ကိုယ့်ဖာသာကိုယ် ခြေချင်းလိမ်ကာ ပင်နယ်တီရရှိအောင် လုပ်ခဲ့တယ်လို့ ပေါ့ဘာစွပ်စွဲခံနေရ

ပေါလ်ပေါ့ဘာဟာဗီလာနှင့်ပွဲစဉ်မှာမန်ယူအသင်းပင်နယ်တီအနိုင်ဂိုးရရှိအောင်ကိုယ့်ဖာသာကိုယ်ခြေချင်းချိတ်ကာလှဲချခဲ့ကြောင်းဗီလာနည်းပြဒိန်းစမစ်ကစွပ်စွဲပြောကြားလိုက်ပါတယ်။

မန်ယူဟာဒေါက်ကလပ်လုဇ်ကပြင်သစ်ကွင်းလယ်ကစားသမားအားဧရိယာအတွင်းတွင်တားဆီးရန်ကြိုးပမ်းခဲ့ပြီး ဒိုင်လူကြီးကပင်နယ်တီပေးခဲ့ပါတယ်။ဒါပေမယ့်စမတ်ကတော့ပင်နယ်ဆီဆုံးဖြတ်ချက်မှာသံသယစရာများစွာရှိနေ ကြောင်းပြောကြားသွားပါတယ်။

၆၁မိနစ်မှာရရှိတဲ့ယင်းပင်နယ်တီကိုဘရူနိုဖာနန်ဒက်စ်ကအနိုင်ဂိုးအဖြစ်ပြောင်းလဲခဲ့တာကြောင့်မန်ယူတို့၂-၁ဂိုးဖြင့် ဗီလာကိုအနိုင်ရရှိခဲ့ပါတယ်။

အနှေးပြကွက်များအရ ပေါ့ဘာဟာကိုယ့်ခြေထောက်နဲ့ကိုယ်ထိပြီးလဲကျခဲ့တာဖြစ်ကြောင်းသိရပါတယ်။ချက်ချင်း ပင်ဒိုင်လူကြီးမိုက်ကယ်အိုလီဗာကပင်နယ်တီပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ယင်းဖြစ်ရပ်ကိုVARကစစ်ဆေးမှုပြုလုပ်ခဲ့ပြီး VAR ဒိုင်ကကွင်းဘေးရှိ မော်နီတာဖြင့်ပြန်လည်စစ်ဆေးမှုမပြုလုပ်ရန်ပြောကြားခဲ့ပါတယ်။

နည်းပြစမစ်က “အစတုန်းကပင်နယ်တီလို့ထင်ခဲ့တယ်။ဒေါက်ကလပ်ကသူနဲ့အရမ်းကပ်နေခဲ့တယ်။ပြီးတော့ပေါ့ ဘာကလဲကျသွားတယ်။ဒါပေမယ့်အဝတ်အစားလဲခန်းထဲမှာပြန်ကြည့်လိုက်တော့သံသယဖြစ်စရာတွေအများကြီး တွေ့ရတယ်။သူဟာကိုယ်ခြေထောက်နဲ့ကိုယ်ထပြီးလဲချခဲ့လို့ထင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဗီလာအားအနိုင်ရတဲ့ပွဲစဉ်ရဲ့ပထမပိုင်းအစောပိုင်းမှာပေါလ်ပေါ့ဘာဟာကစားဖော်လုခ်ရှောကိုဗီလာပင်နယ်တီဧရိ ယာတွင်ဟန်ဆောင်ဒိုင်ဗင်ထိုးရန်တိုက်တွန်းခဲ့ကြောင်းလည်းတွေ့ရပါတယ်။

မန်ယူဟာဗီလာနိုင်ပွဲကြောင့်ထိပ်ဆုံးမှလီဗာပူးနှင့်ပွဲတူရမှတ်တူကာအမှတ်ပေးဇယားဒုတိယနေရာမှာ ရပ်တည်လာနိုင်ပါတယ်။

ZawGyi

ကိုယ့္ဖာသာကိုယ္ ေျခခ်င္းလိမ္ကာ ပင္နယ္တီရရွိေအာင္ လုပ္ခဲ့တယ္လို႔ ေပါ့ဘာစြပ္စြဲခံေနရ

ေပါလ္ေပါ့ဘာဟာဗီလာႏွင့္ပြဲစဥ္မွာမန္ယူအသင္းပင္နယ္တီအႏိုင္ဂိုးရရွိေအာင္ကိုယ့္ဖာသာကိုယ္ေျခခ်င္းခ်ိတ္ကာလွဲခ်ခဲ့ေၾကာင္းဗီလာနည္းျပဒိန္းစမစ္ကစြပ္စြဲေျပာၾကားလိုက္ပါတယ္။

မန္ယူဟာေဒါက္ကလပ္လုဇ္ကျပင္သစ္ကြင္းလယ္ကစားသမားအားဧရိယာအတြင္းတြင္တားဆီးရန္ႀကိဳးပမ္းခဲ့ၿပီး ဒိုင္လူႀကီးကပင္နယ္တီေပးခဲ့ပါတယ္။ဒါေပမယ့္စမတ္ကေတာ့ပင္နယ္ဆီဆုံးျဖတ္ခ်က္မွာသံသယစရာမ်ားစြာရွိေန ေၾကာင္းေျပာၾကားသြားပါတယ္။

၆၁မိနစ္မွာရရွိတဲ့ယင္းပင္နယ္တီကိုဘ႐ူႏိုဖာနန္ဒက္စ္ကအႏိုင္ဂိုးအျဖစ္ေျပာင္းလဲခဲ့တာေၾကာင့္မန္ယူတို႔၂-၁ဂိုးျဖင့္ ဗီလာကိုအႏိုင္ရရွိခဲ့ပါတယ္။

အေႏွးျပကြက္မ်ားအရ ေပါ့ဘာဟာကိုယ့္ေျခေထာက္နဲ႔ကိုယ္ထိၿပီးလဲက်ခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။ခ်က္ခ်င္း ပင္ဒိုင္လူႀကီးမိုက္ကယ္အိုလီဗာကပင္နယ္တီေပးဖို႔ဆုံးျဖတ္ခဲ့ပါတယ္။ယင္းျဖစ္ရပ္ကိုVARကစစ္ေဆးမႈျပဳလုပ္ခဲ့ၿပီး VAR ဒိုင္ကကြင္းေဘးရွိ ေမာ္နီတာျဖင့္ျပန္လည္စစ္ေဆးမႈမျပဳလုပ္ရန္ေျပာၾကားခဲ့ပါတယ္။

နည္းျပစမစ္က “အစတုန္းကပင္နယ္တီလို႔ထင္ခဲ့တယ္။ေဒါက္ကလပ္ကသူနဲ႔အရမ္းကပ္ေနခဲ့တယ္။ၿပီးေတာ့ေပါ့ ဘာကလဲက်သြားတယ္။ဒါေပမယ့္အဝတ္အစားလဲခန္းထဲမွာျပန္ၾကည့္လိုက္ေတာ့သံသယျဖစ္စရာေတြအမ်ားႀကီး ေတြ႕ရတယ္။သူဟာကိုယ္ေျခေထာက္နဲ႔ကိုယ္ထၿပီးလဲခ်ခဲ့လို႔ထင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဗီလာအားအႏိုင္ရတဲ့ပြဲစဥ္ရဲ႕ပထမပိုင္းအေစာပိုင္းမွာေပါလ္ေပါ့ဘာဟာကစားေဖာ္လုခ္ေရွာကိုဗီလာပင္နယ္တီဧရိ ယာတြင္ဟန္ေဆာင္ဒိုင္ဗင္ထိုးရန္တိုက္တြန္းခဲ့ေၾကာင္းလည္းေတြ႕ရပါတယ္။

မန္ယူဟာဗီလာႏိုင္ပြဲေၾကာင့္ထိပ္ဆုံးမွလီဗာပူးႏွင့္ပြဲတူရမွတ္တူကာအမွတ္ေပးဇယားဒုတိယေနရာမွာ ရပ္တည္လာႏိုင္ပါတယ္။