ကိုယ်ဂိုးရရေးသာ တွေးတဲ့ ရော်နယ်ဒိုက မန်ယူအတွက် ပြဿနာတစ်ရပ်ဖြစ်နေပြီဟု ဒတ်ချ်ဂန္ထဝင်ဘလိုင်းပြောကြား

ဒတ်ချ်ဂန္ထဝင်ကစားသမားဒါလေးဘလိုင်းကမန်ယူအသင်းရုန်းကန်ရခြင်းအတွက်ခရစ္စတီယာနိုရော်နယ်ဒိုကိုအပြစ်ဖို့ရမှာဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာအိုးထရက်ဖို့ဒ်သို့တကျော့ပြန်ရောက်လာပြီးနောက်မန်ယူအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၇ပွဲကစားထားရာမှာ၅ဂိုးသွင်းထားပါတယ်။

ဒါပေမယ့်မန်ယူအသင်းဟာဗီလာ၊ယန်းဘွိုင်းစ်တို့ကိုရှုံးနိမ့်ထားသလိုဝက်စ်ဟမ်းကိုရှုံးနိမ့်ကာခါရာဘောင်ဖလားမှထွက်ခွာထားရပြီးဖြစ်ကာစနေနေ့တုန်းကအဲဗာတန်နှင့်တစ်ဂိုးစီသရေကျခဲ့ပါတယ်။

မန်ယူတွင်ကစားခဲ့တဲ့ဘယ်နောက်ခံလူဒါလေးဘလိုင်းရဲ့ဖခင်ဖြစ်သူကမန်ယူအသင်းရုန်းကန်ရခြင်းရဲ့အဓိကအကြောင်းအရင်းမှာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကိုယ်ဂိုးသွင်းနိုင်ရေးတစ်ခုတည်းအပေါ်မှာသာစဉ်းစားနေခြင်းကြောင့်ဖြစ်ကြောင်းဝေဖန်သွားပါတယ်။

ဘလိုင်းက “ပုံမှန်အားဖြင့်ဆိုရင်တိုက်စစ်မှူးတွေကဗဟိုခံစစ်မှူးတစ်ဦးကနေနောက်တစ်ဦးဆီသို့ပြေးကြတယ်။ဒီလိုလုပ်မှုကသူတို့အကြားဆက်သွယ်မှုကိုအများကြီးအထစ်အငေါ့ဖြစ်စေပါတယ်။အခုသူတို့ဟာသူတို့ရဲ့စနစ်အတိုင်းမကစားနိုင်ကြပါဘူး။ဘောလုံးပြန်အံထွက်လာချိန်မှာပေါလ်ပေါ့ဘာကပြန်လည်ဖိအားပေးဖို့လုပ်နေတာမြင်ကြမှာပါ။ရော်နယ်ဒိုကအဲဒီလိုမလုပ်ပါဘူး။သူကဂိုးရဖို့ချည်းပဲတွေးပါတယ်။အခြားသူတွေဘောလုံးပေးပို့လာဖို့ကိုမျှော်နေတာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ကိုယ္ဂိုးရေရးသာ ေတြးတဲ့ ေရာ္နယ္ဒိုက မန္ယူအတြက္ ျပႆနာတစ္ရပ္ျဖစ္ေနၿပီဟု ဒတ္ခ်္ဂႏၴဝင္ဘလိုင္းေျပာၾကား

ဒတ္ခ်္ဂႏၴဝင္ကစားသမားဒါေလးဘလိုင္းကမန္ယူအသင္း႐ုန္းကန္ရျခင္းအတြက္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုအျပစ္ဖို႔ရမွာျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအိုးထရက္ဖို႔ဒ္သို႔တေက်ာ့ျပန္ေရာက္လာၿပီးေနာက္မန္ယူအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၇ပြဲကစားထားရာမွာ၅ဂိုးသြင္းထားပါတယ္။

ဒါေပမယ့္မန္ယူအသင္းဟာဗီလာ၊ယန္းဘြိဳင္းစ္တို႔ကိုရႈံးနိမ့္ထားသလိုဝက္စ္ဟမ္းကိုရႈံးနိမ့္ကာခါရာေဘာင္ဖလားမွထြက္ခြာထားရၿပီးျဖစ္ကာစေနေန႔တုန္းကအဲဗာတန္ႏွင့္တစ္ဂိုးစီသေရက်ခဲ့ပါတယ္။

မန္ယူတြင္ကစားခဲ့တဲ့ဘယ္ေနာက္ခံလူဒါေလးဘလိုင္းရဲ႕ဖခင္ျဖစ္သူကမန္ယူအသင္း႐ုန္းကန္ရျခင္းရဲ႕အဓိကအေၾကာင္းအရင္းမွာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ကိုယ္ဂိုးသြင္းႏိုင္ေရးတစ္ခုတည္းအေပၚမွာသာစဥ္းစားေနျခင္းေၾကာင့္ျဖစ္ေၾကာင္းေဝဖန္သြားပါတယ္။

ဘလိုင္းက “ပုံမွန္အားျဖင့္ဆိုရင္တိုက္စစ္မႉးေတြကဗဟိုခံစစ္မႉးတစ္ဦးကေနေနာက္တစ္ဦးဆီသို႔ေျပးၾကတယ္။ဒီလိုလုပ္မႈကသူတို႔အၾကားဆက္သြယ္မႈကိုအမ်ားႀကီးအထစ္အေငါ့ျဖစ္ေစပါတယ္။အခုသူတို႔ဟာသူတို႔ရဲ႕စနစ္အတိုင္းမကစားႏိုင္ၾကပါဘူး။ေဘာလုံးျပန္အံထြက္လာခ်ိန္မွာေပါလ္ေပါ့ဘာကျပန္လည္ဖိအားေပးဖို႔လုပ္ေနတာျမင္ၾကမွာပါ။ေရာ္နယ္ဒိုကအဲဒီလိုမလုပ္ပါဘူး။သူကဂိုးရဖို႔ခ်ည္းပဲေတြးပါတယ္။အျခားသူေတြေဘာလုံးေပးပို႔လာဖို႔ကိုေမွ်ာ္ေနတာပါ”လို႔ေျပာၾကားသြားပါတယ္။