
စပါးစ်ပရိသတ်များဟာကိုယ့်ကိုယ်ကိုလုပ်ခပေါင်၅၀၀၀၀၀တိုးပေးလာတဲ့စပါးစ်ဥက္ကဌလီဗိုင်းကိုအကြီးအကျယ်ဒေါသထွက်နေကြပါတယ်။
အသက်၆၁နှစ်ရှိလီဗိုင်းဟာပြီးခဲ့တဲ့လများအတွင်းတွင်အသင်းတွင်ရင်းနှီးမြှပ်နှံမှုများမပြုလုပ်မှုကြောင့်စပါးစ်ပရိသတ်များရဲ့ရာထူးမှထွက်ခွာရန်တောင်းဆိုခြင်းခံလာခဲ့ရသူလည်းဖြစ်ပါတယ်။
စပါးစ်ဟာဆုဖလားလက်မဲ့ဖြစ်လာခဲ့တာ၁၅နှစ်တိုင်တိုင်ရှိပြီဖြစ်ပြီး၂၀၂၂-၂၃ရာသီမှာလည်းပရိသတ်များအတွက်ကျေနပ်စရာဖြစ်နေပါဘူး။
ဒါပေမဲ့ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၄နေရာမှာရပ်တည်နေတဲ့စပါးစ်ဟာချန်ပီယံလိဂ်၁၆သင်းအဆင့်သို့တက်ထားသလိုအက်ဖ်အေဖလားပဥ္စမအဆင့်သို့လည်းတက်ရောက်ထားပါတယ်။
The Telegraph ကလီဗိုင်းဟာဖိအားများနှင့်ကြုံတွေ့နေရပေမဲ့လည်းကိုယ့်ကိုယ်ကိုလုပ်ခပေါင်၅သိန်းတိုးမြှင့်ပေးလာကြောင်းဖော်ပြသွားပါတယ်။လီဗိုင်းဟာယခင်တုန်းကတစ်နှစ်လုပ်ခပေါင်၂.၆၉၈သန်းသာရရှိခဲ့ပေမဲ့လည်းယခုအခါပေါင်၃.၂၆၅သန်းရရှိနေပါတယ်။
စပါးစ်ဒါရိုက်တာအဖွဲ့ဝင်၇ဦးတို့ဟာယခင်တုန်းကစုစုပေါင်းပေါင်၄သန်းသာရရှိခဲ့ပေမဲ့လည်းယခုအခါပေါင်၆.၇၇၃သန်းအထိတိုးမြှင့်ရရှိနေပါတယ်။
လီဗိုင်းဟာ၂၀၁၉ခုနှစ်တုန်းကလည်းကွင်းသစ်တည်ဆောက်ပြီးစီးမှုအတွက်အပိုဆုကြေးပေါင်၃သန်းအပြင်ပေါင်၇သန်းအထိရရှိခဲ့သူလည်းဖြစ်ပါတယ်။
ယခုသူဟာကိုယ့်ကိုယ်ကိုလုပ်ခတိုးမြှင့်ရယူလာမှုနဲ့အတူစပါးစ်ပရိသတ်များရဲ့ဒေါသနှင့်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။
Zawgyi
ကိုယ့်ကိုယ်ကို လုပ်ခပေါင် ၅ သိန်းတိုးပေးလာတဲ့ စပါးစ်ဥက္ကဌလီဗိုင်းကို ပရိသတ်များဒေါသထွက်နေ
ဒါပေမဲ့ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၎နေရာမှာရပ်တည်နေတဲ့စပါးစ်ဟာချန်ပီယံလိဂ်၁၆သင်းအဆင့်သို့တက်ထားသလိုအက်ဖ်အေဖလားပဉ္စမအဆင့်သို့လည်းတက်ရောက်ထားပါတယ်။
စပါးစ်ဒါရိုက်တာအဖွဲ့ဝင်၇ဦးတို့ဟာယခင်တုန်းကစုစုပေါင်းပေါင်၎သန်းသာရရှိခဲ့ပေမဲ့လည်းယခုအခါပေါင်၆.၇၇၃သန်းအထိတိုးမြှင့်ရရှိနေပါတယ်။