအာဆင်နယ်ကယင်းတိုက်စစ်မှူးနှစ်ဦးတို့မှာဖျားနာနေမှုကြောင့်မပါဝင်နိုင်ခြင်းဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

ဒါပေမယ့်ယခုအခါမှာတော့အာဆင်နယ်က၎င်းတို့နှစ်ဦးအပြင်ဂိုးသမားရူနာဆင်၊ကွင်းလယ်ဖန်တီးရှင်ဝီလီယံတို့မှာကိုဗစ်ကူးစက်ခြင်းခံခဲ့ရကြောင်းအတည်ပြုလာပါတယ်။

ကံကောင်းတာကတော့အသက်၃၂နှစ်ရှိအသင်းခေါင်းဆောင်အူဘာမီယန်မှာကိုဗစ်နက်ဂတစ်တွေ့လာရခြင်းဖြစ်ပါတယ်။ဒါကြောင့်အူဘာမီယန်ဟာသောကြာနေ့လေ့ကျင့်ခန်းအစီအစဉ်တွင်စတင်ပါဝင်လာဖို့ရှိနေပါတယ်။

တကယ်လို့အူဘာမီယန်ဟာကြံ့ခိုင်မှုပိုင်းအခြေအနေကောင်းမွန်နေပါကတနင်္ဂနွေနေ့တွင်ချဲလ်ဆီးနှင့်ရင်ဆိုင်ရမယ့်ပွဲတွင်ပါဝင်လာပါမယ်။

ဒါပေမယ့်လာကာဇက်တီမှာမူကိုဗစ်ပေါ့စတစ်အဖြစ်ရှိနေဆဲဖြစ်ပါတယ်။

ZawGyi

ကိုဗစ္ေၾကာင့္ ဘရန႔္ဖို႔ဒ္ႏွင့္ပရီးမီးယားလိဂ္အဖြင့္ပြဲကို အူဘာမီယန္ႏွင့္လာကာဇက္တီတို႔လြဲေခ်ာ္ခဲ့ျခင္းျဖစ္

အာဆင္နယ္ကပီယာရီအီမီရစ္အူဘာမီယန္ႏွင့္အလက္ဇႏၵားလာကာဇက္တီတို႔ဟာကလပ္အတြင္းကိုဗစ္ကူးစက္ျပန႔္ႏွံ႔မႈနဲ႔မႈနဲ႔အတူဘရန႔္ဖို႔ဒ္အားရႈံးနိမ့္တဲ့ပရီးမီးယားလိဂ္အဖြင့္ပြဲကိုလြဲေခ်ာ္ခဲ့ျခင္းျဖစ္ေၾကာင္းေၾကညာလာပါတယ္။

အူဘာမီယန္ႏွင့္လာကာဇက္တီတို႔အဓိကတိုက္စစ္သမားႏွစ္ဦးတို႔ဟာၿပီးခဲ့တဲ့အပတ္ေသာၾကာေန႔တုန္းကပရီးမီးယားလိဂ္မ်က္ႏွာသစ္ဘရန႔္ဖို႔ဒ္အား၂-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲကိုလြဲေခ်ာ္ခဲ့ၾကပါတယ္။

ထိုစဥ္တုန္းကအာဆင္နယ္ကယင္းတိုက္စစ္မႉးႏွစ္ဦးတို႔မွာဖ်ားနာေနမႈေၾကာင့္မပါဝင္ႏိုင္ျခင္းျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။

ဒါေပမယ့္ယခုအခါမွာေတာ့အာဆင္နယ္က၎တို႔ႏွစ္ဦးအျပင္ဂိုးသမား႐ူနာဆင္၊ကြင္းလယ္ဖန္တီးရွင္ဝီလီယံတို႔မွာကိုဗစ္ကူးစက္ျခင္းခံခဲ့ရေၾကာင္းအတည္ျပဳလာပါတယ္။

ကံေကာင္းတာကေတာ့အသက္၃၂ႏွစ္ရွိအသင္းေခါင္းေဆာင္အူဘာမီယန္မွာကိုဗစ္နက္ဂတစ္ေတြ႕လာရျခင္းျဖစ္ပါတယ္။ဒါေၾကာင့္အူဘာမီယန္ဟာေသာၾကာေန႔ေလ့က်င့္ခန္းအစီအစဥ္တြင္စတင္ပါဝင္လာဖို႔ရွိေနပါတယ္။

တကယ္လို႔အူဘာမီယန္ဟာႀကံ့ခိုင္မႈပိုင္းအေျခအေနေကာင္းမြန္ေနပါကတနဂၤေႏြေန႔တြင္ခ်ဲလ္ဆီးႏွင့္ရင္ဆိုင္ရမယ့္ပြဲတြင္ပါဝင္လာပါမယ္။

ဒါေပမယ့္လာကာဇက္တီမွာမူကိုဗစ္ေပါ့စတစ္အျဖစ္ရွိေနဆဲျဖစ္ပါတယ္။