ကိုဗစ်တွေ့ရှိမှုကြောင့် ပီအက်စ်ဂျီနှင့်ပွဲအပါအဝင် မန်စီးတီးပွဲသုံးပွဲကို ဒီဘရိုင်းလွဲမည်

ကီဗင်ဒီဘရိုင်းဟာကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိရမှုကြောင့်မန်စီးတီးရဲ့အရေးပါတဲ့ပွဲစဉ်များကိုလွဲချော်တော့မှာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်ဟာအင်္ဂါနေ့ညတုန်းကကာဒစ်ဖ်တွင်ဝေးလ်နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲကစားပြီးနောက်ကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။

သူဟာလာမယ့်အပတ်အကုန်အထိကွာရန်တင်းဝင်ရမှာဖြစ်ပြီးအဲဗာတန်၊ပီအက်စ်ဂျီတို့နှင့်ပွဲကိုလည်းလွဲချော်ပါမယ်။ဒါ့အပြင်သူဟာနိုဝင်ဘာလ၂၈ရက်နေ့တွင်ဝက်စ်ဟမ်းနှင့်ကစားရမယ့်အိမ်ကွင်းပွဲကိုလည်းလွဲချော်နိုင်ပါတယ်။

ကီဗင်ဒီဘရိုင်းဟာနွေရာသီတုန်းကဒဏ်ရာပြဿနာများနှင့်ကြုံဆုံခဲ့ရပြီးနောက်ယခုရာသီတွင်အကောင်းဆုံးပုံစံရရှိရန်ရုန်းကန်နေရသူလည်းဖြစ်ပါတယ်။

မန်စီးတီးရဲ့ဂျက်ဂရဲလ်လစ်ရှ်နှင့်ဖီးလ်ဖိုဒန်တို့မှာလည်းအင်္ဂလန်အတွက်ကစားစဉ်ဒဏ်ရာများအသီးသီးရရှိကာပြန်လာခဲ့ကြပါတယ်။

ဖိုဒန်မှာတနင်္ဂနွေနေ့ပွဲတွင်ပါဝင်လာနိုင်ခြေရှိပေမယ့်ဂျက်ဂရဲလ်လစ်ရှ်မှာမူ ပါဝင်လာဖို့မရှိပါဘူး။

ZawGyi

ကိုဗစ္ေတြ႕ရွိမႈေၾကာင့္ ပီအက္စ္ဂ်ီႏွင့္ပြဲအပါအဝင္ မန္စီးတီးပြဲသုံးပြဲကို ဒီဘ႐ိုင္းလြဲမည္

ကီဗင္ဒီဘ႐ိုင္းဟာကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိရမႈေၾကာင့္မန္စီးတီးရဲ႕အေရးပါတဲ့ပြဲစဥ္မ်ားကိုလြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္ဟာအဂၤါေန႔ညတုန္းကကာဒစ္ဖ္တြင္ေဝးလ္ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲကစားၿပီးေနာက္ကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

သူဟာလာမယ့္အပတ္အကုန္အထိကြာရန္တင္းဝင္ရမွာျဖစ္ၿပီးအဲဗာတန္၊ပီအက္စ္ဂ်ီတို႔ႏွင့္ပြဲကိုလည္းလြဲေခ်ာ္ပါမယ္။ဒါ့အျပင္သူဟာႏိုဝင္ဘာလ၂၈ရက္ေန႔တြင္ဝက္စ္ဟမ္းႏွင့္ကစားရမယ့္အိမ္ကြင္းပြဲကိုလည္းလြဲေခ်ာ္ႏိုင္ပါတယ္။

ကီဗင္ဒီဘ႐ိုင္းဟာေႏြရာသီတုန္းကဒဏ္ရာျပႆနာမ်ားႏွင့္ႀကဳံဆုံခဲ့ရၿပီးေနာက္ယခုရာသီတြင္အေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္ေနရသူလည္းျဖစ္ပါတယ္။

မန္စီးတီးရဲ႕ဂ်က္ဂရဲလ္လစ္ရွ္ႏွင့္ဖီးလ္ဖိုဒန္တို႔မွာလည္းအဂၤလန္အတြက္ကစားစဥ္ဒဏ္ရာမ်ားအသီးသီးရရွိကာျပန္လာခဲ့ၾကပါတယ္။

ဖိုဒန္မွာတနဂၤေႏြေန႔ပြဲတြင္ပါဝင္လာႏိုင္ေျခရွိေပမယ့္ဂ်က္ဂရဲလ္လစ္ရွ္မွာမူ ပါဝင္လာဖို႔မရွိပါဘူး။