ကိုယ်ရေးကိုယ်တာအကြောင်းပြချက်ဖြင့် ရီးရဲလ်မက်ဒရစ်တွင် ကျောနံပါတ် ၅ ဝတ်ဆင်လိုနေတဲ့ ဘက်ပေး

ကိုင်လီယန်ဘက်ပေးဟာရီးရဲလ်မက်ဒရစ်အသင်းမှာကျောနံပါတ်၅ကိုဝတ်ဆင်လိုနေကြောင်းသိရပါတယ်။ပြင်သစ်စူပါစတားကစားသမားဟာဘာနေဗျူးတွင်ပြင်သစ်ဂန္ဂထဝင်ကစာသမားဇီဒန်းဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၅ကိုဆက်ခံလိုနေတာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာအင်္ဂါနေ့တုန်းကဘက်ပေးကိုပြောင်းရွှေ့ကြေးပေါင်၁၃၇သန်းဖြင့်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီးချက်ချင်းပင်ပယ်ခြင်းခံခဲ့ရပါတယ်။

ယင်းနောက်ရီးရဲလ်မက်ဒရစ်ဟာယနေ့အစောပိုင်းတုန်းကဘက်ပေးအားခေါ်ယူရန်ဒုတိယအကြိမ်မြောက်တရားဝင်ကမ်းလှမ်းမှုအဖြစ်ပြောင်းရွှေ့ကြေးပေါင်၁၄၅သန်းဖြင့်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်။

AS သတင်းစာရဲ့ဖော်ပြချက်အရကိုင်လီယန်ဘက်ပေးမှာရီးရဲလ်မက်ဒရစ်အပြောင်းအရွှေ့ဖြစ်မြောက်လာပါကအခြားထိပ်တန်းတိုက်စစ်သမားများကဲ့သို့တိုက်စစ်နံပါတ်မတောင်းဆိုဘဲအံ့ဩစရာကောင်းတဲ့ကျောနံပါတ်ကိုဝတ်ဆင်ခွင့်ရန်တောင်းဆိုထားကြောင်းသိရပါတယ်။

ပြင်သစ်စူပါစတားဟာသူ့ရဲစံပြကစားသမားဖြစ်တဲ့ဇီဒန်းဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၅ကိုပင်ဝတ်ဆင်ရန်တောင်းဆိုထားကြောင်းသိရပါတယ်။

ရီးရဲလ်မက်ဒရစ်တွင်ကျောနံပါတ်၅ကိုပြင်သစ်နောက်ခံလူရာဖေးလ်ဗာရိန်းဝတ်ဆင်ခဲ့တာဖြစ်ပြီးယခုအခါမန်ယူသို့ပြောင်းရွှေ့သွားခဲ့မှုနဲ့အတူလစ်လပ်လျက်ရှိပါတယ်။

ဘက်ပေးဟာပီအက်စ်ဂျီနှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့သူဖြစ်ပါတယ်။ဘက်ပေးဟာယခုနွေရာသီတွင်အသင်းမပြောင်းဖြစ်ပါကလာမယ့်နှစ်နွေတွင်ပီအက်စ်ဂျီမှအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာမှာမဟုတ်ကြောင်းကလပ်ကိုပြောကြားထားသူလည်းဖြစ်ပါတယ်။

ယင်းအနေအထားကြောင့်ရီးရဲလ်မက်ဒရစ်အနေဖြင့်ဘက်ပေးကိုခေါ်ယူရန်အပြောင်းအရွှေ့ဈေးကွက်မပိတ်မီလုပ်ဆောင်သွားရပါမယ်။

ZawGyi

ကိုယ္ေရးကိုယ္တာအေၾကာင္းျပခ်က္ျဖင့္ ရီးရဲလ္မက္ဒရစ္တြင္ ေက်ာနံပါတ္ ၅ ဝတ္ဆင္လိုေနတဲ့ ဘက္ေပး

ကိုင္လီယန္ဘက္ေပးဟာရီးရဲလ္မက္ဒရစ္အသင္းမွာေက်ာနံပါတ္၅ကိုဝတ္ဆင္လိုေနေၾကာင္းသိရပါတယ္။ျပင္သစ္စူပါစတားကစားသမားဟာဘာေနဗ်ဴးတြင္ျပင္သစ္ဂႏၢထဝင္ကစာသမားဇီဒန္းဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၅ကိုဆက္ခံလိုေနတာလည္းျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာအဂၤါေန႔တုန္းကဘက္ေပးကိုေျပာင္းေ႐ႊ႕ေၾကးေပါင္၁၃၇သန္းျဖင့္ကမ္းလွမ္းမႈျပဳလုပ္ခဲ့ၿပီးခ်က္ခ်င္းပင္ပယ္ျခင္းခံခဲ့ရပါတယ္။

ယင္းေနာက္ရီးရဲလ္မက္ဒရစ္ဟာယေန႔အေစာပိုင္းတုန္းကဘက္ေပးအားေခၚယူရန္ဒုတိယအႀကိမ္ေျမာက္တရားဝင္ကမ္းလွမ္းမႈအျဖစ္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၄၅သန္းျဖင့္ကမ္းလွမ္းမႈျပဳလုပ္ခဲ့ပါတယ္။

AS သတင္းစာရဲ႕ေဖာ္ျပခ်က္အရကိုင္လီယန္ဘက္ေပးမွာရီးရဲလ္မက္ဒရစ္အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္လာပါကအျခားထိပ္တန္းတိုက္စစ္သမားမ်ားကဲ့သို႔တိုက္စစ္နံပါတ္မေတာင္းဆိုဘဲအံ့ဩစရာေကာင္းတဲ့ေက်ာနံပါတ္ကိုဝတ္ဆင္ခြင့္ရန္ေတာင္းဆိုထားေၾကာင္းသိရပါတယ္။

ျပင္သစ္စူပါစတားဟာသူ႔ရဲစံျပကစားသမားျဖစ္တဲ့ဇီဒန္းဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၅ကိုပင္ဝတ္ဆင္ရန္ေတာင္းဆိုထားေၾကာင္းသိရပါတယ္။

ရီးရဲလ္မက္ဒရစ္တြင္ေက်ာနံပါတ္၅ကိုျပင္သစ္ေနာက္ခံလူရာေဖးလ္ဗာရိန္းဝတ္ဆင္ခဲ့တာျဖစ္ၿပီးယခုအခါမန္ယူသို႔ေျပာင္းေ႐ႊ႕သြားခဲ့မႈနဲ႔အတူလစ္လပ္လ်က္ရွိပါတယ္။

ဘက္ေပးဟာပီအက္စ္ဂ်ီႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့သူျဖစ္ပါတယ္။ဘက္ေပးဟာယခုေႏြရာသီတြင္အသင္းမေျပာင္းျဖစ္ပါကလာမယ့္ႏွစ္ေႏြတြင္ပီအက္စ္ဂ်ီမွအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာမွာမဟုတ္ေၾကာင္းကလပ္ကိုေျပာၾကားထားသူလည္းျဖစ္ပါတယ္။

ယင္းအေနအထားေၾကာင့္ရီးရဲလ္မက္ဒရစ္အေနျဖင့္ဘက္ေပးကိုေခၚယူရန္အေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္မီလုပ္ေဆာင္သြားရပါမယ္။