ကိုဗစ်ကြောင့် အာဆင်နယ်စတားတိုရဲရားရဲ့မိခင်ကွယ်လွန်

အာဆင်နယ်အလယ်တန်းကစားသမားလူးကပ်စ်တိုရဲရားရဲ့မိခင်ဟာကိုဗစ်ရောဂါဝေဒနာခံစားရပြီးနောက်ကွယ်လွန်သွားခဲ့ပါတယ်။

အသက်၅၃နှစ်ရှိဗီဗီယာနာဒီပါစကူယာဟာမကြာသေးမီတုန်းကကိုဗစ်ရောဂါခံစားရပြီးနောက်ဥရုဂွေးတွင်ဆေးရုံတက်ခဲ့ရကာအထူးဂရုစိုက်ကုသခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့်သူမရဲ့ကျန်းမာရေးအခြေအနေဟာအင်္ဂါနေ့တုန်းကဆိုးရွားလာပြီးနောက်ကွယ်လွန်သွားခဲ့ကြောင်းဒေသတွင်းမီဒီယာများကဖော်ပြသွားပါတယ်။

အာဆင်နယ်မှအက်သလက်တီကိုသို့အငှားဖြင့်သွားရောက်ကစားနေတဲ့တိုရဲရားဟာမိခင်ဖြစ်သူမကျန်းမမာဖြစ်ပြီးနောက်မိခင်နှင့်နီးနီးကပ်ကပ်ရှိနေစေရန်ဆဲလ်တိုရှိဟိုတယ်တစ်ခုတွင်နေထိုင်နေပါတယ်။

တိုရဲရားဟာပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကမိခင်ဖြစ်သူရဲ့ပုံတူကိုခြေသလုံးတွင်ဆေးမင်ကြောင်းထိုးထားကြောင်းပရိသတ်များကိုပရိသတ်များကိုပြသခဲ့ပါတယ်။သူဟာမိခင်ဖြစ်သူနှင့်ရိုက်ကူးထားတဲ့ ဓာတ်ပုံကိုလည်းဆိုရှယ်မီဒီယာမှာမကြာခဏတင်လေ့ရှိသူလည်းဖြစ်ပါတယ်။

ဥရုဂွေးတွင်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်သိန်းနီးပါးရှိပြီးလူတစ်ထောင်နီးပါးသေဆုံးထားပြီဂဖြစ်ပါတယ်။

ZawGyi

ကိုဗစ္ေၾကာင့္ အာဆင္နယ္စတားတိုရဲရားရဲ႕မိခင္ကြယ္လြန္

အာဆင္နယ္အလယ္တန္းကစားသမားလူးကပ္စ္တိုရဲရားရဲ႕မိခင္ဟာကိုဗစ္ေရာဂါေဝဒနာခံစားရၿပီးေနာက္ကြယ္လြန္သြားခဲ့ပါတယ္။

အသက္၅၃ႏွစ္ရွိဗီဗီယာနာဒီပါစကူယာဟာမၾကာေသးမီတုန္းကကိုဗစ္ေရာဂါခံစားရၿပီးေနာက္ဥ႐ုေဂြးတြင္ေဆး႐ုံတက္ခဲ့ရကာအထူးဂ႐ုစိုက္ကုသျခင္းခံခဲ့ရပါတယ္။

ဒါေပမယ့္သူမရဲ႕က်န္းမာေရးအေျခအေနဟာအဂၤါေန႔တုန္းကဆိုး႐ြားလာၿပီးေနာက္ကြယ္လြန္သြားခဲ့ေၾကာင္းေဒသတြင္းမီဒီယာမ်ားကေဖာ္ျပသြားပါတယ္။

အာဆင္နယ္မွအက္သလက္တီကိုသို႔အငွားျဖင့္သြားေရာက္ကစားေနတဲ့တိုရဲရားဟာမိခင္ျဖစ္သူမက်န္းမမာျဖစ္ၿပီးေနာက္မိခင္ႏွင့္နီးနီးကပ္ကပ္ရွိေနေစရန္ဆဲလ္တိုရွိဟိုတယ္တစ္ခုတြင္ေနထိုင္ေနပါတယ္။

တိုရဲရားဟာၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းကမိခင္ျဖစ္သူရဲ႕ပုံတူကိုေျခသလုံးတြင္ေဆးမင္ေၾကာင္းထိုးထားေၾကာင္းပရိသတ္မ်ားကိုပရိသတ္မ်ားကိုျပသခဲ့ပါတယ္။သူဟာမိခင္ျဖစ္သူႏွင့္႐ိုက္ကူးထားတဲ့ ဓာတ္ပုံကိုလည္းဆိုရွယ္မီဒီယာမွာမၾကာခဏတင္ေလ့ရွိသူလည္းျဖစ္ပါတယ္။

ဥ႐ုေဂြးတြင္ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူတစ္သိန္းနီးပါးရွိၿပီးလူတစ္ေထာင္နီးပါးေသဆုံးထားၿပီဂျဖစ္ပါတယ္။