ကိုယ့်ဘဝကောင်းစားရေးအတွက် မဖြစ်မနေထွက်ခွာရမယ့် မန်ယူကစားသမားတစ်ဦးကို ဂယ်ရီနဗီးလ်ပြောကြားလာ

ဂယ်ရီနဗီးလ်ကဂျက်စီလင်ဂတ်အနေဖြင့်ကိုယ့်ဘဝရှေ့ရေးအတွက်မန်ယူမှမဖြစ်မနေထွက်ခွာရန်လိုအပ်နေကြောင်းပြောကြားလာပါတယ်။

လင်ဂတ်ဟာပြီးခဲ့တဲ့နှစ်ဘောလုံးရာသီဒုတိယပိုင်းတုန်းကနည်းပြဟောင်းဒေးဗစ်မိုယက်စ်ရှိရာဝက်စ်ဟမ်းသို့အငှားဖြင့်သွားရောက်ကစားခဲ့သူဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိလင်ဂတ်ဟာဝက်စ်ဟမ်းတွင်သူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးဝက်စ်ဟမ်းအတွက်၁၆ပွဲကစားခဲ့ရာမှာ၉ဂိုးသွင်းယူနိုင်ခဲ့ကာ၅ကြိမ်ဖန်တီးခဲ့ပါတယ်။

လင်ဂတ်ဟာမန်ယူနှင့်၂၀၂၂ခုနှစ်၊ဇွန်လတွင်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးဝက်စ်ဟမ်းကသူ့ကိုခေါ်ယူလိုပေမယ့်မန်ယူကပေါင်သန်း၃၀တောင်းဆိုမှုနဲ့အတူအပြောင်းအရွှေ့ဖြစ်လာရန်ခက်ခဲနေပါတယ်။

ဂယ်ရီနဗီးလ်က “ဂျက်စီအနေနဲ့ဂျက်စီအတွက်ထွက်ခွာဖို့လိုအပ်နေတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကဝက်စ်ဟမ်းမှာကစားတုန်းကကောင်းမွန်တဲ့ကာလတစ်ခုရခဲ့တယ်။သူဟာအဲဒီမှာကိုယ့်ကိုယ်ကိုပြန်ရှာတွေ့ခဲ့တယ်။သူပြန်လာရင်၁၅ပွဲကစားရမယ်။အသင်းကောင်းကျိုးကြည့်တဲ့ကစားသမားဖြစ်လာမယ်။ဒါပေမယ့်သူဟာပြီးခဲ့တဲ့နှစ်ကကြုံခဲ့ရဖူးတော့အဲဒီလိုဖြစ်ချင်မှာမဟုတ်ပါဘူး။ဂျက်စီအနေနဲ့ဂျက်စီလင်ဂတ်အတွက်ထွက်ခွာဖို့လိုနေပါတယ်”လို့ပြောကြားသွားပါတယ်။

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားကမူလင်ဂတ်မှာအသင်းရဲ့အစီအစဉ်တွင်ပါဝင်နေပြီးအသင်းတွင်ပင်ဆက်ရှိနေနိုင်ကြောင်းပြောကြားထားပါတယ်။

လင်ဂတ်ဟာလက်ရှိအချိန်တွင်ကိုဗစ်ကြောင့်ကွာရန်တင်းဝင်နေရပြီးလိဒ်အား၅-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲကိုလွဲချော်ခဲ့ပါတယ်။

ZawGyi

ကိုယ့္ဘဝေကာင္းစားေရးအတြက္ မျဖစ္မေနထြက္ခြာရမယ့္ မန္ယူကစားသမားတစ္ဦးကို ဂယ္ရီနဗီးလ္ေျပာၾကားလာ

ဂယ္ရီနဗီးလ္ကဂ်က္စီလင္ဂတ္အေနျဖင့္ကိုယ့္ဘဝေရွ႕ေရးအတြက္မန္ယူမွမျဖစ္မေနထြက္ခြာရန္လိုအပ္ေနေၾကာင္းေျပာၾကားလာပါတယ္။

လင္ဂတ္ဟာၿပီးခဲ့တဲ့ႏွစ္ေဘာလုံးရာသီဒုတိယပိုင္းတုန္းကနည္းျပေဟာင္းေဒးဗစ္မိုယက္စ္ရွိရာဝက္စ္ဟမ္းသို႔အငွားျဖင့္သြားေရာက္ကစားခဲ့သူျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိလင္ဂတ္ဟာဝက္စ္ဟမ္းတြင္သူ႔ရဲ႕အေကာင္းဆုံးေျခစြမ္းကိုျပန္လည္ရွာေဖြေတြ႕ရွိခဲ့ၿပီးဝက္စ္ဟမ္းအတြက္၁၆ပြဲကစားခဲ့ရာမွာ၉ဂိုးသြင္းယူႏိုင္ခဲ့ကာ၅ႀကိမ္ဖန္တီးခဲ့ပါတယ္။

လင္ဂတ္ဟာမန္ယူႏွင့္၂၀၂၂ခုႏွစ္၊ဇြန္လတြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးဝက္စ္ဟမ္းကသူ႔ကိုေခၚယူလိုေပမယ့္မန္ယူကေပါင္သန္း၃၀ေတာင္းဆိုမႈနဲ႔အတူအေျပာင္းအေ႐ႊ႕ျဖစ္လာရန္ခက္ခဲေနပါတယ္။

ဂယ္ရီနဗီးလ္က “ဂ်က္စီအေနနဲ႔ဂ်က္စီအတြက္ထြက္ခြာဖို႔လိုအပ္ေနတယ္။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကဝက္စ္ဟမ္းမွာကစားတုန္းကေကာင္းမြန္တဲ့ကာလတစ္ခုရခဲ့တယ္။သူဟာအဲဒီမွာကိုယ့္ကိုယ္ကိုျပန္ရွာေတြ႕ခဲ့တယ္။သူျပန္လာရင္၁၅ပြဲကစားရမယ္။အသင္းေကာင္းက်ိဳးၾကည့္တဲ့ကစားသမားျဖစ္လာမယ္။ဒါေပမယ့္သူဟာၿပီးခဲ့တဲ့ႏွစ္ကႀကဳံခဲ့ရဖူးေတာ့အဲဒီလိုျဖစ္ခ်င္မွာမဟုတ္ပါဘူး။ဂ်က္စီအေနနဲ႔ဂ်က္စီလင္ဂတ္အတြက္ထြက္ခြာဖို႔လိုေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားကမူလင္ဂတ္မွာအသင္းရဲ႕အစီအစဥ္တြင္ပါဝင္ေနၿပီးအသင္းတြင္ပင္ဆက္ရွိေနႏိုင္ေၾကာင္းေျပာၾကားထားပါတယ္။

လင္ဂတ္ဟာလက္ရွိအခ်ိန္တြင္ကိုဗစ္ေၾကာင့္ကြာရန္တင္းဝင္ေနရၿပီးလိဒ္အား၅-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပရီးမီးယားလိဂ္အဖြင့္ပြဲကိုလြဲေခ်ာ္ခဲ့ပါတယ္။