ကိုယ့်ကစားသမားများကို တရားရုံးသို့ ပို့ဆောင်သွားဖို့ အသင့်ဖြစ်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာလာမယ့်ဘောလုံးရာသီမစတင်မီလုပ်ခလျှော့ယူဖို့သဘောမတူညီတဲ့ကိုယ့်အသင်းမှကစားသမားများကိုတရားစွဲဆိုသွားရန်အသင့်ဖြစ်နေကြောင်းသိရပါတယ်။

ဘာစီလိုနာဟာဆိုးရွားလှတဲ့ဘဏ္ဍာရေးပြဿနာများနှင့်ရင်ဆိုင်နေရပြီးလုပ်ခမဖြစ်မနေလျှော့ချမှုပြုလုပ်ရမယ်လို့လာလီဂါရဲ့အပြင်းအထန်သတိပေးခြင်းခံထားရပါတယ်။

လာလီဂါဥက္ကဌဂျာဗီးယားတီဘက်စ်ကဘာစီလိုနာအနေဖြင့်လုပ်ခအသုံးစရိတ်လျှော့ချခြင်းမပြုလုပ်လျှင်အသစ်ခေါ်ယူထားတဲ့ဆာဂျီယိုအဂွဲရိုး၊မမ်ဖစ်ဒီပေး၊အဲရစ်ဂါစီယာနှင့်အီမာဆင်တို့အားမှတ်ပုံတင်ခွင့်ပေးမှာမဟုတ်ကြောင်းပြောကြားထားပါတယ်။

တစ်ဖက်တွင်လီယွန်နယ်မက်ဆီဟာလည်းလုပ်ခတစ်ဝက်အထိလျှော့ချကာစာချုပ်သစ်ချုပ်ဆိုရန်အသင့်ရှိနေပါတယ်။ဒါပေမယ့်ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာများရှိနေမှုနဲ့အတူမက်ဆီကိုစာချုပ်သစ်ချုပ်ဆိုရေးအားရွှေ့ဆိုင်းထားရပါတယ်။

မက်ဆီရဲ့လုပ်ခတစ်ဝက်လျှော့ယူမှုကဘာစီလိုနာအတွက်လုံလောက်ခြင်းမရှိသေးပါဘူး။ဘာစီလိုနာဟာအခြားအသင်းရှိကစားသမားများကိုလည်းလာလီဂါရာသီသစ်စတင်မယ့်ဩဂုတ်လ၁၅ရက်နေ့မတိုင်မီလုပ်ခလျှော့ချလိုနေပါတယ်။

Mundo Deportivo ရဲ့ဖော်ပြချက်အရဘာစီလိုနာဟာလုပ်ခလျှော့ယူရန်သဘောတူညီခြင်းမ၇ှိတဲ့ကစားသမားများကိုတရားစွဲဆိုမှုပြုလုပ်ရန်စီစဉ်ထားကြောင်းသိရပါတယ်။

လက်ရှိအချိန်တွင်ဂါရတ်ပီကေး၊ဆာဂျီယိုဘက်စ်ကွက်၊ဆာဂျီရောဘတ်တိုတို့မှာလုပ်ခလျှော့ယူရန်သဘောတူညီထားကြသော်လည်းအတွေ့အကြုံရင့်စီနီယာကစားသမားများထဲမှတစ်ဦးဖြစ်တဲ့ဂျော်ဒီအယ်လ်ဘာကတော့လုပ်ခလျှော့ယူရန်ငြင်းဆိုထားပါတယ်။သူဟာဘာစီလိုနာဥက္ကဌလာပေါ်တာနှင့်ကောင်းမွန်တဲ့ဆက်ဆံရေးရှိပေမယ့်လည်းလုပ်ခလျှော့ယူရန်ငြင်းပယ်နေမှုကအံ့ဩစရာဖြစ်နေပါတယ်။

ဒါကြောင့်ဘာစီလိုနာဟာလုပ်ခလျှော့ယူရန်ငြင်းဆိုတဲ့ကစားသမားများကိုအရေးယူမှုပြုလုပ်ရန်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

တစ်ဖက်တွင်ဘာစီလိုနာဟာလုပ်ခလျှော့ယူရန်ငြင်းတဲ့ကစားသမားများကိုအခြားအသင်းသို့ရောင်းချနိုင်ပါတယ်။

ကစားသမားများဘက်ကလည်းစပိန်အလုပ်သမားစည်းမျဉ်းအရအသင်းဘက်ကလုပ်ခလျှော့ယူရန်တောင်းဆိုမှုကိုငြင်းဆိုနိုင်ပါတယ်။စပိန်အလုပ်သမားစည်းမျဉ်းအရကစားသမားအနေဖြင့်လုပ်ခလျှော့ယူရန်တောင်းဆိုလာလျှင်စာချုပ်ဖျက်သိမ်းပြီးအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခွင့်ရှိပါတယ်။

ယင်းသို့အခြေအနေများကြောင့်ဘာစီလိုနာဟာမီယာနစ်၊အုမ်တီတီ၊ဆာဂျီနိုဒက်စ်၊လင်ဂလက်တို့အားအရောင်းစာရင်းတင်ထားကြောင်းသိရပါတယ်။

ZawGyi

ကိုယ့္ကစားသမားမ်ားကို တရား႐ုံးသို႔ ပို႔ေဆာင္သြားဖို႔ အသင့္ျဖစ္ေနတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာလာမယ့္ေဘာလုံးရာသီမစတင္မီလုပ္ခေလွ်ာ့ယူဖို႔သေဘာမတူညီတဲ့ကိုယ့္အသင္းမွကစားသမားမ်ားကိုတရားစြဲဆိုသြားရန္အသင့္ျဖစ္ေနေၾကာင္းသိရပါတယ္။

ဘာစီလိုနာဟာဆိုး႐ြားလွတဲ့ဘ႑ာေရးျပႆနာမ်ားႏွင့္ရင္ဆိုင္ေနရၿပီးလုပ္ခမျဖစ္မေနေလွ်ာ့ခ်မႈျပဳလုပ္ရမယ္လို႔လာလီဂါရဲ႕အျပင္းအထန္သတိေပးျခင္းခံထားရပါတယ္။

လာလီဂါဥကၠဌဂ်ာဗီးယားတီဘက္စ္ကဘာစီလိုနာအေနျဖင့္လုပ္ခအသုံးစရိတ္ေလွ်ာ့ခ်ျခင္းမျပဳလုပ္လွ်င္အသစ္ေခၚယူထားတဲ့ဆာဂ်ီယိုအဂြဲ႐ိုး၊မမ္ဖစ္ဒီေပး၊အဲရစ္ဂါစီယာႏွင့္အီမာဆင္တို႔အားမွတ္ပုံတင္ခြင့္ေပးမွာမဟုတ္ေၾကာင္းေျပာၾကားထားပါတယ္။

တစ္ဖက္တြင္လီယြန္နယ္မက္ဆီဟာလည္းလုပ္ခတစ္ဝက္အထိေလွ်ာ့ခ်ကာစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အသင့္ရွိေနပါတယ္။ဒါေပမယ့္ဘာစီလိုနာဟာဘ႑ာေရးျပႆနာမ်ားရွိေနမႈနဲ႔အတူမက္ဆီကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအားေ႐ႊ႕ဆိုင္းထားရပါတယ္။

မက္ဆီရဲ႕လုပ္ခတစ္ဝက္ေလွ်ာ့ယူမႈကဘာစီလိုနာအတြက္လုံေလာက္ျခင္းမရွိေသးပါဘူး။ဘာစီလိုနာဟာအျခားအသင္းရွိကစားသမားမ်ားကိုလည္းလာလီဂါရာသီသစ္စတင္မယ့္ဩဂုတ္လ၁၅ရက္ေန႔မတိုင္မီလုပ္ခေလွ်ာ့ခ်လိုေနပါတယ္။

Mundo Deportivo ရဲ႕ေဖာ္ျပခ်က္အရဘာစီလိုနာဟာလုပ္ခေလွ်ာ့ယူရန္သေဘာတူညီျခင္းမရွိတဲ့ကစားသမားမ်ားကိုတရားစြဲဆိုမႈျပဳလုပ္ရန္စီစဥ္ထားေၾကာင္းသိရပါတယ္။

လက္ရွိအခ်ိန္တြင္ဂါရတ္ပီေကး၊ဆာဂ်ီယိုဘက္စ္ကြက္၊ဆာဂ်ီေရာဘတ္တိုတို႔မွာလုပ္ခေလွ်ာ့ယူရန္သေဘာတူညီထားၾကေသာ္လည္းအေတြ႕အႀကဳံရင့္စီနီယာကစားသမားမ်ားထဲမွတစ္ဦးျဖစ္တဲ့ေဂ်ာ္ဒီအယ္လ္ဘာကေတာ့လုပ္ခေလွ်ာ့ယူရန္ျငင္းဆိုထားပါတယ္။သူဟာဘာစီလိုနာဥကၠဌလာေပၚတာႏွင့္ေကာင္းမြန္တဲ့ဆက္ဆံေရးရွိေပမယ့္လည္းလုပ္ခေလွ်ာ့ယူရန္ျငင္းပယ္ေနမႈကအံ့ဩစရာျဖစ္ေနပါတယ္။

ဒါေၾကာင့္ဘာစီလိုနာဟာလုပ္ခေလွ်ာ့ယူရန္ျငင္းဆိုတဲ့ကစားသမားမ်ားကိုအေရးယူမႈျပဳလုပ္ရန္လုပ္ေဆာင္ေနတာလည္းျဖစ္ပါတယ္။

တစ္ဖက္တြင္ဘာစီလိုနာဟာလုပ္ခေလွ်ာ့ယူရန္ျငင္းတဲ့ကစားသမားမ်ားကိုအျခားအသင္းသို႔ေရာင္းခ်ႏိုင္ပါတယ္။

ကစားသမားမ်ားဘက္ကလည္းစပိန္အလုပ္သမားစည္းမ်ဥ္းအရအသင္းဘက္ကလုပ္ခေလွ်ာ့ယူရန္ေတာင္းဆိုမႈကိုျငင္းဆိုႏိုင္ပါတယ္။စပိန္အလုပ္သမားစည္းမ်ဥ္းအရကစားသမားအေနျဖင့္လုပ္ခေလွ်ာ့ယူရန္ေတာင္းဆိုလာလွ်င္စာခ်ဳပ္ဖ်က္သိမ္းၿပီးအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာခြင့္ရွိပါတယ္။

ယင္းသို႔အေျခအေနမ်ားေၾကာင့္ဘာစီလိုနာဟာမီယာနစ္၊အုမ္တီတီ၊ဆာဂ်ီႏိုဒက္စ္၊လင္ဂလက္တို႔အားအေရာင္းစာရင္းတင္ထားေၾကာင္းသိရပါတယ္။