ကိုရင်သီယန်သို့ပြောင်းတော့မယ့် ဝီလီယံကြောင့် ပေါင်သန်း ၂၀ သက်သာလာမယ့် အာဆင်နယ်

ဝီလီယမ်ဟာကိုရင်သီယန်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။

အသက်၃၃နှစ်ရှိဘရာဇီးကစားသမားဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကချဲလ်ဆီးမှအာဆင်နယ်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်အာဆင်နယ်သို့ရောက်လာခဲ့သူဖြစ်ပါတယ်။

အာဆင်နယ်တွင်တစ်ပတ်လုပ်ခပေါင်၂၂၀၀၀၀ရရှိနေတဲ့ဝီလီယံဟာအာဆင်နယ်သို့ရောက်ကတည်းကခြေစွမ်းပြနိုင်ရန်ရုန်းကန်နေခဲ့ရပါတယ်။

 

ဝီလီယံဟာအာဆင်နယ်နှင့်၂နှစ်စာချုပ်ကျန်နေသေးရာယခုကဲ့သို့ကိုရင်သီယန်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းမှုကြောင့်အာဆင်နယ်အနေဖြင့်ပေါင်သန်း၂၀အထိ ကုန်ကျစရိတ်သက်သာလာတော့မှာဖြစ်ပါတယ်။

တစ်ဖက်တွင်ဝီလီယံဟာကိုရင်သီယန်အသင်းတွင်အာဆင်နယ်တွင်ရရှိနေတဲ့လုပ်ခရဲ့၇၀ရာခိုင်နှုန်းအထိလျှော့ယူရပါမယ်။ဝီလီယံဟာတနင်္လာနေ့မှာကိုရင်သီရန်အပြောင်းအရွှေ့အားအပြီးသတ်လုပ်ဆောင်မယ်လို့သိရပါတယ်။

ZawGyi





