ကိုဗစ်စည်းကမ်းချိုးဖောက်မှုကြောင့် အမေရိကန်အသင်းမှ အထုတ်ခံခဲ့ရတဲ့ ဂျူဗီကွင်းလယ်လူမက်ကန်နီ

ဂျူဗင်တပ်အလယ်တန်းကစားသမားဝက်စ်တွန်မက်ကန်နီဟာကိုဗစ်စည်းမျဉ်းစည်းကမ်းချိုးဖောက်မှုကြောင့်အမေရိကန်အသင်းမှနုတ်ထွက်ခဲ့ရပြီးအီတလီသို့ပြန်ခဲ့ရကြောင်းသိရပါတယ်။

မက်ကန်နီဟာပြီးခဲ့တဲ့သောကြာနေ့တုန်းကအယ်လ်ဆာဗေးဒိုးနှင့်တစ်ဂိုးစီသရေကျတဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်ပါဝင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်သူဟာတနင်္လာနေ့တုန်းကကနေဒါနှင့်တစ်ဂိုးစီသရေကျတဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာတော့အီတလီလူစာရင်းမှာတောင်မပါဝင်ခဲ့ပါဘူး။

နောက်ပိုင်းမှာတော့အမေရိကန်နည်းပြဂရက်ဘာဟယ်တာကကိုဗစ်စည်းမျဉ်းချိုးဖောက်မှုကြောင့်မက်ကန်နီကိုအိမ်ပြန်လွှတ်ခဲ့ခြင်းဖြစ်ကြောင်းအတည်ပြုသွားပါတယ်။

ဘာဟယ်တာက “အီတလီသို့ဝက်စ်တွန်ပြန်ပါတယ်။အသင်းရဲ့ပေါ်လစီစည်းမျဉ်းကိုမလိုက်နာလို့သူဟာဟွန်ဒူးရပ်စ်ပွဲမှာပါဝင်မှာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

မက်ကန်နီဟာအရေးပါတဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲသုံးပွဲကစားရန်ရှိတဲ့အချိန်တွင်ကိုဗစ်စည်းမျဉ်းချိုးဖောက်မှုပြုလုပ်ခဲ့မှုအတွက်အပြင်းအထန်ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပါတယ်။မက်ကန်နီဘက်ကလည်းသူ့ဘက်ကအမှားအယွင်းလုပ်ဆောင်မှုအတွက်တောင်းပန်မှုပြုလုပ်ထားပါတယ်။

အမေရိကန်အသင်းဟာ၂၀၁၈ကမ္ဘာ့ဖလားတုန်းကလည်းခြေစစ်ပွဲကျခဲ့တဲ့အသင်းဖြစ်ပါတယ်။

ZawGyi

ကိုဗစ္စည္းကမ္းခ်ိဳးေဖာက္မႈေၾကာင့္ အေမရိကန္အသင္းမွ အထုတ္ခံခဲ့ရတဲ့ ဂ်ဴဗီကြင္းလယ္လူမက္ကန္နီ

ဂ်ဴဗင္တပ္အလယ္တန္းကစားသမားဝက္စ္တြန္မက္ကန္နီဟာကိုဗစ္စည္းမ်ဥ္းစည္းကမ္းခ်ိဳးေဖာက္မႈေၾကာင့္အေမရိကန္အသင္းမွႏုတ္ထြက္ခဲ့ရၿပီးအီတလီသို႔ျပန္ခဲ့ရေၾကာင္းသိရပါတယ္။

မက္ကန္နီဟာၿပီးခဲ့တဲ့ေသာၾကာေန႔တုန္းကအယ္လ္ဆာေဗးဒိုးႏွင့္တစ္ဂိုးစီသေရက်တဲ့ကမာၻ႔ဖလားေျခစစ္ပြဲတြင္ပါဝင္ခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္သူဟာတနလၤာေန႔တုန္းကကေနဒါႏွင့္တစ္ဂိုးစီသေရက်တဲ့ကမာၻ႔ဖလားေျခစစ္ပြဲမွာေတာ့အီတလီလူစာရင္းမွာေတာင္မပါဝင္ခဲ့ပါဘူး။

ေနာက္ပိုင္းမွာေတာ့အေမရိကန္နည္းျပဂရက္ဘာဟယ္တာကကိုဗစ္စည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္မက္ကန္နီကိုအိမ္ျပန္လႊတ္ခဲ့ျခင္းျဖစ္ေၾကာင္းအတည္ျပဳသြားပါတယ္။

ဘာဟယ္တာက “အီတလီသို႔ဝက္စ္တြန္ျပန္ပါတယ္။အသင္းရဲ႕ေပၚလစီစည္းမ်ဥ္းကိုမလိုက္နာလို႔သူဟာဟြန္ဒူးရပ္စ္ပြဲမွာပါဝင္မွာမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

မက္ကန္နီဟာအေရးပါတဲ့ကမာၻ႔ဖလားေျခစစ္ပြဲသုံးပြဲကစားရန္ရွိတဲ့အခ်ိန္တြင္ကိုဗစ္စည္းမ်ဥ္းခ်ိဳးေဖာက္မႈျပဳလုပ္ခဲ့မႈအတြက္အျပင္းအထန္ေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။မက္ကန္နီဘက္ကလည္းသူ႔ဘက္ကအမွားအယြင္းလုပ္ေဆာင္မႈအတြက္ေတာင္းပန္မႈျပဳလုပ္ထားပါတယ္။

အေမရိကန္အသင္းဟာ၂၀၁၈ကမာၻ႔ဖလားတုန္းကလည္းေျခစစ္ပြဲက်ခဲ့တဲ့အသင္းျဖစ္ပါတယ္။