ကိုဗစ်နှစ်ကြိမ်ကူးစက်ခံခဲ့ရပေမယ့် ကာကွယ်ဆေးထိုးဖို့ ငြင်းရတဲ့အကြောင်းရင်းကို အိုင်ယာလန်စတားဖွင့်ဟလာ

ကူလ်လမ်ရော်ဘင်ဆင်ဟာနိုဝင်ဘာလနှင့်ဩဂုတ်လတို့တုန်းကကိုဗစ်ကူးစက်မှုနှင့်ကြုံခဲ့ရပေမယ့်ကာကွယ်ဆေးမထိုးရန်ဆုံးဖြတ်ခဲ့တဲ့အကြောင်းပြချက်ကိုဖွင့်ဟလာပါတယ်။

အသက်၂၆နှစ်ရှိရော်ဘင်ဆင်ဟာကိုဗစ်ကူးစက်ခံရမှုကြောင့်အိုင်ယာလန်နှင့်ပွဲစဉ်များကိုလွဲချော်ခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်သူဟာကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆန်နေပါတယ်။

ရော်ဘင်ဆင်က “ကာကွယ်ဆေးမထိုးရသေးပါဘူး။အခုအချိန်မှာဒါကကျွန်တော့်ရွေးချယ်မှုဖြစ်ပါတယ်။နှစ်ကြိမ်အကူးခံခဲ့ရဖူးတော့စိတ်ပျက်စရာပါ။ဒါပေမယ့်ကာကွယ်ဆေးမထိုးပါဘူး။အနာဂတ်မှာစိတ်ပြောင်းသွားနိုင်ပါတယ်။အခုအချိန်မှာတော့လုံးဝမထိုးပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ကာကွယ်ဆေးမထိုးရတဲ့အကြောင်းရင်းကိုမေးမြန်းမှုအား၎င်းက “ကျွန်တော်မထိုးချင်လို့မထိုးတာပါ။ကျွန်တော့်ရဲ့ကိုယ်ရေးကိုယ်တာရွေးချယ်မှုပါ။အခုအချိန်အခုကာလမှာကျွန်တော့်ရွေးချယ်မှုဖြစ်ပါတယ်။ကာကွယ်ဆေးမထိုးရသေးပါဘူး။နည်းပြတွေ၊လူတွေကကာကွယ်ဆေးထိုးစေချင်ကြတာသိပါတယ်။သူတို့အတွေးနဲ့ဆိုတော့သူတို့အမှန်ပေါ့။ဒါပေမယ့်လူတိုင်းမှာကိုယ့်စိတ်ကြိုက်ရွေးချယ်ခွင့်ရှိပါတယ်။လူတွေကိုလည်းဒါလုပ်ပါဆိုပြီးမတွန်းပါဘူး။ခင်ဗျားခန္ဓာမှာထိုးမယ့်အရာအတွက်ခင်ဗျားစိတ်ကြိုက်ရွေးချယ်မှုပါ”လို့ပြောကြားခဲ့ပါတယ်။

မကြာသေးမီတုန်းကလီဗာပူးနည်းပြကလော့ပ်ကကိုဗစ်ကာကွယ်ဆေးမထိုးမှုမှာကိုယ်ကိုယ်တိုင်ကိုသာမကမိသားစုနှင့်ပတ်ဝန်းကျင်ကိုပါထိခိုက်စေနိုင်ကြောင်းပြောကြားကာ ကစားသမားများကိုကာကွယ်ဆေးထိုးရန်တိုက်တွန်းခဲ့ပါတယ်။

ZawGyi

ကိုဗစ္ႏွစ္ႀကိမ္ကူးစက္ခံခဲ့ရေပမယ့္ ကာကြယ္ေဆးထိုးဖို႔ ျငင္းရတဲ့အေၾကာင္းရင္းကို အိုင္ယာလန္စတားဖြင့္ဟလာ

ကူလ္လမ္ေရာ္ဘင္ဆင္ဟာႏိုဝင္ဘာလႏွင့္ဩဂုတ္လတို႔တုန္းကကိုဗစ္ကူးစက္မႈႏွင့္ႀကဳံခဲ့ရေပမယ့္ကာကြယ္ေဆးမထိုးရန္ဆုံးျဖတ္ခဲ့တဲ့အေၾကာင္းျပခ်က္ကိုဖြင့္ဟလာပါတယ္။

အသက္၂၆ႏွစ္ရွိေရာ္ဘင္ဆင္ဟာကိုဗစ္ကူးစက္ခံရမႈေၾကာင့္အိုင္ယာလန္ႏွင့္ပြဲစဥ္မ်ားကိုလြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္သူဟာကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းဆန္ေနပါတယ္။

ေရာ္ဘင္ဆင္က “ကာကြယ္ေဆးမထိုးရေသးပါဘူး။အခုအခ်ိန္မွာဒါကကြၽန္ေတာ့္ေ႐ြးခ်ယ္မႈျဖစ္ပါတယ္။ႏွစ္ႀကိမ္အကူးခံခဲ့ရဖူးေတာ့စိတ္ပ်က္စရာပါ။ဒါေပမယ့္ကာကြယ္ေဆးမထိုးပါဘူး။အနာဂတ္မွာစိတ္ေျပာင္းသြားႏိုင္ပါတယ္။အခုအခ်ိန္မွာေတာ့လုံးဝမထိုးပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ကာကြယ္ေဆးမထိုးရတဲ့အေၾကာင္းရင္းကိုေမးျမန္းမႈအား၎က “ကြၽန္ေတာ္မထိုးခ်င္လို႔မထိုးတာပါ။ကြၽန္ေတာ့္ရဲ႕ကိုယ္ေရးကိုယ္တာေ႐ြးခ်ယ္မႈပါ။အခုအခ်ိန္အခုကာလမွာကြၽန္ေတာ့္ေ႐ြးခ်ယ္မႈျဖစ္ပါတယ္။ကာကြယ္ေဆးမထိုးရေသးပါဘူး။နည္းျပေတြ၊လူေတြကကာကြယ္ေဆးထိုးေစခ်င္ၾကတာသိပါတယ္။သူတို႔အေတြးနဲ႔ဆိုေတာ့သူတို႔အမွန္ေပါ့။ဒါေပမယ့္လူတိုင္းမွာကိုယ့္စိတ္ႀကိဳက္ေ႐ြးခ်ယ္ခြင့္ရွိပါတယ္။လူေတြကိုလည္းဒါလုပ္ပါဆိုၿပီးမတြန္းပါဘူး။ခင္ဗ်ားခႏၶာမွာထိုးမယ့္အရာအတြက္ခင္ဗ်ားစိတ္ႀကိဳက္ေ႐ြးခ်ယ္မႈပါ”လို႔ေျပာၾကားခဲ့ပါတယ္။

မၾကာေသးမီတုန္းကလီဗာပူးနည္းျပကေလာ့ပ္ကကိုဗစ္ကာကြယ္ေဆးမထိုးမႈမွာကိုယ္ကိုယ္တိုင္ကိုသာမကမိသားစုႏွင့္ပတ္ဝန္းက်င္ကိုပါထိခိုက္ေစႏိုင္ေၾကာင္းေျပာၾကားကာ ကစားသမားမ်ားကိုကာကြယ္ေဆးထိုးရန္တိုက္တြန္းခဲ့ပါတယ္။