ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ပစ္စည်းအမြောက်အမြား ထုတ်လုပ်ရန် ဟယ်ရီကိန်းစီစဉ်နေ

အင်္ဂလန်နှင့်စပါးစ်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့်ကုန်ပစ္စည်းအမြောက်အမြားထုတ်လုပ်ရောင်းချမှုပြုလုပ်ရန်စီစဉ်နေပါတယ်။

စပါးစ်တိုက်စစ်မှူးဟာသွားတိုက်တံ၊လက်သည်းညှပ်အပါအဝင်အသုံးအဆောင်ပစ္စည်းများစွာထုတ်လုပ်ပြီးငွေရှာဖွေရန်စီစဉ်နေတာလည်းဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိဟယ်ရီကိန်းဟာလျှပ်စစ်ပစ္စည်း၊အဝတ်အစား၊လက်ဝတ်ရတနာ၊အရက်၊စားသောက်ကုန်၊ဂိမ်းစ်၊မိတ်ကပ်များအပါအဝင်ပစ္စည်းအမျိုးပေါင်းထောင်ချီပြီးထုတ်လုပ်ရန်အတွက်အမှတ်တံဆိပ်မူပိုင်ခွင့်ရယူလာတာလည်းဖြစ်ပါတယ်။

ယင်းသို့လုပ်ဆောင်မှုကိုသူပိုင် HK28 ကုမ္ပဏီကပြုလုပ်လာတာလည်းဖြစ်ပါတယ်။

ZawGyi




