
အာဆင်နယ်စတားဂရာနစ်ဇာခါဟာကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားကြောင်းတွေ့ရှိရပါတယ်။ဇာခါဟာဆွစ်ဇာလန်လက်ရွေးစင်အသင်းနှင့်ပူးပေါင်းစဉ်ကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။
သူဟာကိုဗစ်ကူးစက်ထားကြောင်းတွေ့ရှိရမှုနဲ့အတူဆွစ်ဇာလန်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲများကိုလွဲချော်ပါမယ်။
သူဟာမနေ့ညတုန်းကဂရိအား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်ကိုစတင်လွဲချော်ခဲ့ပြီးအီတလီ၊မြောက်အိုင်ယာလန်တို့နှင့်ပွဲစဉ်များကိုလည်းဆက်လက်လွဲချော်ပါမယ်။
သူဟာကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိမှုနဲ့အတူဆွစ်ဇာလန်ရှိသူ့နေအိမ်မှာ၁၀ရက်ကြာကွာရန်တင်းဝင်ရပါမယ်။
သူဟာမန်စီးတီးအား၅-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမှာအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရမှုကြောင့်တစ်ပွဲပယ်ခံထားရပါတယ်။ဒါကြောင့်သူဟာနော့ဝှစ်ချ်နှင့်ပွဲကိုလွဲချော်ပါမယ်။သူဟာစက်တင်ဘာလ၁၈ရက်နေ့ဘန်လေနှင့်အဝေးကွင်းပွဲစဉ်မှာတော့ပါဝင်လာပါမယ်။
ZawGyi
ကိုဗစ္ေပါ့စတစ္ေတြ႕မႈေၾကာင့္ ဆြစ္ဇာလန္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲမ်ားကို ဇာခါလြဲမည္
အာဆင္နယ္စတားဂရာနစ္ဇာခါဟာကို႐ိုနာဗိုင္းရပ္စ္ကူးစက္ထားေၾကာင္းေတြ႕ရွိရပါတယ္။ဇာခါဟာဆြစ္ဇာလန္လက္ေ႐ြးစင္အသင္းႏွင့္ပူးေပါင္းစဥ္ကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိခဲ့တာလည္းျဖစ္ပါတယ္။
သူဟာကိုဗစ္ကူးစက္ထားေၾကာင္းေတြ႕ရွိရမႈနဲ႔အတူဆြစ္ဇာလန္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲမ်ားကိုလြဲေခ်ာ္ပါမယ္။
သူဟာမေန႔ညတုန္းကဂရိအား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္ကိုစတင္လြဲေခ်ာ္ခဲ့ၿပီးအီတလီ၊ေျမာက္အိုင္ယာလန္တို႔ႏွင့္ပြဲစဥ္မ်ားကိုလည္းဆက္လက္လြဲေခ်ာ္ပါမယ္။
သူဟာကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိမႈနဲ႔အတူဆြစ္ဇာလန္ရွိသူ႔ေနအိမ္မွာ၁၀ရက္ၾကာကြာရန္တင္းဝင္ရပါမယ္။
သူဟာမန္စီးတီးအား၅-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲမွာအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရမႈေၾကာင့္တစ္ပြဲပယ္ခံထားရပါတယ္။ဒါေၾကာင့္သူဟာေနာ့ဝွစ္ခ်္ႏွင့္ပြဲကိုလြဲေခ်ာ္ပါမယ္။သူဟာစက္တင္ဘာလ၁၈ရက္ေန႔ဘန္ေလႏွင့္အေဝးကြင္းပြဲစဥ္မွာေတာ့ပါဝင္လာပါမယ္။