ကိုဗစ်ကြောင့် ဝင်ငွေထိခဲ့ပေမယ့် အမြတ်ထွက်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးက၂၀၁၉-၂၀ရာသီမှာပေါင်၃၂.၅သန်းအမြတ်ထွက်ခဲ့ကြောင်းထုတ်ပြန်ကြေညာသွားပါတယ်။ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီတုန်းကအမြတ်ထွက်ခဲ့တယ်ဆိုပေမယ့်ကိုဗစ်ကြောင့်ဝင်ငွေပိုင်းများစွာလျှော့နည်းခဲ့ပါတယ်။

ချဲလ်ဆီးဟာ၂၀၁၉-၂၀ရာသီမှာဝင်ငွေပေါင်၄၀၇.၄သန်းသာရရှိခဲ့ပြီးယမန်တစ်ရာသီတုန်းကပေါင်၄၄၆.၇သန်းအထိ ရရှိခဲ့ပါတယ်။ယင်းသို့ကလပ်ရဲ့ဝင်ငွေလျှော့သွားခဲ့ပေမယ့်လည်းချဲလ်ဆီးဟာကစားသမားရောင်းချမှု၊ချန်ပီယံလိဂ် ဝင်ခွင့်ရရှိမှုတို့ကြောင့်အမြတ်ငွေရရှိခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးဟာ၂၀၂၀ခုနှစ်နွေရာသီမှာတော့ကိုင်ဟာဗတ်ဇ်၊တီမိုဝါနာ၊ဘင်ချဲလ်ဝဲလ်၊မင်ဒီတို့ကိုမြင့်မားတဲ့ပြောင်းရွှေ့ကြေးများဖြင့်ခေါ်ယူခဲ့ကာပြောင်းရွှေ့ကြေးပေါင်သန်းတစ်ရာကျော်အသုံးပြုခဲ့ပါတယ်။ချဲလ်ဆီးဟာနွေရာသီ အပြောင်းအရွှေ့မတိုင်မီကစားသမားခေါ်ယူခွင့်အပြောင်းအရွှေ့နှစ်ခုအပိတ်ခံခဲ့ရတဲ့ကလပ်လည်းဖြစ်ပါတယ်။

ချဲလ်ဆီးဟာရာသီအစပိုင်းတုန်းကပရီးမီးယားလိဂ်မှာရလဒ်ကောင်းခဲ့ပေမယ့်နောက်ဆုံးနှစ်ပွဲမှာရမှတ်၁မှတ်တည်းသာရယူထားနိုင်ပါတယ်။၎င်းတို့ဟာလာမယ့်ဇန်နဝါရီလ၃ရက်နေ့မှာမန်စီးတီးနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ကိုဗစ္ေၾကာင့္ ဝင္ေငြထိခဲ့ေပမယ့္ အျမတ္ထြက္ခဲ့တဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးက၂၀၁၉-၂၀ရာသီမွာေပါင္၃၂.၅သန္းအျမတ္ထြက္ခဲ့ေၾကာင္းထုတ္ျပန္ေၾကညာသြားပါတယ္။ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ရာသီတုန္းကအျမတ္ထြက္ခဲ့တယ္ဆိုေပမယ့္ကိုဗစ္ေၾကာင့္ဝင္ေငြပိုင္းမ်ားစြာေလွ်ာ့နည္းခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ၂၀၁၉-၂၀ရာသီမွာဝင္ေငြေပါင္၄၀၇.၄သန္းသာရရွိခဲ့ၿပီးယမန္တစ္ရာသီတုန္းကေပါင္၄၄၆.၇သန္းအထိ ရရွိခဲ့ပါတယ္။ယင္းသို႔ကလပ္ရဲ႕ဝင္ေငြေလွ်ာ့သြားခဲ့ေပမယ့္လည္းခ်ဲလ္ဆီးဟာကစားသမားေရာင္းခ်မႈ၊ခ်န္ပီယံလိဂ္ ဝင္ခြင့္ရရွိမႈတို႔ေၾကာင့္အျမတ္ေငြရရွိခဲ့တာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ၂၀၂၀ခုႏွစ္ေႏြရာသီမွာေတာ့ကိုင္ဟာဗတ္ဇ္၊တီမိုဝါနာ၊ဘင္ခ်ဲလ္ဝဲလ္၊မင္ဒီတို႔ကိုျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးမ်ားျဖင့္ေခၚယူခဲ့ကာေျပာင္းေ႐ႊ႕ေၾကးေပါင္သန္းတစ္ရာေက်ာ္အသုံးျပဳခဲ့ပါတယ္။ခ်ဲလ္ဆီးဟာေႏြရာသီ အေျပာင္းအေ႐ႊ႕မတိုင္မီကစားသမားေခၚယူခြင့္အေျပာင္းအေ႐ႊ႕ႏွစ္ခုအပိတ္ခံခဲ့ရတဲ့ကလပ္လည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာရာသီအစပိုင္းတုန္းကပရီးမီးယားလိဂ္မွာရလဒ္ေကာင္းခဲ့ေပမယ့္ေနာက္ဆုံးႏွစ္ပြဲမွာရမွတ္၁မွတ္တည္းသာရယူထားႏိုင္ပါတယ္။၎တို႔ဟာလာမယ့္ဇန္နဝါရီလ၃ရက္ေန႔မွာမန္စီးတီးႏွင့္ရင္ဆိုင္ကစားရပါမယ္။