ကိုယ့်ကိုယ်ကို ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ ဆိုလာပြန်တဲ့ ဇလာတန်အီဘရာဟီမိုဗစ်

ဇလာတန်အီဘရာဟီမိုဗစ်က၎င်းမှာကိုယ့်ကိုယ်ကိုလီယွန်နယ်မက်ဆီ၊ခရစ္စတီယာနိုရော်နယ်ဒိုတို့လောက်အရည်အချင်းမရှိသူလို့မမြင်ကြောင်း၊ကိုယ့်ကိုယ်ကိုကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ်သာမြင်ကြောင်းပြောကြားလိုက်ပါတယ်။

အေစီမီလန်တိုက်စစ်မှူးဟာပရော်ဖက်ရှင်နယ်ကစားသမားဘဝ၂၂နှစ်တာကာလအတွင်းတွင်ကွဲပြားတဲ့နိုင်ငံ၇ခုတွင်ကျင်လည်ကစားလာခဲ့သူလည်းအောင်မြင်မှုများစွာရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်သူဟာBallon d’Or ဆုအတွက်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်လီယွန်နယ်မက်ဆီတို့အားယှဉ်ပြိုင်နိုင်ခဲ့ဖူးခြင်းမရှိပါဘူး။

ဒါပေမယ့်အသက်၃၉နှစ်ရှိအီဘရာဟီမိုဗစ်က “အရည်အသွေးနဲ့ပတ်သက်ပြီးပြောလာရင်ကျွန်တော်တို့ဟာသူတို့ထက်မနိမ့်ပါဘူး။ဆုဖလားရရှိမှုကြည့်လိုက်ရင်ကျွန်တော်ကချန်ပီယံလိဂ်ဖလားဘဲမရဖူးတာရှိတယ်။ခင်ဗျားတို့ဘယ်လိုတွက်ချက်မလဲမသိပါဘူး။ကိုယ်သာကောင်းကောင်းကစားနိုင်ရင်တစ်ကိုယ်တော်ဆုကနောက်ကလိုက်လာပြီးသားပါ။Ballon d’Or ဆုကိုကျွန်တော်မရတာလား။တကယ်တော့ Ballon d’Or ကကျွန်တော့်ကိုမရတာပါ။ကျွန်တော်ကတော့ကိုယ့်ကိုယ်ကိုကမ္ဘာ့အကောင်းဆုံးကစားသမားလို့ပဲထင်ပါတယ်။ကစားသမားတိုင်းဟာသူတို့ရဲ့မျိုးဆက်မှာကွဲပြားတဲ့ကစားဖော်တွေနဲ့ ကစားတယ်။ဒီတော့နှိုင်းယှဉ်ဖို့ကလည်းကွဲပြားပါတယ်”လို့ပြောကြားသွားပါတယ်။

အီဘရာဟီမိုဗစ်ဟာအေဂျက်စ်၊ဂျူဗင်တပ်၊ဘာစီလိုနာ၊အင်တာမီလန်၊ပီအက်စ်ဂျီ၊မန်ယူ၊အေစီမီလန်တို့တွင်ကစားခဲ့သူဖြစ်ပါတယ်။

ZawGyi

ကိုယ့္ကိုယ္ကို ကမာၻ႔အေကာင္းဆုံးကစားသမားလို႔ ဆိုလာျပန္တဲ့ ဇလာတန္အီဘရာဟီမိုဗစ္

ဇလာတန္အီဘရာဟီမိုဗစ္က၎မွာကိုယ့္ကိုယ္ကိုလီယြန္နယ္မက္ဆီ၊ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ေလာက္အရည္အခ်င္းမရွိသူလို႔မျမင္ေၾကာင္း၊ကိုယ့္ကိုယ္ကိုကမာၻ႔အေကာင္းဆုံးကစားသမားအျဖစ္သာျမင္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ေအစီမီလန္တိုက္စစ္မႉးဟာပေရာ္ဖက္ရွင္နယ္ကစားသမားဘဝ၂၂ႏွစ္တာကာလအတြင္းတြင္ကြဲျပားတဲ့ႏိုင္ငံ၇ခုတြင္က်င္လည္ကစားလာခဲ့သူလည္းေအာင္ျမင္မႈမ်ားစြာရယူႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္သူဟာBallon d’Or ဆုအတြက္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္လီယြန္နယ္မက္ဆီတို႔အားယွဥ္ၿပိဳင္ႏိုင္ခဲ့ဖူးျခင္းမရွိပါဘူး။

ဒါေပမယ့္အသက္၃၉ႏွစ္ရွိအီဘရာဟီမိုဗစ္က “အရည္အေသြးနဲ႔ပတ္သက္ၿပီးေျပာလာရင္ကြၽန္ေတာ္တို႔ဟာသူတို႔ထက္မနိမ့္ပါဘူး။ဆုဖလားရရွိမႈၾကည့္လိုက္ရင္ကြၽန္ေတာ္ကခ်န္ပီယံလိဂ္ဖလားဘဲမရဖူးတာရွိတယ္။ခင္ဗ်ားတို႔ဘယ္လိုတြက္ခ်က္မလဲမသိပါဘူး။ကိုယ္သာေကာင္းေကာင္းကစားႏိုင္ရင္တစ္ကိုယ္ေတာ္ဆုကေနာက္ကလိုက္လာၿပီးသားပါ။Ballon d’Or ဆုကိုကြၽန္ေတာ္မရတာလား။တကယ္ေတာ့ Ballon d’Or ကကြၽန္ေတာ့္ကိုမရတာပါ။ကြၽန္ေတာ္ကေတာ့ကိုယ့္ကိုယ္ကိုကမာၻ႔အေကာင္းဆုံးကစားသမားလို႔ပဲထင္ပါတယ္။ကစားသမားတိုင္းဟာသူတို႔ရဲ႕မ်ိဳးဆက္မွာကြဲျပားတဲ့ကစားေဖာ္ေတြနဲ႔ ကစားတယ္။ဒီေတာ့ႏႈိင္းယွဥ္ဖို႔ကလည္းကြဲျပားပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အီဘရာဟီမိုဗစ္ဟာေအဂ်က္စ္၊ဂ်ဴဗင္တပ္၊ဘာစီလိုနာ၊အင္တာမီလန္၊ပီအက္စ္ဂ်ီ၊မန္ယူ၊ေအစီမီလန္တို႔တြင္ကစားခဲ့သူျဖစ္ပါတယ္။