ကိုဗစ်ကြောင့် ၂၀၁၉-၂၀ ရာသီတုန်းက ပရီးမီးယားလိဂ်ကလပ်များရဲ့ဝင်ငွေ ပေါင် ၆၁၈ သန်းအထိနစ်နာ

ပရီးမီးယားလိဂ်ထိပ်သီးကလပ်များကြတဲ့မန်ယူ၊အာဆင်နယ်၊ချဲလ်ဆီးတို့ဟာ၂၀၁၉-၂၀ရာသီတုန်းကကိုဗစ်ရိုက်ခတ်မှုကြောင့်အကြီးအကျယ်ဝင်ငွေထိခိုက်ခဲ့ကြရပါတယ်။

ပရီးမီးယားလိဂ်ကလပ်များဟာ၂၀၁၉-၂၀ဘောလုံးရာသီရဲ့နောက်ဆုံးသုံးလမှာကိုဗစ်ပထမလှိုင်းကြောင့်ဘောလုံးပွဲများကိုပရိသတ်မပါဘဲကစားခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်ကလပ်များဟာ၂၀၁၉-၂၀ရာသီမှာကိုဗစ်ကြောင့်စုစုပေါင်းဝင်ငွေပေါင်၆၁၈သန်းအထိနစ်နာခဲ့ကြပါတယ်။ယင်းအထဲမှာမန်ယူကပေါင်၁၁၈သန်းအထိနစ်နာကအများဆုံးနစ်နာခဲ့ပါတယ်။

မန်ယူပြီးနောက်ငွေကြေးနစ်နာမှုအများဆုံးဖြစ်ခဲ့တဲ့ကလပ်ကတော့စပါးစ်(ပေါင်၆၉သန်း)၊မန်စီးတီး(ပေါင်၅၇သန်း)၊အာဆင်နယ်(ပေါင်၅၂သန်း)၊ဝက်စ်ဟမ်း(ပေါင်၅၁သန်း)ဖြစ်ပါတယ်။ပရီးမီးယားလိဂ်ထိပ်သီးများထဲမှချဲလ်ဆီးကပေါင်သန်း၄၀နှင့်လီဗာပူးကပေါင်၄၃သန်းတို့သာအသီးသီးနစ်နာခဲ့ပါတယ်။

၂၀၁၉-၂၀ဘောလုံးရာသီမှာကိုဗစ်ကြောင့်ငွေကြေးနစ်နာမှုအနည်းဆုံးကတော့အဲဗာတန်ဖြစ်ပြီးပေါင်၂သန်းတည်းသာနစ်နာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်များဟာလည်း၂၀၂၀-၂၁ဘောလုံးရာသီတွင်လည်းပရိသတ်မပါဘဲကစားခဲ့ရပါတယ်။

၎င်းတို့ဟာယခုရာသီသစ်တွင်မှပရိသတ်အရေအတွက်အကန့်အသတ်ဖြင့်ပြန်လည်ကစားရပြီးပြန်လည်နလန်ထူလာခါစသာရှိပါသေးတယ်။

ZawGyi

ကိုဗစ္ေၾကာင့္ ၂၀၁၉-၂၀ ရာသီတုန္းက ပရီးမီးယားလိဂ္ကလပ္မ်ားရဲ႕ဝင္ေငြ ေပါင္ ၆၁၈ သန္းအထိနစ္နာ

ပရီးမီးယားလိဂ္ထိပ္သီးကလပ္မ်ားၾကတဲ့မန္ယူ၊အာဆင္နယ္၊ခ်ဲလ္ဆီးတို႔ဟာ၂၀၁၉-၂၀ရာသီတုန္းကကိုဗစ္႐ိုက္ခတ္မႈေၾကာင့္အႀကီးအက်ယ္ဝင္ေငြထိခိုက္ခဲ့ၾကရပါတယ္။

ပရီးမီးယားလိဂ္ကလပ္မ်ားဟာ၂၀၁၉-၂၀ေဘာလုံးရာသီရဲ႕ေနာက္ဆုံးသုံးလမွာကိုဗစ္ပထမလႈိင္းေၾကာင့္ေဘာလုံးပြဲမ်ားကိုပရိသတ္မပါဘဲကစားခဲ့ၾကပါတယ္။

ပရီးမီးယားလိဂ္ကလပ္မ်ားဟာ၂၀၁၉-၂၀ရာသီမွာကိုဗစ္ေၾကာင့္စုစုေပါင္းဝင္ေငြေပါင္၆၁၈သန္းအထိနစ္နာခဲ့ၾကပါတယ္။ယင္းအထဲမွာမန္ယူကေပါင္၁၁၈သန္းအထိနစ္နာကအမ်ားဆုံးနစ္နာခဲ့ပါတယ္။

မန္ယူၿပီးေနာက္ေငြေၾကးနစ္နာမႈအမ်ားဆုံးျဖစ္ခဲ့တဲ့ကလပ္ကေတာ့စပါးစ္(ေပါင္၆၉သန္း)၊မန္စီးတီး(ေပါင္၅၇သန္း)၊အာဆင္နယ္(ေပါင္၅၂သန္း)၊ဝက္စ္ဟမ္း(ေပါင္၅၁သန္း)ျဖစ္ပါတယ္။ပရီးမီးယားလိဂ္ထိပ္သီးမ်ားထဲမွခ်ဲလ္ဆီးကေပါင္သန္း၄၀ႏွင့္လီဗာပူးကေပါင္၄၃သန္းတို႔သာအသီးသီးနစ္နာခဲ့ပါတယ္။

၂၀၁၉-၂၀ေဘာလုံးရာသီမွာကိုဗစ္ေၾကာင့္ေငြေၾကးနစ္နာမႈအနည္းဆုံးကေတာ့အဲဗာတန္ျဖစ္ၿပီးေပါင္၂သန္းတည္းသာနစ္နာခဲ့ပါတယ္။

ပရီးမီးယားလိဂ္ကလပ္မ်ားဟာလည္း၂၀၂၀-၂၁ေဘာလုံးရာသီတြင္လည္းပရိသတ္မပါဘဲကစားခဲ့ရပါတယ္။

၎တို႔ဟာယခုရာသီသစ္တြင္မွပရိသတ္အေရအတြက္အကန႔္အသတ္ျဖင့္ျပန္လည္ကစားရၿပီးျပန္လည္နလန္ထူလာခါစသာရွိပါေသးတယ္။