ကိုယ့်ကွင်းဘက်ခြမ်း ၇၅ ကိုက်အကွာမှ အံ့ဩစရာကောင်းတဲ့ဂိုးကို သွင်းယူခဲ့တဲ့ စိန့်အက်တီယန်စတား
ဆန်းဒါးလန်းကစားသမားဟောင်းဝါဘီခါဇာရီအတွက် Puskas Award ရဖို့ ဆွတ်ခူးဖို့အရမ်းနောက်ကျသွားပြီဆိုရင် အကြီးအကျယ်အံ့ဩစရာဖြစ်လာပါလိမ့်မယ်။
စိန့်အက်တီယန်အလယ်တန်းကစားသမားဟာမနေ့ညတုန်းကမက်ဇ်နှင့်ရင်ဆိုင်ကစားတဲ့လီဂူး၁ပွဲစဉ်မှာတကယ့်ကိုအံ့ဩစရာကောင်းလွန်းလှတဲ့ဂိုးတစ်ဂိုးကိုသွင်းယူနိုင်ခဲ့လို့ဖြစ်ပါတယ်။
Puskas Award ဆုအတွက်ဆန်ကာတင်စာရင်းကိုလာမယ့်လမှာကြေညာသွားမှာဖြစ်ပါတယ်။ယင်းဆုကတစ်နှစ်တာအတွင်းအကောင်းဆုံးဂိုးဆုကို ချီးမြှင့်တဲ့ဆုတစ်ဆုဖြစ်ပါတယ်။
ခါဇာရီဟာလည်း Puskas Award အတွက်မျှော်လင့်ချက်အများကြီးရှိနေပါတယ်။
မနေ့ညတုန်းကပွဲစဉ်မှာစိန့်အက်တီယန်ဟာပွဲအစ၉မိနစ်မှာဘဲဘူလာယာရဲ့ဂိုးနဲ့ဦးဆောင်ခြင်းခံခဲ့ရပါတယ်။ဒါပေမယ့်၆မိနစ်အကြာမှာခါဇာရီဟာမယုံကြည်စရာကောင်းတဲ့ချေပဂိုးကိုသွင်းယူခဲ့ပါတယ်။
ခါဇာရီဟာကိုယ့်ကွင်းဧရိယာအတွင်းမှာဘောလုံးရရှိပြီးနောက်ဧရိယာအပြင်ဘက်၁၀ကိုက်ခန့်အကွာသို့ပြေးဆွဲပြီးနောက်ဂိုးရှေ့သို့တက်နေတဲ့မက်ဇ်ဂိုးသမားအလက်ဇန္ဒားအူကစ်ဂျာကိုမြင်တွေ့ခဲ့ရပါတယ်။
ယင်းနောက်သူဟာ၇၅ကိုက်အကွာကဘဲဂိုးပေါက်ထဲသို့ကန်သွင်းကာ စိန့်အက်တီယန်အတွက်အဖိုးတန်ရမှတ်တစ်မှတ်ရစေမယ့်ချေပဂိုးကိုသွင်းယူပေးခဲ့ပါတယ်။
ခါဇာရီဟာဘာစတီယာတွင်ကစားသမားဘဝစတင်ပြီး၃၄ဂိုးသွင်းယူပေးပြီးနောက်ဘော်ဒိုးသို့ပြောင်းခဲ့ပါတယ်။သူဟာယင်းမှတဆင့်ဆန်းဒါးလန်းသို့ ပြောင်းကစားခဲ့ပြီး၄၂ပွဲကစားခွင့်ရရှိခဲ့ကာ၂၀၁၈ခုနှစ်မှာစိန့်အက်တီယန်သို့ပြောင်းခဲ့ပါတယ်။သူဟာပထမဆုံးရာသီတုန်းက၁၃ဂိုးအထိသွင်းယူကာအမှတ်ပေးဇယားအဆင့်၄မှာရပ်တည်နိုင်အောင်ကူညီခဲ့ပါတယ်။
ZawGyi