ကိုယ့်အသင်းရဲ့အိမ်ကွင်း ဆိုးရွားမှုကို ဝေဖန်လိုက်တဲ့ ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်

ဒေးဗစ်မိုယက်စ်က London Stadium ရဲ့ကွင်းမြက်ခင်းမှာပရီးမီးယားလိဂ်အဆင့်အတန်းနှင့်မကိုက်ညီကြောင်းပြောကြားကာဝက်စ်ဟမ်းရဲ့အိမ်ကွင်းဆိုးရွားမှုကိုအပြစ်ဖို့လိုက်ပါတယ်။

ဒေးဗစ်မိုယက်စ်ဦးဆောင်တဲ့ဝက်စ်ဟမ်းဟာလက်စတာကိုအနိုင်ယူပြီးတဲ့နောက်ခရစ္စတယ်ပဲလေ့စ်နှင့်၂ဂိုးစီသရေကျခဲ့ပါတယ်။

ဝက်စ်ဟမ်းဟာယခုရာသီမှာအိမ်ကွင်းနှစ်ပွဲတည်းသာကစားရသေးသော်လည်း London Stadium ရဲ့မြက်ခင်းမကောင်းမွန်ဖြစ်နေပါတယ်။ဝက်စ်ဟမ်းနည်းပြမိုယက်စ်ဟာကွင်းမြက်ခင်းကြောင့်ကစားသမားများရဲ့အကောင်းဆုံးခြေစွမ်းထွက်ပေါ်ရန်ခက်ခဲနေမှုအပေါ်စိတ်ပျက်နေတာလည်းဖြစ်ပါတယ်။

မိုယက်စ်က “ဘောလုံးကောင်းကောင်းမပေးပို့နိုင်ဘူး။အကြောင်းပြချက်တွေအများကြီးရှိနေပါတယ်။တစ်ခုခုပြောရမယ်ဆိုရင်တော့ London Stadium ရဲ့ကွင်းမြက်ခင်းကအရမ်းဆိုးရွားနေပါတယ်။ရလဒ်မကောင်းလို့အကြောင်းပြချက်ပေးတာမဟုတ်ပါဘူး။ဒီနေ့ကခြောက်သွေ့တယ်။နည်းနည်းလည်းပူနေတော့အလုပ်မဖြစ်ပါဘူး။ဘောလုံးကအရမ်းခုန်တက်နေတာကိုအားလုံးလည်းတွေ့ကြမှာပါ။ဒီတော့ကောင်းကောင်းကစားပြီးဟန်ချက်ညီဖို့ခက်ခဲပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

ကိုယ့္အသင္းရဲ႕အိမ္ကြင္း ဆိုး႐ြားမႈကို ေဝဖန္လိုက္တဲ့ ဝက္စ္ဟမ္းနည္းျပေဒးဗစ္မိုယက္စ္

ေဒးဗစ္မိုယက္စ္က London Stadium ရဲ႕ကြင္းျမက္ခင္းမွာပရီးမီးယားလိဂ္အဆင့္အတန္းႏွင့္မကိုက္ညီေၾကာင္းေျပာၾကားကာဝက္စ္ဟမ္းရဲ႕အိမ္ကြင္းဆိုး႐ြားမႈကိုအျပစ္ဖို႔လိုက္ပါတယ္။

ေဒးဗစ္မိုယက္စ္ဦးေဆာင္တဲ့ဝက္စ္ဟမ္းဟာလက္စတာကိုအႏိုင္ယူၿပီးတဲ့ေနာက္ခရစၥတယ္ပဲေလ့စ္ႏွင့္၂ဂိုးစီသေရက်ခဲ့ပါတယ္။

ဝက္စ္ဟမ္းဟာယခုရာသီမွာအိမ္ကြင္းႏွစ္ပြဲတည္းသာကစားရေသးေသာ္လည္း London Stadium ရဲ႕ျမက္ခင္းမေကာင္းမြန္ျဖစ္ေနပါတယ္။ဝက္စ္ဟမ္းနည္းျပမိုယက္စ္ဟာကြင္းျမက္ခင္းေၾကာင့္ကစားသမားမ်ားရဲ႕အေကာင္းဆုံးေျခစြမ္းထြက္ေပၚရန္ခက္ခဲေနမႈအေပၚစိတ္ပ်က္ေနတာလည္းျဖစ္ပါတယ္။

မိုယက္စ္က “ေဘာလုံးေကာင္းေကာင္းမေပးပို႔ႏိုင္ဘူး။အေၾကာင္းျပခ်က္ေတြအမ်ားႀကီးရွိေနပါတယ္။တစ္ခုခုေျပာရမယ္ဆိုရင္ေတာ့ London Stadium ရဲ႕ကြင္းျမက္ခင္းကအရမ္းဆိုး႐ြားေနပါတယ္။ရလဒ္မေကာင္းလို႔အေၾကာင္းျပခ်က္ေပးတာမဟုတ္ပါဘူး။ဒီေန႔ကေျခာက္ေသြ႕တယ္။နည္းနည္းလည္းပူေနေတာ့အလုပ္မျဖစ္ပါဘူး။ေဘာလုံးကအရမ္းခုန္တက္ေနတာကိုအားလုံးလည္းေတြ႕ၾကမွာပါ။ဒီေတာ့ေကာင္းေကာင္းကစားၿပီးဟန္ခ်က္ညီဖို႔ခက္ခဲပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။