ကိုယ်ရေးကိုယ်တာကြောင့် အက်စ်တိုးနီးယားနှင့်ပွဲတွင် ဆွီဒင်နောက်ခံလူလင်ဒီလော့ဖ်ပါဝင်မည်မဟုတ်

ဗစ်တာလင်ဒီလော့ဖ်ဟာကိုယ်ရေးကိုယ်တာကိစ္စကြောင့်ဆွီဒင်အသင်းလူစာရင်းမှနုတ်ထွက်ကာမန်ချက်စတာသို့ပြန်ခဲ့သွားခဲ့ပါတယ်။

အသက်၂၆နှစ်ရှိမန်ယူနောက်ခံလူဟာဆွီဒင်အသင်းလူစာရင်းမှနုတ်ထွက်လိုက်မှုနဲ့အတူယနေ့ညတွင်အက်စ်တိုးနီးယားနှင့်ရင်ဆိုင်ကစားရမယ့်ခြေစမ်းပွဲတွင်ပါဝင်လာတော့မှာမဟုတ်ပါဘူး။

လင်ဒီလော့ဖ်ဟာတနင်္ဂနွေနေ့တုန်းကကိုဆိုဗိုအား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ဆွီဒင်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်ပွဲချိန်ပြည့်ကစားခဲ့သလိုပြီးခဲ့တဲ့အပတ်ကြာသပတေးနေ့တုန်းကဂျော့ဂျီယာအား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်လည်းပွဲထွက်ကစားခဲ့သူဖြစ်ပါတယ်။

လင်ဒီလော့ဖ်ဟာယခုရာသီတွင်ကျောဒဏ်ရာပြဿနာကြောင့်ပွဲများလွဲချော်ခဲ့သူဖြစ်ပြီးယင်းဒဏ်ရာကြောင့်ပင်ဆွီဒင်အသင်းမှနုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်းဆွီဒင်မီဒီယာများကဖော်ပြနေပါတယ်။

ZawGyi

ကိုယ္ေရးကိုယ္တာေၾကာင့္ အက္စ္တိုးနီးယားႏွင့္ပြဲတြင္ ဆြီဒင္ေနာက္ခံလူလင္ဒီေလာ့ဖ္ပါဝင္မည္မဟုတ္

ဗစ္တာလင္ဒီေလာ့ဖ္ဟာကိုယ္ေရးကိုယ္တာကိစၥေၾကာင့္ဆြီဒင္အသင္းလူစာရင္းမွႏုတ္ထြက္ကာမန္ခ်က္စတာသို႔ျပန္ခဲ့သြားခဲ့ပါတယ္။

အသက္၂၆ႏွစ္ရွိမန္ယူေနာက္ခံလူဟာဆြီဒင္အသင္းလူစာရင္းမွႏုတ္ထြက္လိုက္မႈနဲ႔အတူယေန႔ညတြင္အက္စ္တိုးနီးယားႏွင့္ရင္ဆိုင္ကစားရမယ့္ေျခစမ္းပြဲတြင္ပါဝင္လာေတာ့မွာမဟုတ္ပါဘူး။

လင္ဒီေလာ့ဖ္ဟာတနဂၤေႏြေန႔တုန္းကကိုဆိုဗိုအား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ဆြီဒင္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲတြင္ပြဲခ်ိန္ျပည့္ကစားခဲ့သလိုၿပီးခဲ့တဲ့အပတ္ၾကာသပေတးေန႔တုန္းကေဂ်ာ့ဂ်ီယာအား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္လည္းပြဲထြက္ကစားခဲ့သူျဖစ္ပါတယ္။

လင္ဒီေလာ့ဖ္ဟာယခုရာသီတြင္ေက်ာဒဏ္ရာျပႆနာေၾကာင့္ပြဲမ်ားလြဲေခ်ာ္ခဲ့သူျဖစ္ၿပီးယင္းဒဏ္ရာေၾကာင့္ပင္ဆြီဒင္အသင္းမွႏုတ္ထြက္ခဲ့ျခင္းျဖစ္ေၾကာင္းဆြီဒင္မီဒီယာမ်ားကေဖာ္ျပေနပါတယ္။