ကိုဗစ်အတွက် ပေါင်သန်းပေါင်းများစွာ ရန်ပုံငွေရှာပေးခဲ့ပေမယ့်ကာကွယ်ဆေးမထိုးသေးတဲ့ ဘိုင်ယန်နှင့်ဂျာမနီစတား

ဂျိူရှာကမ်မစ်ချ်ကကိုဗစ်ကာလအတွင်းတွင်ပေါင်သန်းပေါင်းများစွာရန်ပုံငွေရှာဖွေပေးခဲ့ပေမယ့်ယခုတိုင်ကိုဗစ်ကာကွယ်ဆေးမထိုးရသေးကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ကမ်မစ်ချ်ရဲ့WeKickCorona အစီအစဉ်ကကိုဗစ်ကမ္ဘာ့ကပ်ဘေးကြောင့်အကျပ်ရိုက်စဉ်အတွင်းပေါင်၆သန်းအထိလှူဒါန်းနိုင်ခဲ့ပါတယ်။

ဂျာမနီလက်ရွေးစင်ရဲ့အစီအစဉ်တွင်ဘိုင်ယန်ကစားဖော်လီယွန်ဂိုရက်ဇ်ကာလည်းပါဝင်ခဲ့ပြီးပေါင်၄၃၆၀၀၀လှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်။

သူဟာကိုဗစ်ကာကွယ်ရေးအတွက်ရှေ့တန်းမှလုပ်ဆောင်ခဲ့ပေမယ့်လည်းယခုတိုင်ကိုဗစ်ကာကွယ်ဆေးမထိုးရသေးပါဘူး။ဒါပေမယ့်သူဟာအနာဂတ်ကာလမှာတော့ကိုဗစ်ကာကွယ်ဆေးထိုးဖို့စီစဉ်ထားပါတယ်။

Blid ရဲ့ဖော်ပြချက်အရကမ်မစ်ချ်ဟာကိုဗစ်ကာကွယ်ဆေးထိုးရခြင်းမရှိသေးဘဲဘိုင်ယန်မြူးနစ်ရဲ့ကစားသမားငါးဦးထဲမှတစ်ဦးဖြစ်ပါတယ်။

ကမ်မစ်ချ်က “နှစ်ရှည်စမ်းသပ်မှုပြုလုပ်ခဲ့မှုမရှိသေးတော့မယုံမကြည်ဖြစ်လို့ မထိုးတာပါ။ကျွန်တော်လည်းစည်းမျဉ်းအားလုံးလိုက်နာပါတယ်။သုံးနှစ်နှစ်ကြိမ်ကိုဗစ်စမ်းသပ်မှုလုပ်ပါတယ်။ကာကွယ်ဆေးထိုးမထိုးဆိုတာလူတိုင်းမှာဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ကာကွယ်ဆေးမထိုးတာမဟုတ်ပါဘူး။ဘာကြောင့်မထိုးလဲဆိုတာအချက်အလက်အထိပြောဖို့တော့ခက်ပါတယ်။ဒါပေမယ့်အနာဂတ်မှာတော့ကာကွယ်ဆေးထိုးနိုင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ကိုဗစ္အတြက္ ေပါင္သန္းေပါင္းမ်ားစြာ ရန္ပုံေငြရွာေပးခဲ့ေပမယ့္ကာကြယ္ေဆးမထိုးေသးတဲ့ ဘိုင္ယန္ႏွင့္ဂ်ာမနီစတား

ဂ်ိဴရွာကမ္မစ္ခ်္ကကိုဗစ္ကာလအတြင္းတြင္ေပါင္သန္းေပါင္းမ်ားစြာရန္ပုံေငြရွာေဖြေပးခဲ့ေပမယ့္ယခုတိုင္ကိုဗစ္ကာကြယ္ေဆးမထိုးရေသးေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ကမ္မစ္ခ်္ရဲ႕WeKickCorona အစီအစဥ္ကကိုဗစ္ကမာၻ႔ကပ္ေဘးေၾကာင့္အက်ပ္႐ိုက္စဥ္အတြင္းေပါင္၆သန္းအထိလႉဒါန္းႏိုင္ခဲ့ပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္ရဲ႕အစီအစဥ္တြင္ဘိုင္ယန္ကစားေဖာ္လီယြန္ဂိုရက္ဇ္ကာလည္းပါဝင္ခဲ့ၿပီးေပါင္၄၃၆၀၀၀လႉဒါန္းမႈျပဳလုပ္ခဲ့ပါတယ္။

သူဟာကိုဗစ္ကာကြယ္ေရးအတြက္ေရွ႕တန္းမွလုပ္ေဆာင္ခဲ့ေပမယ့္လည္းယခုတိုင္ကိုဗစ္ကာကြယ္ေဆးမထိုးရေသးပါဘူး။ဒါေပမယ့္သူဟာအနာဂတ္ကာလမွာေတာ့ကိုဗစ္ကာကြယ္ေဆးထိုးဖို႔စီစဥ္ထားပါတယ္။

Blid ရဲ႕ေဖာ္ျပခ်က္အရကမ္မစ္ခ်္ဟာကိုဗစ္ကာကြယ္ေဆးထိုးရျခင္းမရွိေသးဘဲဘိုင္ယန္ျမဴးနစ္ရဲ႕ကစားသမားငါးဦးထဲမွတစ္ဦးျဖစ္ပါတယ္။

ကမ္မစ္ခ်္က “ႏွစ္ရွည္စမ္းသပ္မႈျပဳလုပ္ခဲ့မႈမရွိေသးေတာ့မယုံမၾကည္ျဖစ္လို႔ မထိုးတာပါ။ကြၽန္ေတာ္လည္းစည္းမ်ဥ္းအားလုံးလိုက္နာပါတယ္။သုံးႏွစ္ႏွစ္ႀကိမ္ကိုဗစ္စမ္းသပ္မႈလုပ္ပါတယ္။ကာကြယ္ေဆးထိုးမထိုးဆိုတာလူတိုင္းမွာဆုံးျဖတ္ပိုင္ခြင့္ရွိပါတယ္။ကာကြယ္ေဆးမထိုးတာမဟုတ္ပါဘူး။ဘာေၾကာင့္မထိုးလဲဆိုတာအခ်က္အလက္အထိေျပာဖို႔ေတာ့ခက္ပါတယ္။ဒါေပမယ့္အနာဂတ္မွာေတာ့ကာကြယ္ေဆးထိုးႏိုင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။