ကိုယ်ရေးအချက်အလက်အမှားဖြင့် ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါရဲ့ Rookie Of The Season ဆုရှင်

ဂျာမနီမှာထူးဆန်းအံ့ဩဖွယ်ရာသတင်းတစ်ပုဒ်ထွက်ပေါ်လာပါတယ်။စတုတ်ဂတ်တိုက်စစ်မှူးဆီလက်စ်ဝါမန်ဂီတူကာကကိုယ်ရေးအချက်အလက်အမှားဖြင့်ကစားခဲ့ကြောင်းဝန်ခံလာခဲ့တာဖြစ်ပါတယ်။

ဆီလက်စ်ဝါမန်ဒီဂီတူကာဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဘွန်ဒက်စ်လီဂါမှာ၁၁ ဂိုးသွင်းယူကာခြေစွမ်းပြကစားနိုင်မှုကြောင့် Rookie Of The Season ဆုကိုပရိသတ်များမဲဖြင့် ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်ယနေ့မှာတော့စတုဂတ်က၎င်းတို့ရဲ့တိုက်စစ်မှူးရဲ့အမည်မှန်မှာဆီလက်စ်ကာတွမ်ပါအမ်ဗမ်ပါဖြစ်ပြီးသူ့ရဲ့အမှန်တကယ်အသက်မှာလည်း၂၂နှစ်ဖြစ်ကြောင်းထုတ်ပြန်လာပါတယ်။

ယခင်စာရွက်စာတမ်းများတွင်ကွန်ဂိုဖွားတိုက်စစ်မှူးရဲ့အသက်မှာ၂၁နှစ်ဖြစ်ပါတယ်။ယခုအခါစတုဂတ်ကတိုက်စစ်မှူးရဲ့မွေးနေ့အမှန်မှာ၁၉၉၈ခုနှစ်၊အောက်တိုဘာလ၆ရက်နေ့ဖြစ်ကြောင်းဆိုသွားပါတယ်။

ကွန်ဂိုဖွားတိုက်စစ်မှူးဟာယခင်အေးဂျင့်ဟောင်းရဲ့ဖိအားပေးလုပ်ဆောင်မှုကြောင့်အသက်နှင့်အမည်ရင်းတို့ကိုမှားယွင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။သူ့အေးဂျင့်ဟောင်းဟာသူ့ရဲ့ဘဏ်စာရင်း၊ပတ်စ်ပို့တို့ကိုထိန်းသိမ်းထားခဲ့ပါတယ်။

သူဟာဆယ်ကျော်သက်ရွယ်တုန်းက၂၀၁၇ခုနှစ်မှာဘယ်လ်ဂျီယံကလပ်အန်ဒါလက်ချ်မှာစမ်းသပ်မှုခံယူခဲ့ရပါတယ်။ကလပ်ကသူ့ကိုဗီဇာသက်တမ်းမပြည့်မီစာချုပ်ချုပ်ဆိုလိုခဲ့ပါတယ်။

သူဟာအေးဂျင့်နှင့်ပင်အတူနေထိုင်ခဲ့ရပြီးအေးဂျင့်ကသူ့လုပ်ခအများစုကိုခေါင်းပုံဖြတ်အသုံးပြုခဲ့ပါတယ်။ဒါ့အပြင်အေးဂျင့်ကသူ့ကိုဆန့်ကျင်မယ်ဆိုရင်တစ်သက်လုံးဘောလုံးမကစားနိုင်အောင်လုပ်မယ်လို့ခြိမ်းခြောက်ခဲ့ပါတယ်။

အခြားတစ်ဖက်မှာအေးဂျင့်ဟာဆီလက်စ်ရဲ့မိသားစုကိုလည်းဒုက္ခပေးမယ်လို့ခြိမ်းခြောက်ထားပါတယ်။

ဒါပေမယ့်ယခုအခါမှာတော့ဆီလက်စ်ဟာစတုဂတ်အသင်းရဲ့အားပေးထောက်ခံမှုရရှိမှုနဲ့အတူသူ့ဖြစ်ရပ်အမှန်အကန်ကိုဘောလုံးလောကတစ်ခုလုံးသိအောင်ဖွင့်ဟလာနိုင်ခဲ့ပြီဖြစ်ပါတယ်။

ယခုအခါသူဟာကွန်ဂိုပတ်စ်ပို့အမှန်ကိုကိုင်ဆောင်ထားနိုင်ပြီဖြစ်ပြီးကိုယ်ရေးအချက်အလက်အမှန်ပြုပြင်ထားနိုင်ပြီဖြစ်ပါတယ်။

ဒါ့အပြင်သူဟာသူ့ကိုမတရားခြိမ်းခြောက်ခေါင်းပုံဖြတ်ခဲ့တဲ့အမည်ဖော်ပြမထားတဲ့အေးဂျင့်ကိုလည်းတရားစွဲဆိုရန်စီစဉ်နေပြီဖြစ်ပါတယ်။

ZawGyi

ကိုယ္ေရးအခ်က္အလက္အမွားျဖင့္ ကစားခဲ့တဲ့ ဘြန္ဒက္စ္လီဂါရဲ႕ Rookie Of The Season ဆုရွင္

ဂ်ာမနီမွာထူးဆန္းအံ့ဩဖြယ္ရာသတင္းတစ္ပုဒ္ထြက္ေပၚလာပါတယ္။စတုတ္ဂတ္တိုက္စစ္မႉးဆီလက္စ္ဝါမန္ဂီတူကာကကိုယ္ေရးအခ်က္အလက္အမွားျဖင့္ကစားခဲ့ေၾကာင္းဝန္ခံလာခဲ့တာျဖစ္ပါတယ္။

ဆီလက္စ္ဝါမန္ဒီဂီတူကာဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဘြန္ဒက္စ္လီဂါမွာ၁၁ ဂိုးသြင္းယူကာေျခစြမ္းျပကစားႏိုင္မႈေၾကာင့္ Rookie Of The Season ဆုကိုပရိသတ္မ်ားမဲျဖင့္ ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္ယေန႔မွာေတာ့စတုဂတ္က၎တို႔ရဲ႕တိုက္စစ္မႉးရဲ႕အမည္မွန္မွာဆီလက္စ္ကာတြမ္ပါအမ္ဗမ္ပါျဖစ္ၿပီးသူ႔ရဲ႕အမွန္တကယ္အသက္မွာလည္း၂၂ႏွစ္ျဖစ္ေၾကာင္းထုတ္ျပန္လာပါတယ္။

ယခင္စာ႐ြက္စာတမ္းမ်ားတြင္ကြန္ဂိုဖြားတိုက္စစ္မႉးရဲ႕အသက္မွာ၂၁ႏွစ္ျဖစ္ပါတယ္။ယခုအခါစတုဂတ္ကတိုက္စစ္မႉးရဲ႕ေမြးေန႔အမွန္မွာ၁၉၉၈ခုႏွစ္၊ေအာက္တိုဘာလ၆ရက္ေန႔ျဖစ္ေၾကာင္းဆိုသြားပါတယ္။

ကြန္ဂိုဖြားတိုက္စစ္မႉးဟာယခင္ေအးဂ်င့္ေဟာင္းရဲ႕ဖိအားေပးလုပ္ေဆာင္မႈေၾကာင့္အသက္ႏွင့္အမည္ရင္းတို႔ကိုမွားယြင္းလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းဆိုသြားပါတယ္။သူ႔ေအးဂ်င့္ေဟာင္းဟာသူ႔ရဲ႕ဘဏ္စာရင္း၊ပတ္စ္ပို႔တို႔ကိုထိန္းသိမ္းထားခဲ့ပါတယ္။

သူဟာဆယ္ေက်ာ္သက္႐ြယ္တုန္းက၂၀၁၇ခုႏွစ္မွာဘယ္လ္ဂ်ီယံကလပ္အန္ဒါလက္ခ်္မွာစမ္းသပ္မႈခံယူခဲ့ရပါတယ္။ကလပ္ကသူ႔ကိုဗီဇာသက္တမ္းမျပည့္မီစာခ်ဳပ္ခ်ဳပ္ဆိုလိုခဲ့ပါတယ္။

သူဟာေအးဂ်င့္ႏွင့္ပင္အတူေနထိုင္ခဲ့ရၿပီးေအးဂ်င့္ကသူ႔လုပ္ခအမ်ားစုကိုေခါင္းပုံျဖတ္အသုံးျပဳခဲ့ပါတယ္။ဒါ့အျပင္ေအးဂ်င့္ကသူ႔ကိုဆန႔္က်င္မယ္ဆိုရင္တစ္သက္လုံးေဘာလုံးမကစားႏိုင္ေအာင္လုပ္မယ္လို႔ၿခိမ္းေျခာက္ခဲ့ပါတယ္။

အျခားတစ္ဖက္မွာေအးဂ်င့္ဟာဆီလက္စ္ရဲ႕မိသားစုကိုလည္းဒုကၡေပးမယ္လို႔ၿခိမ္းေျခာက္ထားပါတယ္။

ဒါေပမယ့္ယခုအခါမွာေတာ့ဆီလက္စ္ဟာစတုဂတ္အသင္းရဲ႕အားေပးေထာက္ခံမႈရရွိမႈနဲ႔အတူသူ႔ျဖစ္ရပ္အမွန္အကန္ကိုေဘာလုံးေလာကတစ္ခုလုံးသိေအာင္ဖြင့္ဟလာႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ယခုအခါသူဟာကြန္ဂိုပတ္စ္ပို႔အမွန္ကိုကိုင္ေဆာင္ထားႏိုင္ၿပီျဖစ္ၿပီးကိုယ္ေရးအခ်က္အလက္အမွန္ျပဳျပင္ထားႏိုင္ၿပီျဖစ္ပါတယ္။

ဒါ့အျပင္သူဟာသူ႔ကိုမတရားၿခိမ္းေျခာက္ေခါင္းပုံျဖတ္ခဲ့တဲ့အမည္ေဖာ္ျပမထားတဲ့ေအးဂ်င့္ကိုလည္းတရားစြဲဆိုရန္စီစဥ္ေနၿပီျဖစ္ပါတယ္။