ကိုယ်ပိုင် Cryptocurrency ကြေညာလာမယ့် အာဆင်နယ်စတားဟောင်းအိုဇေးလ်

အာဆင်နယ်စတားဟောင်းမီဆတ်အိုဇေးလ်ဟာယခုအပတ်အတွင်းတွင် ကိုယ်ပိုင် Cryptocurrency ကိုကြေညာလာမှာဖြစ်ကြောင်းသိရပါတယ်။

အသက်၃၂နှစ်ရှိဖီနာဘာချီကွင်းလယ်ကစားသမားဟာ M10 အမှတ်တံဆိပ်ဖြင့် ဒီဂျစ်တယ်ငွေကြေးကြေညာလာမှာလည်းဖြစ်ပါတယ်။

ဂျာမနီနှင့်အတူကမ္ဘာ့ဖလားဆွတ်ခူးခဲ့ဖူးတဲ့မီဆတ်အိုဇေးလ်ဟာပြီးခဲ့တဲ့နှစ်တုန်းကကိုယ်ပိုင်အဝတ်အစားအမှတ်တံဆိပ်အဖြစ် M10Streetswear ကိုကြေညာရောင်းချခဲ့သူဖြစ်ပါတယ်။

ယခုအခါသူဟာ M10 အမှတ်တံဆိပ်ကိုပိုမိုတိုးချဲ့တဲ့အနေဖြင့်လုပ်ဆောင်လာတော့မှာဖြစ်ပါတယ်။၎င်းကလာမယ့်စနေနေ့မှာစိတ်လှုပ်ရှားစရာကောင်းတဲ့အရာများကိုကြေညာလာမယ်လို့ ပရိသတ်သန်းတစ်ရာကျော်ရှိတဲ့တွစ်တာကနေကြေညာလာပါတယ်။

အိုဇေးလ်ကလာမယ့်စနေနေ့မှာဘာကိုကြေညာလာမယ်ဆိုတာပြောကြားထားခြင်းမရှိပေမယ့်လည်း မီဒီယာများရဲ့ဖော်ပြချက်အရ ဒီဂျစ်တယ်ငွေကြေးကြေညာလာမယ်လို့သိရပါတယ်။

ZawGyi

ကိုယ္ပိုင္ Cryptocurrency ေၾကညာလာမယ့္ အာဆင္နယ္စတားေဟာင္းအိုေဇးလ္

အာဆင္နယ္စတားေဟာင္းမီဆတ္အိုေဇးလ္ဟာယခုအပတ္အတြင္းတြင္ ကိုယ္ပိုင္ Cryptocurrency ကိုေၾကညာလာမွာျဖစ္ေၾကာင္းသိရပါတယ္။

အသက္၃၂ႏွစ္ရွိဖီနာဘာခ်ီကြင္းလယ္ကစားသမားဟာ M10 အမွတ္တံဆိပ္ျဖင့္ ဒီဂ်စ္တယ္ေငြေၾကးေၾကညာလာမွာလည္းျဖစ္ပါတယ္။

ဂ်ာမနီႏွင့္အတူကမာၻ႔ဖလားဆြတ္ခူးခဲ့ဖူးတဲ့မီဆတ္အိုေဇးလ္ဟာၿပီးခဲ့တဲ့ႏွစ္တုန္းကကိုယ္ပိုင္အဝတ္အစားအမွတ္တံဆိပ္အျဖစ္ M10Streetswear ကိုေၾကညာေရာင္းခ်ခဲ့သူျဖစ္ပါတယ္။

ယခုအခါသူဟာ M10 အမွတ္တံဆိပ္ကိုပိုမိုတိုးခ်ဲ႕တဲ့အေနျဖင့္လုပ္ေဆာင္လာေတာ့မွာျဖစ္ပါတယ္။၎ကလာမယ့္စေနေန႔မွာစိတ္လႈပ္ရွားစရာေကာင္းတဲ့အရာမ်ားကိုေၾကညာလာမယ္လို႔ ပရိသတ္သန္းတစ္ရာေက်ာ္ရွိတဲ့တြစ္တာကေနေၾကညာလာပါတယ္။

အိုေဇးလ္ကလာမယ့္စေနေန႔မွာဘာကိုေၾကညာလာမယ္ဆိုတာေျပာၾကားထားျခင္းမရွိေပမယ့္လည္း မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရ ဒီဂ်စ္တယ္ေငြေၾကးေၾကညာလာမယ္လို႔သိရပါတယ္။