ကိုဗစ်ပြန့်နှံ့မှုကြောင့် လေ့ကျင့်ရေးကွင်းကို ထိန်းချုပ်မှုပြုလုပ်ကာ အာဆင်နယ်လေ့ကျင့်ခန်းဆင်းမည်

အာဆင်နယ်ဟာအသင်းတွင်ကိုဗစ်ကူးစက်ပြန့်နှံ့မှုများဖြစ်ပျက်ပြီးနောက်အင်္ဂါနေ့ညတုန်းကလန်ဒန်ကိုလ်နေးလေ့ကျင့်ရေးစခန်းကိုဆေးဖြန်းမှု၊သန့်ရှင်းမှုများပြုလုပ်ပြီးနောက် လေ့ကျင့်ရေးစခန်းကိုထိန်းချုပ်ကိုလေ့ကျင့်ခန်းပြန်ဆင်းမှုပြုလုပ်သွားပါမယ်။

အာဆင်နယ်ဟာအသင်းရှိကစားသမားများနှင့်နည်းပြအဖွဲ့ဝင်တို့တွင်ကိုဗစ်ကူးစက်ပြန့်နှံ့မှုများဖြစ်ပျက်ပြီးနောက်အမေရိကန်ရာသီကြိုခရီးစဉ်အားဖျက်သိမ်းခဲ့ရပါတယ်။

အာဆင်နယ်ဟာအမေရိကန်သို့သွားရောက်ကာအင်တာမီလန်နှင့်ဖလိုရီဒါဖလားကစားရန်စီစဉ်ထားခဲ့တာပါ။ဒါပေမယ့်တနင်္လာနေ့နှင့်အင်္ဂါနေ့တို့တွင်ကိုဗစ်စစ်ဆေးမှုပြုလုပ်ရာတွင် ကူးစက်ခံရသူများတွေ့ရှိပြီးနောက်ဗုဒ္ဓဟူးနေ့တွင်အမေရိကသို့ထွက်ခွာရေးအစီအစဉ်ကိုဖျက်သိမ်းလိုက်ပါတယ်။

ဒါပေမယ့်လည်းအာဆင်နယ်နည်းပြအာတီတာဟာရာသီကြိုလေ့ကျင့်ခန်းဆင်းမှုပျက်ပြယ်သွားမှုမရှိစေရန်အတွက်လေ့ကျင့်ရေးကွင်းအားဆေးဖြန်းမှု၊သန့်ရှင်းမှုများပြလုပ်ကာအသွားအလာကန့်သတ်မှုများပြုလုပ်ကာလေ့ကျင့်ခန်းပြန်ဆင်းသွားတော့မှာဖြစ်ပါတယ်။

ZawGyi




