ပီလီဟာသူ့အမည်ပီလီကိုမုန်းတီးခဲ့သူဖြစ်ပါတယ်။သူဟာသူ့အမည်ရင်းအက်ဒ်ဆင်ကိုကိုလူသိများလိုခဲ့ပါတယ်။ပီလီဟာသူ့အမည်ရင်းအက်ဒ်ဆင်ကိုတီထွင်သူသောမတ်စ်အက်ဒီဆင်ကိုလေးစားအားကျပြီးမည့်ခေါ်ထားတာဖြစ်ပါတယ်။
ဘရာဇီးဂန္ထဝင်ပီလီဟာအသက်၈၂နှစ်အရွယ်တွင်ကင်ဆာရောဂါတိုက်ပွဲဝင်ပြီးတဲ့နောက်ကွယ်လွန်သွားရှာခဲ့ပြီဖြစ်ပါတယ်။ပီလီဟာဘောလုံးသမိုင်းတွင်ကမ္ဘာ့ဖလားနှစ်ကြိမ်ဆွတ်ခူးထားနိုင်တဲ့တစ်ဦးတည်းသောကစားသမားလည်းဖြစ်ကာGOAT ဖြစ်အားလုံးရဲ့သတ်မှတ်ခြင်းခံထားရသူလည်းဖြစ်ပါတယ်။
ပီလီဟာသူ့အမည်ကို ပီလီအဖြစ်တစ်ကမ္ဘာလုံးကသိထားကြပေမဲ့သူ့မိဘများကပေးထားတဲ့သူ့အမည်ရင်း အက်ဒ်ဆင်ကိုသာလူသိများစေလိုခဲ့တာပါ။
သူ့အမည်ရင်းကအက်ဒ်ဆင်အေရန်တက်စ်ဒိုနာစီမင်တိုဖြစ်ပါတယ်။ကမ္ဘာကျော်တီထွင်သူသောမတ်စ်အက်ဒီဆင်နှင့်မတူညီပါဘူး။
ပီလီ(သို့မဟုတ်)အက်ဒ်ဆင်ဟာအမေရိကန်တီထွင်သူရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။
၂၀၁၉ခုနှစ်တုန်းက Tuttosport နှင့်အင်တာဗျူးတွင်ကမ္ဘာ့ဖလားသုံးကြိမ်ရပီလီက “ကျွန်တော်ဟာပျော်စရာကောင်းတဲ့ကလေးဘဝပိုင်ဆိုင်ခဲ့တယ်။ကျွန်တော့်အမည်ကအက်ဒ်ဆင်ပါ။နောက်တော့သူတို့ဟာပီလီလို့စခေါ်လာကြပါတယ်။ဒီအမည်ကိုမကြိုက်ပါဘူး။လူတိုင်းကိုအတိုက်အခံလိုက်ခဲ့တယ်။ငါကသောမတ်စ်အက်ဒီဆင်ရဲ့ပရိသတ်လို့ပြောခဲ့တယ်။ပီလီဆိုတာဘာလဲ။သောမတ်စ်အက်ဒီဆင်ကပိုပြီးတော့အရေးပါတယ်”လို့ ပြောကြားသွားပါတယ်။
ပီလီဟာအသက်၁၇နှစ်အရွယ်တွင်၁၉၅၈ဆွီဒင်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်စတင်ကစားခဲ့ပြီးယင်းပြိုင်ပွဲရဲ့အသက်အငယ်ဆုံးကစားသမားဖြစ်ခဲ့သလိုဗိုလ်လုပွဲတွင်နှစ်ဂိုးသွင်းယူပြီးနောက်ဘရာဇီးသူရဲကောင်းဖြစ်လာခဲ့ပါတယ်။
ZawGyi
ကိုယ့်အမည်ကို မုန်းခဲ့တဲ့ ပီလီ၊ တီထွင်သူသောမတ်စ်အက်ဒီဆင်ကို လေးစားအားကျကာ သူ့အမည်ကို အက်ဒ်ဆင်လို့ လူသိစေလိုခဲ့တဲ့ ပီလီ