ကိုဗစ်တွေ့ရှိမှုကြောင့် မီလန်တိုက်စစ်မှူးဂျရူး ကွာရန်တင်းဝင်နေရ

အေစီမီလန်တိုက်စစ်မှူးအိုလီဗီယာဂျရူးဟာကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိရပြီးနောက်ကွာရန်တင်းဝင်နေရကြောင်းအီတလီကလပ်ကအတည်ပြုကြေညာသွားပါတယ်။

အသက်၃၄နှစ်ရှိပြင်သစ်တိုက်စစ်မှူးဟာကြာသပတေးနေ့တုန်းကကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။သူဟာကက်ဂလီယာရီနှင့်စီးရီးအေပွဲစဉ်တွင်ပါဝင်ကစားပြီးနောက်လေးရက်အကြာတွင်ကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့ရတာပါ။

ချဲလ်ဆီးတိုက်စစ်မှူးဟာကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိရသောလည်းနေကောင်း ကျန်းမာကြောင်းနှင့်နောက်ဆုံးပွဲကစားပြီးနောက်ပိုင်းတွင်မည်သည့်မီလန်ကစားဖော်နှင့်မျှဆက်စပ်မှုမရှိခဲ့ကြောင်းမီလန်ကကြေညာသွားပါတယ်။

ဂျရူးဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ချဲလ်ဆီးမှပြောင်းရွှေ့ကြေးပေါင်၁သန်းခန့်ဖြင့်မီလန်သို့ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

အသက်၃၄နှစ်ရှိတိုက်စစ်မှူးဟာပြီးခဲ့တဲ့အပတ်တုန်းကကက်ဂလီယာရီအားအနိုင်ရရှိတဲ့ပွဲတွင်မီလန်အတွက်၂ဂိုးသွင်းနိုင်ခဲ့ပါတယ်။မီလန်ဟာစီးရီးအေအဖွင့်ပွဲနှစ်ပွဲလုံးဂိုးသွင်းခဲ့ပါတယ်။

ဒါပေမယ့်သူဟာပြင်သစ်အသင်းရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက်လူစာရင်းတွင်ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

ZawGyi

ကိုဗစ္ေတြ႕ရွိမႈေၾကာင့္ မီလန္တိုက္စစ္မႉးဂ်႐ူး ကြာရန္တင္းဝင္ေနရ

ေအစီမီလန္တိုက္စစ္မႉးအိုလီဗီယာဂ်႐ူးဟာကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိရၿပီးေနာက္ကြာရန္တင္းဝင္ေနရေၾကာင္းအီတလီကလပ္ကအတည္ျပဳေၾကညာသြားပါတယ္။

အသက္၃၄ႏွစ္ရွိျပင္သစ္တိုက္စစ္မႉးဟာၾကာသပေတးေန႔တုန္းကကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။သူဟာကက္ဂလီယာရီႏွင့္စီးရီးေအပြဲစဥ္တြင္ပါဝင္ကစားၿပီးေနာက္ေလးရက္အၾကာတြင္ကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိခဲ့ရတာပါ။

ခ်ဲလ္ဆီးတိုက္စစ္မႉးဟာကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိရေသာလည္းေနေကာင္း က်န္းမာေၾကာင္းႏွင့္ေနာက္ဆုံးပြဲကစားၿပီးေနာက္ပိုင္းတြင္မည္သည့္မီလန္ကစားေဖာ္ႏွင့္မွ်ဆက္စပ္မႈမရွိခဲ့ေၾကာင္းမီလန္ကေၾကညာသြားပါတယ္။

ဂ်႐ူးဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ခ်ဲလ္ဆီးမွေျပာင္းေ႐ႊ႕ေၾကးေပါင္၁သန္းခန႔္ျဖင့္မီလန္သို႔ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။

အသက္၃၄ႏွစ္ရွိတိုက္စစ္မႉးဟာၿပီးခဲ့တဲ့အပတ္တုန္းကကက္ဂလီယာရီအားအႏိုင္ရရွိတဲ့ပြဲတြင္မီလန္အတြက္၂ဂိုးသြင္းႏိုင္ခဲ့ပါတယ္။မီလန္ဟာစီးရီးေအအဖြင့္ပြဲႏွစ္ပြဲလုံးဂိုးသြင္းခဲ့ပါတယ္။

ဒါေပမယ့္သူဟာျပင္သစ္အသင္းရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲမ်ားအတြက္လူစာရင္းတြင္ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။